Nov 30
ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ် ပိတ်ခံရပြီးနောက်တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ပျံသန်းနေသည့် Thai Airways, Bangkok Airways, MAI နှင့် Air Asia လေကြောင်းလိုင်းများနှင့် နိုင်ငံတကာသို့ ပျံသန်းနေရသော လေကြောင်းလိုင်းများကို ၂၆၊ နိုဝင်ဘာလ မှစတင်၍ ဖျက်သိမ်းခဲ့ရသောကြောင့် နိုင်ငံတကာ ခရီးသည် သိန်းနှင့်ချီ၍ ဘန်ကောက်တွင် သောင်တင်နေကြောင်းသိရသည်။
Geolfriends မှရရှိသော သတင်းအရ ရန်ကုန် – ဘန်ကောက် ခရီးစဉ်များမှာ နိုဝင်ဘာ (၃၀)ရက်နေ့အထိ မရှိသေးသောကြောင့် ဘန်ကောက်တွင် ပြုလုပ်သည့် Great 2008 နိုင်ငံတကာ ဘူမိဗေဒစာတမ်းဖတ်ပွဲတွင် စာတမ်းလာရောက် ဖတ်ကြားကြသည့် geologists (၃)ဦး နှင့် အခြား geologist (၁)ဦးတို့ ဘန်ကောက်မြို့တွင် နေထိုင် နေရကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကြောင့် သုဝဏ္ဏဘူမိနှင့် ဒွန်မောင်းလေဆိပ်တို့၏ လေယာဉ်ခရီးစဉ်ပေါင်း လေးရာကျော် ရပ်ဆိုင်းခဲ့ရပြီး၊ လေဆိပ်များ စတင်ပိတ်ရချိန်၌ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးသည်ပေါင်း သုံးထောင်ခန့်ပိတ်မိ နေခဲ့ရကြောင်း လည်းသိရသည်။
အချို့လေကြောင်းလိုင်းများသည် ထိုင်းနိုင်ငံ Utapao လေဆိပ်ကို အသုံးပြုပြီး ခရီးစဉ်များအား ပြေးဆွဲလျက်ရှိသော်လည်း လေကြောင်းလိုင်းများအား ဆက်သွယ်စုံစမ်းကြည့်ရာ မြန်မာပြည်ခရီးစဉ် အတွက် သေချာစွာ ပြောပြနိုင်ခြင်းမရှိ သေးပါ။
Scridb filter
Nov 22
(Source: BBC/CNN)

မော်လဒိုက်နိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းကျကျဖြင့် ရွေးကောက်ပွဲတွင် ပထမဆုံး သမ္မတသစ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရတဲ့ မိုဟာမက်နာရှိး (Mohamed Nasheed) ဟာ သူရဲ့ပြည်သူများအတွက် နိုင်ငံနေရာသစ်တစ်ခု ၀ယ်ယူလိုနေပါတယ်။
ယခု မော်လဒိုက်နိုင်ငံတည်ရှိနေတဲ့နေရာဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခဲ့မယ်ဆိုရင် နိုင်ငံတစ်ခုလုံး နစ်မြုတ်သွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။
မော်လဒိုက်ဟာ ကမ္ဘာပေါ်မှာ မြေမျက်နှာသွင်ပြင် အနိမ့်ဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။ အမြင့်ဆုံး မြေမျက်နှာပြင်ဟာ ၂ မီတာကျော်လေးသာရှိပါတယ်။
ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ နိုင်ငံစုံအဖွဲ့ကြီးက ယခုရာစုနှစ်အကုန်မှာ ပင်လယ်ရေမျက်နှာပြင်ဟာ ၆၀ စင်တီမီတာထိ တက်လာနိုင်တယ်လို့ လေ့လာတွေ့ရှိ၊ ခန့်မှန်းထားပါတယ်။
မော်လဒိုက်နိုင်ငံဟာ ကျွန်းပေါင်း ၁၀၀၀ ကျော်နဲ့ဖွဲ့စည်းပြီး သန္ဘာကျောက်တန်းတွေ ပေါကြွယ်ဝကာ သန့်ရှင်းကြည်လင်တဲ့ရေပြင်နဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းမှာရှိနေတာဖြစ်ပါတယ်။ ဖြူဖွေးလှပတဲ့ ကမ်းခြေသဲသောင်ပြင်တွေနဲ့ နိုင်ငံတကာ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ထားနိုင်ပြီး နှစ်စဉ် ဘီယံနဲ့ချီပြီး ၀င်ငွေရရှိနေတဲ့ နိုင်ငံပါ။
Read more »
Scridb filter
Nov 19
တစ်ချိန်က ကောလိပ်ဂျင်နေ၀င်းတို့အဆောင်ကျောင်းသားဘ၀က ရန်ကုန်တက္ကသိုလ် အားကစားမှူး ဖြစ်ခဲ့သူ ဆရာငြိမ်း သည် ယခုလ (၁၆-၁၁-၂၀၀၈) က လူကြီးရောဂါဖြင့်ကွယ်လွန်သွားကြောင်း သိရပါသည်။ ရန်ကုန်တက္ကသိုလ် စိန်ရတုကာလတွင် မန္တလေးဆောင်ကျောင်းသားဟောင်းကြီးများ ပြန်လည်စုစည်းကြပြီး ဘူမိဗေဒကျောင်းသားများကို သူတို့၏ မျိုးဆက်သစ်များအဖြစ် သတ်မှတ်ကာ စုပေါင်းညစာစားပွဲများ၊ အမှတ်တရပွဲများ ကျင်းပခဲ့သည်။ ထိုအချိန်မှစ၍ မန္တလေးဆောင်ကျောင်းသား ဟောင်းများအဖွဲ့၏ နာယက ဆရာငြိမ်းသည် ဘူမိဗေဒ၏ မွေးစားဖခင်တစ်ဦးဖြစ်လာခဲ့သည်။ ဆရာငြိမ်း ကွယ်လွန်သွားသည့်အတွက် ဘူမိဗေဒမှ ၀မ်းနည်းကြောင်းမှတ်တမ်းတင်အပ်ပါသည်။
Scridb filter
Nov 16
ငလျင်ဘေးအန္တရာယ်များကိုပြသော နိုင်ငံမြေပုံများသည် အမေရိကန်ပြည်ထောင်စု၏ အဆောက်အဦဆောက်လုပ်ခြင်းဆိုင်ရာ စည်းမျဉ်းများအတွက် မရှိမဖြစ် အချက်အလက်များကို ပံ့ပိုးပေးနေကြသည်။ ဘူမိသိပ္ပံပညာရှင်များက တွေ့ရှိသိရှိလာသည့် အချက်များ အပေါ်တည်၍ အစဉ်သဖြင့် ပြင်ဆင်ရေးဆွဲပေး လျက်ရှိကြသည်။ အဆောက်အဦများ၊ တံတားများ၊ လမ်းမကြီးများ နှင့် အခြား အသုံးကျဝန်းကျင်များ အား ငလျင်ဒဏ်မှသက်သာစေမည့် ခေတ်သစ် ဒီဇိုင်းများဖြင့် တည်ဆောက်ထားခြင်းဖြင့် အသက်ဘေး မှလွတ်ကင်းရုံသာမက အရေးကြီးပုံမှန်လုပ်ငန်းများကို မပြတ်မတောက် လုပ်ဆောင်နိုင်ကြပေသည်။

သမိုင်းတွင် အမေရိက၏ ငလျင် ဒဏ်ခံအဆောက်အအုံဆောက်လုပ်မှု၏ရည်မှန်းချက်မှာ ပြင်းထန်သော လှုပ်ရှုားမှုကို ခံနိုင်ရန်ဖြစ်ခဲ့သည်။ မြို့ကြီးများနှင့် ကျေးလက်ဒေသများသည် ငလျင်ဒဏ်ကို ခုခံနိုင်သည့် ဒီဇိုင်းစည်းမျဉ်းများအပေါ် မှီခိုဆောက်လုပ်ကြသည်။ တိုင်းပြည်တလွှား ကွာခြားသော ငလျင်အန္တရာယ်ကို မြေပုံများပေါ်တွင် အဆောက်အဦစည်းမျဉ်း လိုက်နာရမည့် အဆင့်တို့ကို ဇုံများဖြင့် ဖော်ပြထားကြသည်။ အဆိုပါ အဆောက်အဦစည်းမျဉ်း အဆင့်ပြမြေပုံများအား အမေရိကန် အစိုးရ သိပ္ပံပညာရှင်များရေးဆွဲပေးသည့် ပို၍ အသေးစိတ်ကျသော ငလျင်လှုပ်ရှားနိုင်မှုပြမြေပုံများအပေါ် အခြေခံရေးဆွဲကြပါသည်။
အမေရိကန်၏ ငလျင်လှုပ်မှုပြ မြေပုံကို ၁၉၄၈ တွင် စတင်ရေးဆွဲနိုင်ခဲ့သည်။ ပညာရှင်တို့က ငလျင်ဆိုင်ရာလေ့လာမှုများမှ တစ်ဆင့် ဘေးအန္တရာယ်အကြောင်း သိနားလည်နိုင်မှုတိုးတက်လာသည်နှင့်အမျှ ပြင်ဆင်ရေးဆွဲခဲ့ကြသည်။ အသေးစိတ်သုံးသပ် ပြင်ဆင်ခြင်းဖြင့် ကျွမ်းကျင်သူအဖွဲ့အစည်းများနှင့် အင်ဂျင်နီယာများကလည်း ငလျင်ဘေးအန္တရာယ်ကျရောက်နိုင်မှုပြ မြေပုံများ နှင့် အဆောက်အဦတည်ဆောက်မှု စည်းမျဉ်းပါ ငလျင်ဒဏ်ခံဒီဇိုင်းဆိုင်ရာ အချက်များ ကိုလည်း ခေတ်မှီအောင်ပြုပြင်ခဲ့ကြသည်။ မြို့ကြီးပေါင်း ၂၀၀၀၀ ကျော် ၊ တိုင်းပြည်များ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့အစည်းများက အဆိုပါ တည်ဆောက်မှုစည်းမျဉ်း (Building Code) များ၊ Uniform Building Code (UBC) တို့တွင် လူထုကျန်းမာရေးနှင့် ငလျင်ဒဏ်မှ လုံခြုံရေးတို့အတွက် မရှိမဖြစ်လိုအပ်သော တည်ဆောက်ရေးဆိုင်ရာ လိုအပ်ချက်များ ကို ကြီးကြပ်အသုံးပြုခဲ့ကြသည်။
Read more »
Scridb filter
Nov 16

Geolfriends အဖွဲ့သားများကို ယခုတစ်ခါ ရည်ညွှန်းလိုတာကတော့ တစ်မူထူးခြားတဲ့ မြေပုံတွေရှိတဲ့ www.worldmapper.org ဖြစ်ပါတယ်။ ကမ္ဘာ့မြေပုံအနေအထားကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အရွယ်အစားကို ပြောင်းလဲပြီး ရေးဆွဲဖေါ်ပြထားတဲ့ မြေပုံ ၀က်ဆိုဒ်တစ်ခုပါ။ ဥပမာ။ လူဦးရေထူထပ်မှုကို ပြဆိုတဲ့မြေပုံမျိုးမှာ တရုပ်နိုင်ငံ၊ အန္ဒိယနိုင်ငံတို့ဟာ အရွယ်အစားကြီးမားပြီး သြစတေးလျနိုင်ငံကတော့ သေးငယ်နေတာမျိုး ဖြစ်ပါတယ်။
သူမှာ ခေါင်းစဉ်မြောက်များစွာ ခွဲခြားထားပြီး၊ မြေပုံပေါင်း ၃၆၆ ပုံနဲ့ စတင်ခဲ့တဲ့ ဒီဝက်ဆိုဒ်ဟာ အခုဆိုရင် မြေပုံပေါင်း ၆၀၀ လောက်ရှိနေပြီ ဖြစ်ပါတယ်။ မြေပုံပေါင်း ၃၆၆ ပုံကို .pdf အနေနဲ့ ရပါတယ်။ သင်စိတ်ဝင်စားမယ်ထင်တဲ့ ခေါင်းစဉ်များကို အလွယ်တကူ ရွေးချယ်ကြည့်ရှုနိုင်အောင် စီစဉ်ထားတာကို တွေ့ရပါတယ်။
Scridb filter