Sep 30

သိပ္ပံပညာသည် အသက်များကို မည်သို့ကယ်တင်နိုင်ပါသနည်း။

(We know plenty about earthquakes, but we don’t always apply the knowledge.

By Kerry Sieh)

လွန်ခဲ့သောဆယ်စုနှစ်အတွင်း ကျွန်တော်နှင့် အင်ဒိုနီးရှန်းလုပ်ဖော်ကိုင်ဖက်များသည် ဆူမားတြား၏ ငလျင်ကြီးများအား နားလည်ရန်ကြိုးစားခဲ့ကြပါသည်။ ယခင်နှစ်မှစ၍ ကျွန်တော်တို့သည် ဒေသ၏ ငလျင်ဖြစ်လာစေနိုင်သော ပြတ်ရွေ့ကြီး များ ၏ ခြိမ်းခြောက်မှုကို ယင်းဒေသရှိရပ်သူရွာသားများအား စတင် သင်ကြားပေးခဲ့ကြပါသည်။ ယင်းနေရာများသို့ ထပ်မံမသွားရောက်နိုင်သေးသဖြင့် ကျွန်တော်တို့၏ ကြိုးစားမှုများက အသက်ပေါင်းမည်မျှကို ကယ်တင်နိုင်ခဲ့ကြောင်း မသိနိုင်သေးပါ။

ငလျင်နှင့် ဆူနာမီတို့နှင့် ပတ်သက်၍ အာချီးပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်တ၀ိုက်ရှိလူထုအပေါ် ကျွန်တော်တို့ လေ့လာသိရှိခဲ့သမျှ အသုံးချကာ သတိပေးမှုများ မလုပ်နိုင်ခဲ့သည့်အတွက် ကျွန်တော် ၀မ်းနည်းမိသော်လည်း အံ့သြဖွယ် ကားမဟုတ်ခဲ့ပါ။ ကျွန်တော်တို့ ဘူမိဗေဒပညာရှင်များသည် အသုံးချသိပ္ပံ၏ အခန်းကဏ္ဍတစ်ရပ်အဖြစ် သဘာဝဘေး အန္တရာယ်များမှ သက်သာစေရန် ဖော်ဆောင်နိုင်ကြောင်း တဖြည်းဖြည်းချင်း နားလည်လာနေကြပါသည်။ ကုန်ခဲ့သော နှစ် ၃၀ ခန့်က ပြတ်ရွေ့ကြီးများကြောင့် ဖျက်ဆီးနှုန်းမြင့်သော ငလျင်ကြီးများဖြစ်ပေါ်စေခဲ့မှုကို တိတိပပ မသိခဲ့ကြပါ။ နှစ် ၂၀ ခန့်အတွင်းကပင် သမိုင်းတလျောက် တည်ငြိမ်နေခဲ့ပြီး ယခင်အပတ်က ရွေ့လျားခဲ့သကဲ့သို့သော Thrust Fault ကြီးများ သည် ငလျင်ကြီးများကို ဖြစ်ပေါ်စေနိုင်ကြောင်းမသိခဲ့ကြပါ။ ၁၅ နှစ် ကာလအထိ တိုင် ပင် ဆူနာမီသတိပေးစနစ်တစ်ရပ် ကို နည်းပညာနှင့် သိပ္ပံပညာက တည်ထောင်ပေးနိုင်မည်ဟု မထင်မှတ်ခဲ့ကြပါ။ သို့ဖြစ်၍ ငလျင်နှင့် ဆူနာမီဆိုင်ရာ လေ့လာမှု များသည် ဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်လာနေကြောင်းသိသာပါသည်။ အသိပညာအပေါ် လူသားအကျိုး အတွက် အသုံးချနိုင်မှု ရှုထောင့်မှာ အခြားကိစ္စဖြစ်ပါသည်။ သိပ္ပံပညာတွေ့ရှိချက်သစ်များသည် နှေးကွေးသည်ဖြစ်၍ ငလျင်အန္တရာယ်ကာကွယ်မှုသည် နှေးကွေးခဲ့သည်ဖြစ်သော်လည်း ကျွန်ုပ်တို့အစိုးရနှင့် ယဉ်ကျေးမှုကြီး များက လူငယ်များအား မိမိတို့ ပတ်ဝန်းကျင်အပေါ် နားလည်စေသည့် ဘာသာရပ်များ (natural sciences) တွင် လုပ်ဆောင်ခွင့် ပေးသည်နှင့်အမျှ အရှိန်အဟုန်ကို အလွယ်တကူ မြှင့်တင်နိုင်ပါသည်။

Read more »

Share/Save/Bookmark

Scridb filter
Sep 30

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် ဂျပန်နိုင်ငံမှ Rotary International District 2770 တို့ ပူပေါင်းဆောင်ရွက်မှု

မြန်မာဘူမိသိပ္ပံအသင်းနှင့် ဂျပန်နိုင်ငံမှ Rotary International District 2770 (Kawaguchi East RC) တို့သည် လေဘေးသင့်ဒေသများပြန်လည်ထူထောင်ရေး ရေရှည်လက်တွဲဆောင်ရွက်ရန် MoU လက်မှတ်ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။ ရေရှည်လုပ်ငန်းများတွင် မုန်တိုင်းကြောင့် မိဘမဲ့ခဲ့ရသည့် ကလေးငယ်များ၏ ပညာရေးအတွက် ရေရှည်ထောက်ပံ့ရန်၊ အားကိုးရာမဲ့သည့် သက်ကြီးရွယ်အိုများကို ရေရှည်ထောက်ပံ့ရန် အဓိက ပါဝင်သည် ဟုသိရသည်။ ထို့အပြင် ရေတွင်းရေကန်များ တူးဖေါ်ခြင်း၊ ပျက်စီးနေသည့် စာသင်ကျောင်းများ ပြုပြင်မွန်းမံခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စသည်တို့ကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ဘဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ဥက္ကဌ ဦးအေးလွင်ထံမှ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းနှင့် ဂျပန်နိုင်ငံ ဆိုင်တမ တက္ကသိုလ်မှ မြန်မာဘူမိဗေဒ ကျောင်းသားများ ဦးဆောင်ပါဝင် ပူပေါင်းမှုဖြင့် မုန်တိုင်းဒေသများမှ တက္ကသိုလ်ဆက်လက် တက်ရောက်ရန် ခက်ခဲနေသည့် ကျောင်းသား၊ ကျောင်းသူများအား ကူညီပံ့ပိုးမှုများ စတင်လျက် ရှိပြီဖြစ်ကြောင်း သိရှိရသည်။

Share/Save/Bookmark

Scridb filter
Sep 29

သတိပြုဖွယ် အာဆန်းနစ်အန္တရာယ်

(Source: PopularMyanmar.com)

စက်ရုံအလုပ်ရုံများမှ စွန့်ပစ် သည့် ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဗေဒပစ္စည်းများကြောင့် အာဆန်းနစ်ဓာတ်များ ရေတွင် ပျော်ဝင်ပြီး မြေအောက်ရေအဖြစ် အ၀ီစိ စက်ရေတွင်းများအတွင်း ရောက်ရှိကာ လူအများကို အသက်ဆုံးရှုံး သည်အထိ အန္တရာယ်ဖြစ်စေနိုင်သည်။ WHO မှ အ၀ီစိတွင်းရေတွင် ပါဝင်သည့်ဓာတ်များကို သောက်သုံး ရန် သင့်/အသင့် ကိန်းဂဏန်းများ သတ်မှတ်ထားရှိပြီး အာဆန်းနစ် ပါဝင်မှုကိုလည်း ၀.၀၁ မီလီဂရမ် ထက်ကျော်ပါက သောက်သုံးရန် မသင့်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် စက်ရေတွင်းတူးပါက နား လည်တတ်ကျွမ်းသည့် ပညာရှင်များ မှတစ်ဆင့် ဓာတ်ခွဲခန်းများတွင် စနစ်တကျစိစစ်မှသာ ကျန်းမာရေး အတွက် စိတ်ချရနိုင်သည်ဟု သိရှိရသည်။ မြရာပင် အင်ဂျင်နီယာရင်း နှင့် ထရိတ်ဒင်းကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးသောင်းစိန်က-
”စက်ရေတွင်းတူးဖော်ရာမှာ တူးသင့်တဲ့ဧရိယာရှိသလို မတူးသင့် တဲ့ဧရိယာတွေလည်းရှိတယ်။ မြန်မာပြည်မှာ ဧရာဝတီတိုင်းက အာဆန်းနစ်ပါဝင်မှု အများဆုံးလို့ဆိုနိုင်တယ်။ အဲဒီမှာက နုန်းမြေတင်မြေနုဆိုတော့ မြေသားတွေ တစ်ထပ်ပြီးတစ်ထပ် ပို့ချပြီး ကုန်းမြေဖြစ်လာတယ်။ အဲဒီ မြေကို ရေက တိုက်စားပြီး တခြား နေရာကို ပို့တယ်။ အဲဒီမြေတွေက တစ်ဆင့် လူတွေရဲ့သုံးစွဲမှုက မြစ်ကြောင်းနဲ့အတူ ပါလာတယ်။ မြေနဲ့ အတူ ရေတွေအနည်ထိုင်ပြီး အာဆန်းနစ်တွေ ပါဝင်လာတယ်။ ဒီ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ် မတိုင်မီကတည်းက ယူနီဆက်နဲ့ ရေ အရင်းအမြစ် အသုံးချရေး ဦးစီးဌာနနဲ့တွဲပြီး အာဆန်းနစ်ပါဝင်မှုကို အစမ်းတွင်းတွေနဲ့ စုံစမ်းနေတဲ့ စီမံ ကိန်းရှိတယ်။ အာဆန်းနစ်ပါဝင်မှုဟာ တွင်းအတိမ်၊ အနက်နဲ့မဆိုင်ဘူး။ ပေ ၁၀၀/၂၀၀ နဲ့လည်းပါနိုင်သလို အရမ်းအနက်တွေ တူးပြီးတော့ လည်း ပါနိုင်တယ်။ အဲဒီတူးတဲ့ချိန် က ပို့ချတဲ့ သဲထဲမှာ အာဆန်းနစ်ပါ ရင် အဲဒီကရတဲ့ ရေမှာလည်း ပါမှာပဲ” ဟု ပြောပြခဲ့သည်။ Read more »

Share/Save/Bookmark

Scridb filter
Sep 28

ကမ္ဘာ့ သက်တမ်း အရင့်ဆုံး ကျောက်တုံးအား တွေ့ရှိ

(Source: National Science Foundation, Press Release 08-165)

Bedrock in Canada is 4.28 billion years old

September 25, 2008

ကနေဒါမှာ တွေ့ရှိခဲ့တဲ့ ကျောက်တုံးဟာ နှစ်ပေါင်း (၄)ဘီလီယံရှိပြီး ကမ္ဘာပေါ်မှ တွေ့ရှိခဲ့တဲ့ ကျောက်တုံးများထဲမှာ သက်တမ်းအရင့်ဆုံးလို့ သိရှိရသည်။
ဝါရှင်တန် Carnegie Institution နဲ့ McGill တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဘူမိဓါတု နည်းစနစ်နဲ့ စမ်းသပ်ကြည့်ခဲ့ရာမှာ အဆိုပါကျောက်တုံး၏ သက်တမ်းမှာ နှစ် (၄.၂၈) ဘီလီယံရှိပြီး ယခင်တွေရှိခဲ့တဲ့ ကျောက်တုံးများထက် နှစ်သန်းပေါင်း (၂၅၀)ကျော် သက်တန်းပိုရင့်တယ်လို့ သိရှိရသည်။
၂၀၀၁ ခုနှစ်က ကျူးဘားနိုင်ငံမြောက်ပိုင်း၊ hudson ကမ်းခြေမှာတွေ့ရှိခဲ့တဲ့ Nuvvuagittuq greenstone belt ဟာ သက်တန်းအရင့်ဆုံးလို့ သတ်မှတ်ခဲ့ကြပါတယ်။ အဲဒီ Nuvvuagittuq ကျောက်တုံးနမူနာများကို McGill တက္ကသိုလ်မှ ဘူမိဗေဒပညာရှင် Jonathan O’Neil နဲ့ ၀ါရှင်တန် Carnegie Institution မှ Richard Carlson တို့က စမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်။ ရှားပါးတဲ့ earth elements တွေဖြစ်တဲ့ neodymium နဲ့ samarium တို့ပါဝင်တဲ့ အိုက်ဆိုတုပ်များ၏ ဖွဲ့စည်းမှုကို လေ့လာတိုင်းတာပြီး အဆိုပါ ကျောက်တုံးနမူနာများ၏ သက်တမ်းကို (၃.၈) မှ (၄.၂၈)ဘီလီယံလို့ O’Neil နဲ့ Carlson တို့က သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
သက်တမ်းအရင့်ဆုံးသတ်မှတ်ချက်ဟာ ‘faux amphibolite’ ဆိုတဲ့ ရှေးကျတဲ့ မီးတောင်အနည်ကျများကို လေ့လာခန့်မှန်းမှုကနေ စခဲ့တာပါ။ သြစတေးလျအနောက်ပိုင်းက zircon တွေဟာ အခုအချိန်အထိ သက်တမ်းရင့်အနေနဲ့ရှိနေပါတယ်။ သူတို့ဟာ နှစ်ပေါင်း (၄.၃၆) ဘီလီယံရှိတယ် လို့ Carlson က ဆိုပါတယ်။
အဲဒီ မတိုင်ခင်ကတော့ Northwest Territories က Acasta Gneiss တွေကို နှစ်ပေါင်း (၄.၀၃) ဘီလီယံဖြင့် သက်တမ်းအရင့်ဆုံး သတ်မှတ်ခဲ့ကြပါတယ်။
ဒီစူးစမ်းလေ့လာမှုကို ကနေဒါနိုင်ငံမှ National Science and Engineering Research Council နဲ့ ၀ါရှင်တန်မှ Carnegie Institution တို့က ပံပိုးကူညီခဲ့တာဖြစ်ပါတယ်။

Share/Save/Bookmark

Scridb filter
Sep 27

100 million years AD

(source: GeologyNews.net)

University of Leicester research on what legacy humans will leave in the rocks

Jan Zalasiewicz, a lecturer in geology at the University of Leicester, has published a new study looking at the lasting impression made by mankind -100 million years hence.

He takes the perspective of alien explorers arriving on earth – their geologists study the layers of rock, using the many clues to piece together its history over several billion years.

Read more »

Share/Save/Bookmark

Scridb filter
Page 1 of 712345»...Last »