Mar 31

ကမ္ဘာမြေနေ့ ၂၀၀၉

(source : boston.com)

800px-earth_flag_pd

၂၀၀၇ ခုနှစ် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှ စတင်ခဲ့သည့် ကမ္ဘာမြေနေ့အထိမ်းအမှတ်ပွဲ ဟာ ကမ္ဘာနဲ့တစ်ဝှမ်း လျှင်မြန်စွာ ပျံ့နှံ့ တွင်ကျယ် လာခဲ့ပါတယ်။ ယခုနှစ် ၂၀၀၉ ကမ္ဘာမြေနေ့ကိုတော့ နိုင်ငံပေါင်း ၈၀ ကျော်က မြို့ကြီးပေါင်း ၁၀၀၀ ကျော်မှာ မတ်လ ၂၈ ရက်နေ့ ညနေ ၈း၃၀ အချိန်မှစတင်ပြီး နေအိမ်၊ ရုံးခန်း နဲ့ ဓါတ်မီးတိုင်များကို တစ်နာရီကြာ မီးမှောင်ချထားခဲ့ကြ ကြောင်းသိရှိရသည်။
ကမ္ဘာတစ်ဝန်းတွင် ထိုကဲ့သို့ လျှပ်စစ်မီးများ ကိုပိတ်၍ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် ဖန်လုံဓါတ်ငွေ့ ထုတ်လွှတ်မှု များပြားနေခြင်းကို ကာကွယ်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ကမ္ဘာမြေနေ့ အထိမ်းအမှတ် ကျင်းပခဲ့သည့် ဓါတ်ပုံများကို ဤနေရာ တွင် ကြည့်နိုင်ပါသည်။

Share/Save/Bookmark

Scridb filter
Mar 30

ပင်လယ်ထဲက တွင်းထွက်ပစ္စည်းများ (အပိုင်း – ၁)

(ပညာပဒေသာစာစောင်၊ အတွဲ (၁၆)၊ အပိုင်း (၂)၊ မတ်၊ ၁၉၈၂ ထုတ်မှ ပြန်လည်ကူးယူ ဖေါ်ပြပါသည်။)

ဦးစိုးသူ

အစာအာဟာရနှင့် ကူးသန်းသွားလာရေးအတွက် ပင်လယ်သမုဒ္ဒရာကို လူတို့ မှီခိုလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့ရာတွင် ပင်လယ်သည် လောင်စာ (fuel) နှင့် တွင်းထွက် (mineral) ပစ္စည်းများအတွက်လည်း အလားအလာကောင်းသော ဇစ်မြစ်ဖြစ်ကြောင်း ရိပ်စားမိခြင်းမှာမူ မကြာလှသေးပေ။ သိပ္ပံနှင့် နည်းပညာပိုင်းတွင် လတ်တလော တိုးတက်လာခဲ့ခြင်းကြောင့် သမုဒ္ဒရာများ၏ ပိုမိုနက်ရှိုင်းသော အောက်ခြေပိုင်း စူးစမ်းရှာဖွေမှု (exploration) များကို ပို၍ စွမ်းဆောင်နိုင်ခဲ့ကြသည်။ အလျင်အမြန် တိုးပွားလာသော ကမ္ဘာ့လူဦးရေနှင့်အတူ အစာအဟာရနှင့် တွင်းထွက်ပစ္စည်းတို့ကို လိုအပ်ချက်များသည် ဤစွမ်းဆောင်နိုင်မှုနှင့် တွဲဖက်လိုက်သည့်အခါ သမုဒ္ဒရာများအပေါ် အာရုံစိုက်မှုသည် မကြုံဖူးအောင်ပင် ကြီးထွားလာခဲ့ရပေသည်။ ဤလိုအပ်ချက်ကို အသိအမှတ်ပြုခြင်ကြောင့် တကြောင်း၊ သယံဇာတအသစ်များကို ကမ္ဘာက လိုအပ်လျက်ရှိနေသည်ကို အလေးထားခြင်းကြောင့်တကြောင်း၊ အမေရိကပြည်ထောင်စုက ကမ္ဘာ့ကုလသမဂ္ဂသို့ ယခင်က မရှိခဲ့ဖူးသော စွန့်စားမှုတရပ်ကို ချမှတ် အကောင်အထည်ဖေါ်ရန် ၁၉၆၈ ၌ အဆိုပြုခဲ့သည်။ ထိုအဆိုကား ၁၉၇၀ ပြည့်နှစ်များအတွင်း အပြည်ပြည်ဆိုင်ရာ ဆယ်စုနှစ် အဏ္ဏ၀ါ စူးစမ်းရှာဖွေရေး (IDOE, International Decade of Ocean Exploration) အစီအစဉ် တရပ်ပင် ဖြစ်ပေသည်။

Read more »

Share/Save/Bookmark

Scridb filter
Mar 25

မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန၏ ဘလောက်စာမျက်နှာ

“The good geologist is he who had seen the most rocks.” ဆိုတဲ့ စာသားလေးကို ဆောင်ပုဒ်ခေါင်းစဉ်တစ်ခု အနေနဲ့ လွှင့်တင်ထားတဲ့ Geology Department (Magway) ရဲ့ အင်တာနက်စာမျက်နာကို geolfriends မှ အထူးဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါတယ်။
ဘူမိဗေဒဆိုင်ရာ အင်တာနက်စာမျက်နှာတွေဖြစ်တဲ့ myanmargeosciences.orggeolfriends94.blogspot.comgeologist-myanmar.comgeolfriends.com တို့တွေရှိနေကြတဲ့ အထဲမှာ ထပ်မံပေါ်ထွက်လာတဲ့ ဘူမိဗေဒဆိုင်ရာ ဘလောက်စာမျက်နှာဘဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၏ ဘူမိဗေဒဌာနတစ်ခုအနေဖြင့် ပထမဦးဆုံး ပေါ်ထွက်လာတဲ့ ဘလောက် စာမျက်တစ်ခု ဆိုရင်လည်း မမှားပါဘူး။
ဒီဘလောက်လေးကို စတင်မွေးဖွားသည့် အချိန်ကိုလည်း တိတိကျကျမှတ်တမ်း တင်ထားတာ ကလည်း ထူးခြားလှပါတယ်။ “ကျွန်တော်တို့ မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန ဘလော့လေးကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁၀ နာရီ၊ ၂၀ မိနစ်တွင် စတင် မွေးဖွားလိုက်ပါသည်။” ဟု ဆိုထားပါတယ်။
သည့်အပြင် လက်ရှိတာဝန် ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ။ တာဝန်ထမ်းဆောင်ခဲ့သော ဌာနမှူး ဆရာကြီးများကို မှတ်တမ်းတင်ထားသလို၊ ကျောက်ဖြစ်ရုပ်ကြွင်းနမူနာများ နှင့် ကျောက်တုံးနမူနာများ၏ မှတ်တမ်း၊ ဓါတ်ပုံများဖြင့် ဝေေ၀ဆာဆာဖေါ်ပြထားပါတယ်။ ဒီဘလောက်ကလေးဟာ မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန၏ နမူနာကျောက်ဖြစ်ရုပ်ကြွင်များ၊ ကျောက်တုံးများကို မည်ကဲ့သို့ စနစ်တကျနှင့် ထိန်းသိမ်းစောင့်ရှောက်ထားပုံကို လက်တွေ့ မြင်သာအောင် ဖော်ကြူးပြနိုင်တာကို တွေ့ရှိရပါတယ်။
ဒါကြောင့်မို့လို့ ၁၉၆၄ခုနှစ်၊ မကွေးကောလိပ် လက်ထက်ကတည်းက ဖွဲ့စည်းခဲ့တဲ့ မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန၏ နွေးထွေးစွာ ဖိတ်ခေါ်မှုကို ကမ်းလင့်ကြိုဆိုရင်း၊ ဟောဒီ http://magwaygeology.blogspot.com ဘလောက် စာမျက်နှာကလေးကိုလည်း သွားရောက် လည်ပတ်နိုင်ပါကြောင်း ညွှန်းဆို လိုက်ရပါသည်။

Share/Save/Bookmark

Scridb filter
Mar 23

စိန်သည် အမာဆုံးမဟုတ်တော့ပြီ

(Source : Newscientist, Feb 2009)

စိန်ဆိုတာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပါ။ ဒါပေမယ့် မကြာခင်မှာတော့ လုပ်ငန်းသုံး တွင်းတူးပစ္စည်းတွေမှာ အသုံးချမှု နည်းပါးလာပါလိမ့်မယ်။ ဒီကျောက်မျက်ရတနာဟာ လူတွေက ဖန်တီးထားတဲ့ နာနိုပစ္စည်းများကြောင့် ကမ္ဘာပေါ်မှာ အမာဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို တချိန်က ဆုံးရှုံးခဲ့ရပါတယ်။ အခုတော့ ရှားပါးလှတဲ့ သဘာဝသတ္ထုများကနေ သူ့ကို နောက်ကောက် ချတော့မှာပါ။ စိန်ထက် ၈၀ ရာခိုင်နှုန်း ပိုပြီးမာပါသတဲ့။
ရှမ်ဟိုင်းဂျိုဒေါင်းတက္ကသိုလ် နဲ့ကောလိပ်များ (Shanghai Jiao Tong University) မှာ Zicheng Pan)ကနေပြီး သတ္ထုနှစ်မျိုးရဲ့ အက်တမ်ဖွဲ့စည်းပုံကို စမ်းသပ်ခဲ့ရာမှာ သူတို့ဟာ အလွန်ကို မာကျောလှတဲ့ သတ္ထုတွေဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ပထမသတ္ထုကတော wurtzite boron nitrite ပါ။ စိန်နဲ့ ပုံသဏ္ဍာန်ချင်းတူပေမယ့် အက်တမ် ဖွဲ့စည်းပုံချင်း မတူပါဘူး။
နောက်တမျိုးကတော့ ဆဋ္ဌဂံစိန် သို့မဟုတ် lonsdalerite ဘဲဖြစ်ပါတယ်။ သူက ကာဗွန်အက်တမ်တွေနဲ့ ဖွဲ့စည်းထားပြီး စိန်နဲ့တူပါတယ်။ ဒါပေမယ့် ပုံသဏ္ဍာန်မတူတဲ့ တွဲဆက်မှုတွေနဲ့ပါ။
Read more »

Share/Save/Bookmark

Scridb filter
Mar 16

Structural Geology for Engineering Geologists (4)

အင်ဂျင်နီယာဘူမိပညာရှင်များအတွက် Structure Geology ဆိုင်ရာကောက်နှုတ်ချက်များ (၄)

ဦးစိုးသူရထွန်း (ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ လက်ထောက်ကထိကဟောင်း)

DYNAMICS OF FAULTING

Fault များဖြစ်ပေါ်ပုံ

ကျောက်တို့ deform ဖြစ်သည့်အခါ အမြင့်ဆုံး pure shear အား ဖြေထုတ်ပေးသည့်ပြင်ညီ အတိုင်း fault ဖြစ်ပေါ်ပါသည်။ တစ်နည်းအားဖြင့် fault ဖြစ်လာမည့် plane များသည် σ2 ပါဝင်ပြီး principal stress direction σ1 နှင့် 30° မှ 40° အတွင်း စောင်းနေပါသည်။
နားလည်လွယ်အောင်ရှင်းရလျှင် တိုက်ရိုက် ဖိသိပ်ခြင်းချုံ့ခြင်း ဖြစ်စဉ်ဖြစ်သည့် simple shear ဖြင့် stress တစ်ခုကို မဖြေရှင်းနိုင်သည့်အခါ ပြတ်ထွက်သည့် ပြင်ညီအစုံသည် fault ဖြစ်လာပါသည်။ Fault Plane ပေါ်တွင် σ2 ရှိနေသည်၊ ယင်း plane နှင့် ၃၀ မှ ၄၀ ဒီဂရီစောင်း၍ σ1 ရှိနေသည် ဟုဆိုခြင်းဖြစ်သည်။ သီအိုရီအရ fault တို့ကို duplex ခေါ် အစုံလိုက် အတွဲလိုက်ရှိကြောင်း ဆိုလိုရင်းဖြစ်သော်လည်း သဘာဝတွင် တစ်ခုချင်းတွေ့ရလေ့ရှိပါသည်။
ကမ္ဘာ့အပေါ်ယံလွှာရှိ principal axes of stress များသည် မြေမျက်နှာပြင်နှင့် ထောင့်မှန်၊ သို့မဟုတ် အပြိုင် ရှိနေကြသည်။ သို့ဖြစ်၍ principal stress axis တစ်ခုသည် အစဉ်သဖြင့် vertical ရှိပြီး အခြား နှစ် ခုသည် horizontal plane ပေါ်တွင်ရှိလေ့ရှိသည်။ အကြောင်းမှာ မြေမျက်နှာပြင်သည် shear မဖြစ်နိုင်သည့် လွတ်နေသောပြင်ညီ (free surface) ဖြစ်သောကြောင့် ဖြစ်သည်။
normal faults တို့သည် σ1 vertical ဖြစ်သောအခါတွင်လည်းကောင်း၊ thrust faults တို့သည် σ3 vertical ဖြစ်သောအခါ နှင့် strike-slip faults တို့သည် σ2 vertical ဖြစ်သောအခါတွင် ဖြစ်ပေါ်ကြသည်။

Read more »

Share/Save/Bookmark

Scridb filter
Page 1 of 212»