Mar 24

San Andreas Fault အကြောင်း အင်တာနက်စာမျက်နှာ

Address : http://sanandreasfault.org

sanandreastfaultအမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား (California) ကနေ မက္ကဆီကိုနိုင်ငံ ဘဂျကယ်လီဖိုးနီးယား (Baja California) အထိ ကီလိုမီတာ ၁၃၀၀ လောက် (မိုင်ပေါင်း ၈၁၀ ခန့်) ရှည်လျားတဲ့ နာမည်ကျော် San Andreas Fault အကြောင်းကို လွှင့်တင်ပေးထားတဲ့ website တစ်ခုကို ရည်ညွှန်းချင်ပါတယ်။ Geologist များအတွက် လေ့လာမှုတွေမှာ ပါဝင်လေ့ရှိတဲ့ fault တစ်ခုလည်းဖြစ်ပါတယ်။ သူဟာ transform fault တစ်ခုပါ။ သူ့ရဲ့ရွှေ့လျားမှုကတော့ right-lateral strike-slip (horizontal motion) ဖြစ်ပြီး။ Pacific Plate နဲ့ North American Plate ကြားမှာ tectonic boundary အနေနဲ့ တည်ရှိနေပါတယ်။
ဒီဆိုဒ်ကို David Lynch ကလွှင့်တင်ထားတာဖြစ်ပြီး။ San Andreas Fault နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ ဓါတ်ပုံတွေနဲ့ အခြား သူနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပါရှိတဲ့ web resources တွေကို လည်း ချိတ်ဆက်ပေးထားပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှ နာမည်ကျော် Sagaing Fault အကြောင်းကိုလည်း ပြည်တွင်း၊ ပြည်ပ လေ့လာလိုသူများအတွက် San Andreas Fault ကဲ့သို့ လွှင့်တင်ပေးနိုင်ခဲ့မယ်ဆိုရင် လွန်စွာမှ အကျိုးရှိနိုင်မယ်လို့ မှန်းဆကြည့်မိရင်း ဒီ San Andreas Fault အကြောင်း website ကို လက်တို့ ညွှန်းဆိုလိုက်ပါတယ်။

Share/Save/Bookmark

Scridb filter
Jul 03

H1N1 Swin Flu Maps

၂၀၀၉ ခုနစ် ဧပြီလ ၂၉ ရက်နေ့ မက္ကဆီကို နိုင်ငံတွင် စတင် ဖြစ်ပွားခဲ့သော H1N1 တုပ်ကွေး ကူးစက်ဖြစ်ပွားမှုဟာ ယခုထက်ထိ လျှော့ကျသွားခြင်းမရှိသေးပါဘူး။ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ H1N1 တုပ်ကွေးဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ရောဂါ အဆင့်အမြင့်ဆုံးဖြစ်သည့် အဆင့် (၆) သို့ တိုးမြှင့် သတ်မှတ်လိုက်ပြီး ဖြစ်ပါတယ်။ ယခု ၁၊ ဇူလိုင်၊ ၂၀၀၉ အထိ WHO ၏ ထုတ်ပြန်သော သတင်းအရ နိုင်ငံပေါင်း (၁၁၇)နိုင်ငံတွင် လူပေါင်း (၇)သောင်းကျော် ကူးစက်ခံနေရပြီး၊ သေဆုံးသူပေါင်း (၃၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

who_logo

မြန်မာနိုင်ငံမှာလည်း ဇွန် (၂၆) ရက်နေ့က စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အသက် (၁၃) နှစ်သာရှိသေးသော ကလေးငယ်တစ်ဦးတွင် H1N1 တုပ်ကွေး ကူးစက်ခံထားရကြောင်း တရားဝင်သတင်းများအရ သိရှိရပါသည်။
ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သော H1N1 ၏ ပျံ့နှံ့မှုများကို အများပြည်သူများ ကြည့်ရှုနိုင်ရန် တည်နေရာပြ မြေပုံများဖြင့် လွှင့်တင်ထားသည် အင်တာနက် စာမျက်နှာများကို geolfriends အဖွဲ့သားများ သိရှိနိုင်ရန် ဖေါ်ပြလိုက်ပါသည်။

flutracker

healthmap

နောက်ဆက်တွဲ
ယခု ၀မ်းမြောက်ဖွယ်သတင်းတစ်ခုအနေဖြင့် H1N1 ကို ကာကွယ်နိုင်မည့်ဆေးတစ်မျိုးကို အမေရိကန် ဆေးကုမ္ပဏီတစ်ခုက ရှာဖွေတွေ့ရှိပြီလို့ သိရပါတယ်။
Protein Sciences Corporation ကနေ H1N1 ကို ကာကွယ်ပေးနိုင်မယ့် Flublok ကို စမ်းသပ် တွေ့ရှိခဲ့တာပါ။ ဒီဆေးဟာ မျိုးပွားနိုင်တဲ့ ကြက်ဥတွေကို ကုန်ကြမ်းအဖြစ်သုံးပြီး ဖော်ထုတ်ထားတာပါ။ ယခုအချိန်အထိ တိရိစ္ဆာန်များမှာ စမ်းသပ်မှုဟာအောင်မြင်သွားပြီဖြစ်ပြီး လူများကို စတင် စမ်းသပ်နေတယ်လို့ သိရပါတယ်။
မည်သို့ပင်ဖြစ်စေ geolfriends အဖွဲ့သားများအနေဖြင့် ပေါ့ပေါ့ဆဆမနေကြဘဲ ကြိုတင်ကာကွယ်မှုများဖြင့်သတိထားကြရန်နှင့် နှာခေါင်းစည်းများကိုလည်း စနစ်တကျ အသုံးပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Share/Save/Bookmark

Scridb filter
May 21

ကမ္ဘာ့ stress map ပရောဂျက်

wsm-project

Address : http://dc-app3-14.gfz-potsdam.de

Helmholtz Centre Potsdam – GFZ German Research Centre for Geosciences ရဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ World Stree Map Project လို့ခေါ်ပါတယ်။ ဒီ ပရောဂျက်ဟာ ကမ္ဘာမြေစနစ် စီမံခန့်ခွဲမှု အတွက် အခြေခံကျတဲ့ database တစ်ခုဖြစ်ပါတယ်။ ယခု ၂၀၀၈ ခုနှစ်အထိ စုစည်းမှုမှာ ကမ္ဘာတလွှားက လတ်တလော tectonic stress အချက်အလက်များနဲ့အတူ သေချာတဲ့ အချက်အလက်ပေါင်း ၂၁၇၅၀ ကို စုစည်းထားပါတယ်။ ဒီပရောဂျက်ဟာ stress ပုံသဏ္ဍာန်နဲ့ အဓိကဖြစ်ပေါ်ရာတွေကို နားလည်နိုင်ဖို့အတွက် ပညာရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီပရောဂျက်ဟာ International Lithosphere Programm (ILP) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၅-၂၀၀၈ မှာတော့ Heidelberg Academy of Science and Humanities ရဲ့ ပရောဂျက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ helmholtz-logo_enယခု ၂၀၀၉ ခုနှစ်မှာတော့ လိုအပ်ချက်များကိုပြင်ဆင်ပြီး ပိုမိုတိုးတက်သော ပရောဂျက်တစ်ခု အဖြစ် Helmholtz Centre Potsdam – GFZ German Research Centre for Geosciences မှာ ရှိနေပါတယ်။ သည့်အပြင် WSM ဟာ International Association of Seismology and Physics of the Earth’s Interior (IASPEI) ရဲ့လုပ်ငန်းဆောင်ရွက်ချက်များမှာ ပါဝင်နေသလို၊ International Council for Science (ICSU) ကနေဖြစ်ပေါ်လာတဲ့ Federation of Astronomical and Geophysical Data Analysis Services (FAGS) ရဲ့ ကူညီပံ့ပိုးမှာ ရှိနေပါတယ်။
ငွေကြေးမျှော်ကိုးမှု မရှိတဲ့ ဒီပရောဂျက်ဟာ ကမ္ဘာတလွှားက လုပ်ငန်းရှင်များနဲ့ သုတေသန ပညာရှင်များရဲ့ အကူအညီကိုလည်း ကြိုဆိုနေပါတယ်။
World Stress Map (WSM) ကို သုတေသန နဲ့ လက်တွေ့လုပ်ငန်း တွေရဲ့ Earth Science နဲ့ သက်ဆိုင်သော geodynamics, hydrocarbon exploitations and engineering ကဲ့သို့သော လုပ်ငန်းများမှာ ကျယ်ပြန်စွာအသုံးပြုနိုင်ပါတယ်။ အဓိက အသုံးပြုနေတဲ့ နယ်ပယ်တွေကတော့
- Basin modeling
- Geomechanical modeling
- Reservoir characterization and management
- Stability of mines, tunnels and boreholes
- Fault-slip tendency
- Seismic hazard assessment တွေပဲဖြစ်ပါတယ်။
ဒီစာမျက်နှာက အချက်အလက်များကို သင့်အနေနဲ့ အခမဲ့ ရယူနိုင်ပါတယ်။

Share/Save/Bookmark

Scridb filter
May 19

Kidsgeo အင်တာနက်စာမျက်နှာ

kidsgeo

Address : http://www.kidsgeo.com

ဒီတစ်ခါ geolfriends အဖွဲ့သားများကို ညွှန်းဆိုချင်တဲ့ အင်တာနက်စာမျက်နှာကတော့ kidsgeo.com ဖြစ်ပါတယ်။ Kids Know It Network ကနေတင်ဆက်ထားတဲ့ ကလေးများအတွက် အခမဲ့ သင်ကြားရေးစာမျက်နှာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
Kidgeo.com ဟာ A Study of The Earth And Her People ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကလေးများအတွက် ရည်ရွယ်ပြီး ကမ္ဘာမြေအကြောင်းလေ့လာနိုင်အောင် တင်ပြထားတဲ့ အင်တာနက် စာမျက်နှာပါ။
ဒီစာမျက်နှာမှာ Geology for Kids နဲ့ Geography for Kids ဆိုပြီး နှစ်ပိုင်းခွဲတင်ပြထားပါတယ်။ တစ်ပိုင်းစီမှာ online လေ့လာမှုအပိုင်းနဲ့ games ပိုင်းကို ထပ်မံတင်ဆက်ထားပါတယ်။
Geology online မှာဆိုရင် Chapter (၅)ခု ပါဝင်ပြီး Chapter One-Examing The soil, Chapter Two- Earth, Rocks, and Landforms, Chapter Three- The Earth Inside Out, Chapter Four- An Introduction To Erosion နဲ့ Chapter Five- Erosion By Water Process တို့ဖြစ်ပါတယ်။
Geology game ပိုင်းမှာတော့ Rock Types Game ကိုတင်ဆက်ထားပြီး၊ ဒီ game မှာ rock type တစ်ခုကို ပုံနှင့်တကွ၊ သူရဲ့ အချို့သော physical properties တွေကို ဖေါ်ပြပေးထားပြီး rock types ရဲ့ အမည်ကို မှန်ကန်အောင် ရွေးထုတ် ခွဲခြားပေးရမယ့် ကစားနည်းဖြစ်ပါတယ်။
Geography online မှာဆိုရင် Chapter (၉)ခု ထိပါဝင်ပြီး Chapter One- Hello Earth, Chapter Two- Describing Our Planet, Chapter Three- Our Atmosphere, Chapter Four- Atmospheric Temperatures, Chapter Six- Atmospheric Moisture, Chapter Seven- Atmospheric Disturbances, Chapter Eight- The Hydrosphere, Chapter Nine- The Biosphere တို့ပါဝင်ပါတယ်။
Geography game ပိုင်းမှာတော့ Geography Map Match game, Geography Capital Catch game နဲ့ Latitude & Longitude Map Game တွေပါဝင်ပါတယ်။ Geography Map Match games တွေကတော့ ပြည်နယ်တွေနဲ့ တိုင်းပြည်တွေရဲ့ တည်နေရာနဲ့ ပုံသဏ္ဍာန်ကို လေ့လာနိုင်မယ့် ကစားနည်းပါ။ Geography Capital Catch game တွေကတော့ USA ပြည်နယ်မြို့တော်များနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ မြို့တော်တွေကို လေ့လာရင်း ရှာဖွေပေးရမယ့် ကစားနည်းပါ။ Latitude & Longitude Map Game ကတော့ Latitude and Longitude အကြောင်းကို ပျော်ရွင်စွာ ကစားရင်း လေ့လာသင်ယူနိုင်မယ့် ကစားနည်းဘဲဖြစ်ပါတယ်။

Share/Save/Bookmark

Scridb filter
Mar 25

မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန၏ ဘလောက်စာမျက်နှာ

“The good geologist is he who had seen the most rocks.” ဆိုတဲ့ စာသားလေးကို ဆောင်ပုဒ်ခေါင်းစဉ်တစ်ခု အနေနဲ့ လွှင့်တင်ထားတဲ့ Geology Department (Magway) ရဲ့ အင်တာနက်စာမျက်နာကို geolfriends မှ အထူးဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်။
ဘူမိဗေဒဆိုင်ရာ အင်တာနက်စာမျက်နှာတွေဖြစ်တဲ့ myanmargeosciences.orggeolfriends94.blogspot.comgeologist-myanmar.comgeolfriends.com တို့တွေရှိနေကြတဲ့ အထဲမှာ ထပ်မံပေါ်ထွက်လာတဲ့ ဘူမိဗေဒဆိုင်ရာ ဘလောက်စာမျက်နှာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ ဘူမိဗေဒဌာနတစ်ခုအနေဖြင့် ပထမဦးဆုံး ပေါ်ထွက်လာတဲ့ ဘလောက် စာမျက်တစ်ခု ဆိုရင်လည်း မမှားပါဘူး။
ဒီဘလောက်လေးကို စတင်မွေးဖွားသည့် အချိန်ကိုလည်း တိတိကျကျမှတ်တမ်း တင်ထားတာ ကလည်း ထူးခြားလှပါတယ်။ “ကျွန်တော်တို့ မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန ဘလော့လေးကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀ နာရီ၊ ၂၀ မိနစ်တွင် စတင် မွေးဖွားလိုက်ပါသည်။” ဟု ဆိုထားပါတယ်။
သည့်အပြင် လက်ရှိတာဝန် ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ။ တာဝန်ထမ်းဆောင်ခဲ့သော ဌာနမှူး ဆရာကြီးများကို မှတ်တမ်းတင်ထားသလို၊ ကျောက်ဖြစ်ရုပ်ကြွင်းနမူနာများ နှင့် ကျောက်တုံးနမူနာများ၏ မှတ်တမ်း၊ ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာဖေါ်ပြထားပါတယ်။ ဒီဘလောက်ကလေးဟာ မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန၏ နမူနာကျောက်ဖြစ်ရုပ်ကြွင်များ၊ ကျောက်တုံးများကို မည်ကဲ့သို့ စနစ်တကျနှင့် ထိန်းသိမ်းစောင့်ရှောက်ထားပုံကို လက်တွေ့ မြင်သာအောင် ဖော်ကြူးပြနိုင်တာကို တွေ့ရှိရပါတယ်။
ဒါကြောင့်မို့လို့ ၁၉၆၄ခုနှစ်၊ မကွေးကောလိပ် လက်ထက်ကတည်းက ဖွဲ့စည်းခဲ့တဲ့ မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန၏ နွေးထွေးစွာ ဖိတ်ခေါ်မှုကို ကမ်းလင့်ကြိုဆိုရင်း၊ ဟောဒီ http://magwaygeology.blogspot.com ဘလောက် စာမျက်နှာကလေးကိုလည်း သွားရောက် လည်ပတ်နိုင်ပါကြောင်း ညွှန်းဆို လိုက်ရပါသည်။

Share/Save/Bookmark

Scridb filter
Page 1 of 3123»