Jul 19

Geotechnical ဘာသာရပ်ဖွံ့ဖြိုးရေးကြိုးပန်းနေကြပြီ

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တွင် မျက်မှောက်ကာလ၏ လိုအပ်ချက်တစ်ရပ်ဖြစ်သော ဘူမိအင်ဂျင်နီယာ ခေါ် Geotechnical Engineering နှင့် Engineering Geology ဘာသာရပ်များဖွံ့ဖြိုးရေးအတွက် ကြိုးပန်း ဆောင်ရွက်နေကြပြီဖြစ်သည်။
ယခုနှစ် မေလကုန်ပိုင်းတွင် စင်္ကာပူမှ ဆရာကြီး ဒေါက်တာဝင်းနိုင် လာရောက်၍ Rock Mass Quality “numbers” in Geological Engineering and Applications ခေါင်းစဉ်ဖြင့် လာရောက်ဟောပြော ပို့ချခဲ့သည်။ ဘူမိဗေဒပညာရှင်များအပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ခေါင်းဆောင်များပါ လာရောက် နားထောင်မှတ်သားခဲ့ကြသည်။
ဇွန်လ တတိယပတ်တွင် ကိုဇော်စိုးဦး (GZ Consultant, Singapore) ကလည်း Tunneling ဆိုင်ရာ အတွေ့အကြုံများကို လာရောက်ဟောပြောခဲ့သည်။ ပြည်တွင်းရှိ Geotechnical ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ စိတ်ဝင်စားသူများဖြင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းကြီး၏ Geotechnical Committee တစ်ရပ်ဖွဲ့စည်း၍ စတင်လှုပ်ရှားဆောင်ရွက်နေကြပြီဖြစ်သည်။ ယင်းကော်မတီသည် Southeast Asian Geotechnical Society (SEAGS) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Geologists များနှင့် လူငယ် အင်ဂျင်နီယာများအား geotechnical course များ ပို့ချရန် စီစဉ်လျက်ရှိကြောင်းသိရပေသည်။

ဘူမိအင်ဂျင်နီယာ တို့အတွက် အထူးစိတ်ဝင်စားဖွယ်ဖြစ်သော ဆရာ ဒေါက်တာဝင်းနိုင်၏ ပို့ချချက်များ ကို Geolfriends မှ ဂုဏ်ယူဖြန့်ဝေအပ်ပါသည်။

1. Rock mass quality numbers MGS 30.05.2009

2. Rock Mass Quality explanation

Share/Save/Bookmark

Scridb filter
Jul 03

H1N1 Swin Flu Maps

၂၀၀၉ ခုနစ် ဧပြီလ ၂၉ ရက်နေ့ မက္ကဆီကို နိုင်ငံတွင် စတင် ဖြစ်ပွားခဲ့သော H1N1 တုပ်ကွေး ကူးစက်ဖြစ်ပွားမှုဟာ ယခုထက်ထိ လျှော့ကျသွားခြင်းမရှိသေးပါဘူး။ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ H1N1 တုပ်ကွေးဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ရောဂါ အဆင့်အမြင့်ဆုံးဖြစ်သည့် အဆင့် (၆) သို့ တိုးမြှင့် သတ်မှတ်လိုက်ပြီး ဖြစ်ပါတယ်။ ယခု ၁၊ ဇူလိုင်၊ ၂၀၀၉ အထိ WHO ၏ ထုတ်ပြန်သော သတင်းအရ နိုင်ငံပေါင်း (၁၁၇)နိုင်ငံတွင် လူပေါင်း (၇)သောင်းကျော် ကူးစက်ခံနေရပြီး၊ သေဆုံးသူပေါင်း (၃၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

who_logo

မြန်မာနိုင်ငံမှာလည်း ဇွန် (၂၆) ရက်နေ့က စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အသက် (၁၃) နှစ်သာရှိသေးသော ကလေးငယ်တစ်ဦးတွင် H1N1 တုပ်ကွေး ကူးစက်ခံထားရကြောင်း တရားဝင်သတင်းများအရ သိရှိရပါသည်။
ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သော H1N1 ၏ ပျံ့နှံ့မှုများကို အများပြည်သူများ ကြည့်ရှုနိုင်ရန် တည်နေရာပြ မြေပုံများဖြင့် လွှင့်တင်ထားသည် အင်တာနက် စာမျက်နှာများကို geolfriends အဖွဲ့သားများ သိရှိနိုင်ရန် ဖေါ်ပြလိုက်ပါသည်။

flutracker

healthmap

နောက်ဆက်တွဲ
ယခု ၀မ်းမြောက်ဖွယ်သတင်းတစ်ခုအနေဖြင့် H1N1 ကို ကာကွယ်နိုင်မည့်ဆေးတစ်မျိုးကို အမေရိကန် ဆေးကုမ္ပဏီတစ်ခုက ရှာဖွေတွေ့ရှိပြီလို့ သိရပါတယ်။
Protein Sciences Corporation ကနေ H1N1 ကို ကာကွယ်ပေးနိုင်မယ့် Flublok ကို စမ်းသပ် တွေ့ရှိခဲ့တာပါ။ ဒီဆေးဟာ မျိုးပွားနိုင်တဲ့ ကြက်ဥတွေကို ကုန်ကြမ်းအဖြစ်သုံးပြီး ဖော်ထုတ်ထားတာပါ။ ယခုအချိန်အထိ တိရိစ္ဆာန်များမှာ စမ်းသပ်မှုဟာအောင်မြင်သွားပြီဖြစ်ပြီး လူများကို စတင် စမ်းသပ်နေတယ်လို့ သိရပါတယ်။
မည်သို့ပင်ဖြစ်စေ geolfriends အဖွဲ့သားများအနေဖြင့် ပေါ့ပေါ့ဆဆမနေကြဘဲ ကြိုတင်ကာကွယ်မှုများဖြင့်သတိထားကြရန်နှင့် နှာခေါင်းစည်းများကိုလည်း စနစ်တကျ အသုံးပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Share/Save/Bookmark

Scridb filter
Jul 02

အပြည့်စုံဆုံး ကမ္ဘာမြေ မြေပုံတစ်ခုပေါ်ထွက်လာခဲ့ပြီ

ကျော်နိုင်ဝင်း (GIS Analyst (MIMU))

Source: BBC News

၃၀၊ ဇွန်၊ ၂၀၀၉။

ကမ္ဘာမျက်နှာပြင် အနိမ့်အမြင့် ပြ အပြည့်စုံဆုံး မြေပုံတစ်ခု ပေါ်ထွက်လာခဲ့ပါ ပြီ….

A Nasa/Aster image of Death Valley

A Nasa/Aster image of Death Valley

အမေရိကန်အာကာသ အေဂျင်စီ နာဆာ နှင့် ဂျပန် ကုန်သွယ်ရေးဝန်ကြီးဌာန တို့၏ ပူးပေါင်းဆောင်ရွက်မှုမှ ပုံရိပ်ပေါင်း ၁.၃သန်းပါဝင်သော ဒေတာ များရရှိခဲ့သည်။
ပုံရိပ်(images) များကို Terra ဂြိုလ်တုပေါ်ရှိ ASTER အရုံခံကရိယာ မှရိုက်ကူးခဲ့ခြင်းဖြစ်သည်။
ရရှိလာသော ဒစ်ဂျစ်တယ်မြေမျက်နှာသွင်ပြင်မြေပုံ (Digital Elevation Map) တွင် ကမ္ဘာ့ မျက်နှာပြင် ၏ 99% ပါဝင်ပြီး အခမဲ့ download လုပ်ခွင့်ပေးမည်ဖြစ်သည်။
ကမ္ဘာ့မြေကိုလေ့လာရန်လွှတ်တင်ထားသော Terra ဂြိုလ်တုသည်အယ်ဂျေးများပေါက်ပွှားခြင်းမှသည် မီးတောင်ပေါက်ကွဲခြင်း အထိ အကြောင်းရာမျိုးစုံကို လေ့လာရာတွင် ပါဝင်လျက် ရှိသည်။
Aster ကရိယာဖြင့် မြေပြင်ပေါ်တွင် ၃၀ မီတာခြား အမှတ်တိုင်းရှိ အမြင့် ကိုတိုင်းတာရေးဆွဲထားခြင်းဖြစ်သည်။
ယခင် က အာကာသလွန်းပျံယာဉ်မှတိုင်းတာ ရေးဆွဲထားသော SRTM မြေပုံသည် လည်း အပြည့်စုံဆုံး မြေပုံတစ်ခု ဖြစ် ကာ ကမ္ဘာ့ မျက်နှာပြင် ၏ ၈၀% ပါဝင်သည်။သို့သော် ၄င်းမြေပုံသည် မတ်စောက်သော တောင်ကုန်းဒေသများနှင့် အချို့သော သဲကန္တာရများတွင် တိကျမှုအားနည်းချက်များရှိသည်။

(ဘာသာပြန်သူမှတ်ချက်။ ။ အခမဲ့ရနိုင်သော SRTM data ၏ resolution မှာ ၉၀ မီတာဖြစ်သည်။)
ယခုအခါ နာဆာ NASA သည် ကမ္ဘာ့ လုံး ဆိုင်ရာ မျက်နှာသွင်ပြင်ပြမြေပုံ ကို ပိုမိုကောင်းမွန်ပြည့်စုံစေရန် ယင်း SRTM မြေပုံနှင့် Aster မြေပုံတို့ကို ပေါင်းစပ် လုပ်ကိုင်လျက် ရှိသည်။

Share/Save/Bookmark

Scridb filter
May 21

ကမ္ဘာ့ stress map ပရောဂျက်

wsm-project

Address : http://dc-app3-14.gfz-potsdam.de

Helmholtz Centre Potsdam – GFZ German Research Centre for Geosciences ရဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ World Stree Map Project လို့ခေါ်ပါတယ်။ ဒီ ပရောဂျက်ဟာ ကမ္ဘာမြေစနစ် စီမံခန့်ခွဲမှု အတွက် အခြေခံကျတဲ့ database တစ်ခုဖြစ်ပါတယ်။ ယခု ၂၀၀၈ ခုနှစ်အထိ စုစည်းမှုမှာ ကမ္ဘာတလွှားက လတ်တလော tectonic stress အချက်အလက်များနဲ့အတူ သေချာတဲ့ အချက်အလက်ပေါင်း ၂၁၇၅၀ ကို စုစည်းထားပါတယ်။ ဒီပရောဂျက်ဟာ stress ပုံသဏ္ဍာန်နဲ့ အဓိကဖြစ်ပေါ်ရာတွေကို နားလည်နိုင်ဖို့အတွက် ပညာရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီပရောဂျက်ဟာ International Lithosphere Programm (ILP) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၅-၂၀၀၈ မှာတော့ Heidelberg Academy of Science and Humanities ရဲ့ ပရောဂျက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ helmholtz-logo_enယခု ၂၀၀၉ ခုနှစ်မှာတော့ လိုအပ်ချက်များကိုပြင်ဆင်ပြီး ပိုမိုတိုးတက်သော ပရောဂျက်တစ်ခု အဖြစ် Helmholtz Centre Potsdam – GFZ German Research Centre for Geosciences မှာ ရှိနေပါတယ်။ သည့်အပြင် WSM ဟာ International Association of Seismology and Physics of the Earth’s Interior (IASPEI) ရဲ့လုပ်ငန်းဆောင်ရွက်ချက်များမှာ ပါဝင်နေသလို၊ International Council for Science (ICSU) ကနေဖြစ်ပေါ်လာတဲ့ Federation of Astronomical and Geophysical Data Analysis Services (FAGS) ရဲ့ ကူညီပံ့ပိုးမှာ ရှိနေပါတယ်။
ငွေကြေးမျှော်ကိုးမှု မရှိတဲ့ ဒီပရောဂျက်ဟာ ကမ္ဘာတလွှားက လုပ်ငန်းရှင်များနဲ့ သုတေသန ပညာရှင်များရဲ့ အကူအညီကိုလည်း ကြိုဆိုနေပါတယ်။
World Stress Map (WSM) ကို သုတေသန နဲ့ လက်တွေ့လုပ်ငန်း တွေရဲ့ Earth Science နဲ့ သက်ဆိုင်သော geodynamics, hydrocarbon exploitations and engineering ကဲ့သို့သော လုပ်ငန်းများမှာ ကျယ်ပြန်စွာအသုံးပြုနိုင်ပါတယ်။ အဓိက အသုံးပြုနေတဲ့ နယ်ပယ်တွေကတော့
- Basin modeling
- Geomechanical modeling
- Reservoir characterization and management
- Stability of mines, tunnels and boreholes
- Fault-slip tendency
- Seismic hazard assessment တွေပဲဖြစ်ပါတယ်။
ဒီစာမျက်နှာက အချက်အလက်များကို သင့်အနေနဲ့ အခမဲ့ ရယူနိုင်ပါတယ်။

Share/Save/Bookmark

Scridb filter
Apr 23

၁၈၃၉ အင်းဝငလျင်ကြီး

တင့်လွင်ဆွေ

မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ငလျင်ကြီးများ လှုပ်ကြိမ်များကြောင်းကို ပညာရှင်အသီးသီးက ထောက်ပြပြောဆိုနေကြသဖြင့် အတော်ပင် နားရည်ဝနေကြ လိမ့်မည်။ အတိတ်သမိုင်း၌လည်း ငလျင်ကြီးများလှုပ်ခဲ့ကြောင်း မှတ်တမ်းများရှိရာ ထိုအထဲမှ အရေးကြီးသော ငလျင်ကြီးတစ်ခုအကြောင်း ကို ပြောလိုပါသည်။
ခရစ်သက္ကရာဇ် ၁၈၃၉ ခု မတ်လ ၂၃ ရက်နေ့၊ စနေနေ့ နံနက် ၄ နာရီခန့်လောက်တွင် အင်းဝနှင့် စစ်ကိုင်း အနီးဝန်းကျင်ကို အခြေပြု၍ ဖျက်ဆီးအားအလွန်ပြင်းသည့် ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့သည်။ ထိုစဉ်က မြို့တော်မှာ အမရပူရဖြစ်ပြီး မြို့တော်ဟောင်းမှာ အင်းဝဖြစ်သောကြောင့် အင်းဝငလျင်ဟု မှတ်တမ်းတင်ထားသည်။ မြို့တစ်ခွင်လုံးက အိမ်များ အားလုံးနီးပါး ပျက်စီးသွားခဲ့သည်။ အုတ်နှင့်ဆောက်ထားသော ကျောင်းများပြိုကျသဖြင့် ဘုန်းတော်ကြီးအများစု သေဆုံးကြသည်။ ၃၀၀ ခန့်မျှပင် ရှိကြောင်းမှတ်တမ်းထားခဲ့သည်။ အမှန်တကယ် အရေအတွက်ကိုမူ မသိရပေ။ အင်းဝမြို့ရိုး နေရာအတော်များများ ပျက်သွားခဲ့သည်။ အမရပူရမြို့ရိုးမှာ အသစ်ဖြစ်၍ အင်းဝမြို့ရိုးထက်ပို၍ ခိုင်ပုံရသည်။

The Mingun Pagoda shattered in 1839 Earthquake

မှတ်တမ်းတစ်ခုမှာ (ထိုအချိန်ကရောက်ရှိနေသည့် Mr. Spear ဆိုသူ၏မှတ်တမ်း ဖြစ်သည်။) နံနက်ခင်းကို အပျက်အစီးပုံများနှင့် တန်ဆာဆင်ထားသကဲ့သို့ဖြစ်သည်။ လှုပ်ရှားမှုသည် တောင်မြောက်ဖြစ်ပုံရပြီး မြစ်ရေလည်းတိုးလာခဲ့သည်။ လှိုင်းပုတ်သံ မကြားရပါ။ သို့သော် အမရပူရနှင့် အင်းဝဖက်ခြမ်း မြစ်ကမ်းနေရာ အတော်များများ ပဲ့ကျကုန်သည်။ ၅ ပေ မှ ၂၀ ပေလောက်အထိကျယ်သော အက်ကြောင်းကြီးများ ဖြစ်ကုန်ပြီး ရေနှင့်သဲများပန်းထွက်ကြသည်။ စစ်ကိုင်းမှာလည်း အင်းဝကဲ့သို့ပင် တောင်ထိပ် မြစ်ကမ်းဘေး စေတီများ ပြိုပျက်ကုန်သည်။ မင်းကွန်းပုထိုးတော်ကြီးမှာ တည်ဆောက်ဆဲမှာပင် ငလျင်ကြီးကြောင့် ပျက်စီးသဖြင့် ထိုအပျက်အတိုင်းပင် ယနေ့တိုင် မြင်နေရသည်။

The Mingun Pagoda shattered in 1839 Earthquake

ထိုစဉ်က ငလျင်လှုပ်သည့်အရှိန်ကို ရန်ကုန်နှင့် မော်လမြိုင်မြို့များက တိတိကျကျ ခံစားသိကြရ သည်။ ပြည်မြို့တွင် အတော်ပြင်းပြင်းခံရသည်။ အပြိုအပျက်အထိအခိုက် မရှိပေ။ ဗန်းမော်တွင် အပျက်အစီးရှိသည်ဟုဆိုသော်လည်း အတိအကျမသိရပေ။ ယခု မိုးကောင်းမြို့ အနောက်ဖက်ရှိ အင်းတော်ကြီးကန်အနီးတွင် ထိုစဉ်က မြို့ငယ်လေး တစ်ခုသည် လုံးဝနီးပါး ပြိုပျက်သွားကြောင်း မှတ်တမ်းတင်ထားသည်။ အာသံ။ အိန္ဒိယ၊ ထိုင်းနိုင်ငံများက ခံစားသိရှိရကြောင်း Oldham (1883) ၏မှတ်တမ်းအရသိရသည်။ မျက်မှောက်ဘူမိနေထားအရ စစ်ကိုင်းမှ အင်းတော်ကြီးအထိ စစ်ကိုင်းပြတ်ရွေ့ သည် ၂၆၀ ကီလိုမီတာခန့်ရှိရာ အလွန်ပြင်းထန်သည့် ငလျင်ဖြစ်ကြောင်း ခန့်မှန်း၍ ရပေသည်။

Share/Save/Bookmark

Scridb filter
Page 1 of 212»