Sep 04

ဘူမိဗေဒ ဟောပြောပွဲများ ဆက်တိုက်

ယနေ့ (၄၊ စက်တင်ဘာ၊ ၂၀၁၀) တွင် ဘူမိသိပ္ပံအသင်း တည်ရှိရာ သမိုင်းကျောင်းဝန်းတွင်းရှိ MES Building ၏ Function Hall တွင် ဦးစိုးမြင့် (ညွှန်ချုပ်/ငြိမ်း၊ စွမ်းအင်စီမံကိန်း) စင်္ကာပူရောက် ဒေါက်တာဝင်းနိုင် တို့၏ ပညာရပ်ဆိုင်ရာ ဟောပြောပွဲများကို Energy 2035 and Beyond နှင့် Seismotectonics of Myanmar and Geotechnical Foundation in Yangon ခေါင်းစဉ်များဖြင့် ကျင်းပကြောင်းသိရှိရပါသည်။ အသင်း၏ ပညာပေး ဟောပြောပွဲများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိရာ လာမည့် စက်တင်ဘာ ၁၁ ရက်တွင်လည်း ယင်းနေရာ၌ပင် Society of Economic Geologists မှ Douglas Kirwin နှင့် Ivanhoe Myanmar မှ Andrew Mitchell တို့က သြစတေးလျနှင့် တောင်အာဖရိက ရွှေတွင်းများ၊ မြန်မာ မုံရွာကြေးနီနှင့် ရမည်းသင်း မိုးထိ ရွှေသိုက်များအကြောင်း ဟောပြောကြမည်ဟု သိရသဖြင့် လေ့လာသူ မြန်မာ geologists အပေါင်း ၀မ်းမြောက်ဖွယ်သတင်းအဖြစ် မျှဝေလိုက်ရပေသည်။

Share/Save/Bookmark

Scridb filter
Aug 25

သတင်းစာထဲက သူငယ်ချင်းပျောက် ကြော်ငြာ

၂၄ ရက်၊ သြဂုတ်လ၊ ၂၀၁၀။ မြန်မာ့အလင်း။

၂၄ ရက်၊ သြဂုတ်လ၊ ၂၀၁၀ ထုတ် မြန်မာ့အလင်း နေ့စဉ်သတင်းစာမှာ ဖေါ်ပြထားတဲ့ ကြော်ငြာဖြစ်ပါတယ်။ အဝေးရောက်ပြီး အဆက်အသွယ် ပြတ်တောက်နေတဲ့ သူငယ်ချင်းများ အတွက် တွေ့ဆုံလိုတဲ့ သူငယ်ချင်းများက တခုတ်တရနဲ့ သတင်းစာမှာ ကြော်ငြာထည့်လိုက်တာ ဖြစ်ပါတယ်။ မြန်မာပြည်အတွင်းနဲ့ အခြားအဝေးတစ်နေရာကို ရောက်ရှိနေတဲ့ သူငယ်ချင်းများ အတွက် တဆင့်စကား တဆင့်နားနဲ့ ပြန်လည်ဆက်သွယ် တွေ့ဆုံနိုင်ကြပါစေရန် ရည်ရွယ်ပြီး geolfriends မှ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

Share/Save/Bookmark

Scridb filter
Aug 17

Myanmar Geologists Society Singapore (MGSS) ၏ webpage

မြန်မာနိုင်ငံ၏ ဘူမိဗေဒကျောင်းဆင်းများ အများဆုံး ရောက်ရှိနေသည့် စင်ကာပူနိုင်ငံတွင် Myanmar Geologists Society Singapore (MGSS) ကို စတင်ဖွဲ့စည်းပြီးသည့် နောက်ပိုင်း အရှိန်အဟုန် ကောင်းကောင်းဖြင့် လှုပ်ရှားလျက်ရှိရာ ယခု ထပ်မံ၍ MGSS ၏ webpage ကို လွှင့်တင်လိုက်ခြင်းဖြင့် စင်ကာပူနိုင်ငံတွင် ရောက်ရှိနေသော ဘူမိဗေဒကျောင်းဆင်းများ အနေဖြင့် အသင်းကြီး၏ ဆောင်ရွက်မှုများကို လျင်မြန်စွာ သိရှိနိုင်ပြီး အသင်းနှင့် ပိုမိုနီးစပ်မှုများ ရရှိ စေနိုင်မည် ဖြစ်ပေသည်။
အဆိုပါ webpage တွင် အသင်း၏ စာတမ်းဖတ်ပွဲများနှင့် အခြားသတင်းအချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန် လွှင့်တင်ပေးထားပြီး အသင်းဝင်လိုသူများအတွက် အသင်းဝင်နိုင်ရန် စီစဉ်ပေးထားသည်ကို တွေ့ရှိရသည်။ လိုအပ်သည့် အချက်အလက်များကို စုံစမ်းနိုင်ရန်နှင့် အသင်းအား ဆက်သွယ်လိုပါက enquiry@mgss.org.sg သို့ဆက်သွယ်နိုင်ပြီး အသင်းရုံးခန်းတည်ရှိရာ Peninsula Plaza, #03-27, 111 North Bridge Road 179098 ၏ လမ်းညွှန်မြေပုံကိုလည်း ထည့်သွင်းပေးထားပါသည်။
Myanmar Geologists Society Singapore (MGSS) အသင်း၏ လှုပ်ရှားဆောင်ရွက်မှုများသည် စင်ကာပူရောက် ဘူမိဗေဒကျောင်းဆင်းများအတွက် အထောက်အကူပြု များစွာရစေနိုင်ပြီး အသင်းဆက်လက် ရှင်သန်အောင်မြင်မှုများကို ရည်သန်ရင်း MGSS ၏ webpage ဖြစ်သည့် http://www.mgss.org.sg အား geolfriends အဖွဲ့သားများမှ ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုလိုက်ရပါသည်။

Share/Save/Bookmark

Scridb filter
Jul 28

ဘူမိသိပ္ပံအသင်း၏ နှစ်လည် စာတမ်းဖတ်ပွဲ

Myanmar Geosciences Society ၏ 13th Biannual Paper Reading Session ကို ဇူလိုင်လ ၂၄ ရက် (စနေနေ့) တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအဆောက်အအုံ Fuction Hall ၌ ကျင်းပကြောင်းသိရှိရသည်။ ဖတ်ရှု ဆွေးနွေးကြသော စာတမ်း (၇) စောင် မှာ-

  1. Contribution to the Geology and Micropaleontology of the Yaw Formation and its related units (Chit Saing, Than Htut, Than Than Sint , Theingi Kyaw, Su Su Win, Saw Mu Tha Lay Paw and Hinn Hinn Maung)
  2. Evaluation of Dynamic Properties of Soil in Paunglaung Multipurposes Dam Project Area (Tun Naing)
  3. Economic Aspects of Industrial Mineral (Feldspar) in the Hlaingdet – Payangazu Area, Thazi Township, Mandalay Division (Ohn Thwin  and Myo Thiri Sandar Aung)
  4. 4Lead-Zinc Mineralization in a Devonian Unit of the Loi Hsiang Area, northern Shan State (Swe Zin Thant)
  5. Sapphire deposits from the Yenya-U Area, Thabeikkyin Township, Mandalay Division (Khin Mar Phyu)
  6. Environmental impacts of jadeite mining in Hpakant- Lonkin area (Soe Min)
  7. Distribution of Fauna, Age, Correlation and Biography of the Sinbaungwe – Kanhla Area, Central Myanmar (Win Min Oo)

ယခု စာတမ်းဖတ်ပွဲသည် တစ်နှစ် (၂) ကြိမ်ပုံမှန်ကျင်းပသော ပွဲဖြစ်ပြီး အသင်းသက်တမ်း (၆) နှစ် တွင် ၁၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ နောက်ဆုံးအကြိမ် စာတမ်းဖတ်ပွဲကို ယမန်နှစ် နိုဝင်ဘာက မန္တလေးတွင် ကျင်းပခဲ့သည်။ ယခု အခန်း အနားသို့ တက္ကသိုလ်အသီးသီးမှ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ ဘူမိဗေဒပညာရှင် များ စုစုပေါင်း လူ ၁၂၀ ဦးခန့် တက်ရောက်ကြပြီး အသင်းက နေ့လည်စာဖြင့် ဧည့်ခံကြောင်း သိရသည်။

Share/Save/Bookmark

Scridb filter
Jul 23

ဆရာကြီးဦးဥာဏ်သင်း အောင်မြင်စွာခွဲစိတ်ပြီးစီး

ယမန်နေ့ (၂၂-ဇူလိုင် ၂၀၁၀) ည ၉ နာရီတွင် ဆရာကြီး ဦးဥာဏ်သင်း၏ စအိုကင်ဆာ အကြိတ်ကို ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံတွင် ခွဲစိတ်ကုသခဲ့ရာ အောင်မြင်စွာ ရှင်းလင်းဖြတ်တောက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ဆရာကြီး၏ ကျန်းမာရေးအတွက် ပြည်တွင်းမှ တပည့်များ လုပ်ဖော်ကိုင်ဖက်များအပြင် စင်္ကာပူ၊ အမေရိကန်၊ သြစတေးလျ နိုင်ငံများမှ ဘူမိဗေဒသမားများက ၀ိုင်းဝန်း ကူညီထောက်ပံ့ကြရာ operation မတိုင်မီ အချိန်ပိုင်းထိ လက်ခံရရှိနေဆဲ ဖြစ်ကြောင်းသိရပါသဖြင့် သာဓု ခေါ်ဆိုနိုင်ကြရန် Geolfiends မှ ၀မ်းသာစွာ ပြန်ကြားအပ်ပါသည်။

Share/Save/Bookmark

Scridb filter
Page 1 of 2112345»...Last »