May 31

ဘူမိဗေဒဟူသည်…

ဇာလီဝင်း

ဘူမိဗေဒဆိုသည်မှာ အင်္ဂလိပ်လို ” geology “ ဖြစ်ပါသည်။
geo = the earth , logy = study
Geology is the study of the earth.

ဘူမိဗေဒဆိုသည်မှာ ကမ္ဘာမြေကြီးကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ ကမ္ဘာမြေကြီး၏ မည်သည့် အစိတ်အပိုင်း များကို လေ့လာကြသည်ကို ဖော်ပြရသော် အောက်ပါကဲ့သို့ ဖြစ်ပေသည် ။

(၁) The origin and age of the earth .
ကမ္ဘာမြေကြီး၏ မူလအစနှင့်သက်တမ်းကို လေ့လာရန် ၊
(၂) The internal structure and composition of the earth .
ကမ္ဘာ့အတွင်းပိုင်းအနေအထားနှင့် ဖွဲ့စည်းပုံကို လေ့လာရန် ၊
(၃) The chemical composition of the rock and their genese .
ကမ္ဘာမြေကြီးကို ဖွဲ့စည်းထားသော ကျောက်များ၏ ဓာတ်ဖွဲ့စည်းပုံနှင့်၎င်းတို့၏ဖြစ်ပေါ်လာပုံ ၊
(၄) The primary and secondary structure of the rock formed .
ဖြစ်ပေါ်လာသော ကျောက်များ၏ မူလဖြစ် အနေအထားနှင့် နောက်ဖြစ်အနေအထား ၊
(၅) The economic mineral deposits and their genese .
စီးပွားရေးတွင် အရေးပါသော တွင်းထွက်သိုက်များနှင့် ၎င်းတို့ဖြစ်ပေါ်လာပုံ ၊
(၆) The study of the ever changing morphology of the earth’s surface , and the natural forces and processes that cause an unstable phenomenon of the earth’s interior .
ကမ္ဘာ့မျက်နှာပြင်၏ ဘူမိရုပ်သွင်ထာဝရ ပြောင်းလဲမှုနှင့် သဘာဝတရား၏ ပြုလုပ်မှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့အတွင်းပိုင်း၏ မတည်မြဲသော ထူးခြားဆန်းကြယ်သည့် အသွင်များ၊
(ရ) The geologists history of the earth .
ကမ္ဘာကြီး၏ ဘူမိသမိုင်းကြောင်းကို လေ့လာရန်၊

Read more »

Share/Save/Bookmark

Scridb filter
May 21

ကမ္ဘာ့ stress map ပရောဂျက်

wsm-project

Address : http://dc-app3-14.gfz-potsdam.de

Helmholtz Centre Potsdam – GFZ German Research Centre for Geosciences ရဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ World Stree Map Project လို့ခေါ်ပါတယ်။ ဒီ ပရောဂျက်ဟာ ကမ္ဘာမြေစနစ် စီမံခန့်ခွဲမှု အတွက် အခြေခံကျတဲ့ database တစ်ခုဖြစ်ပါတယ်။ ယခု ၂၀၀၈ ခုနှစ်အထိ စုစည်းမှုမှာ ကမ္ဘာတလွှားက လတ်တလော tectonic stress အချက်အလက်များနဲ့အတူ သေချာတဲ့ အချက်အလက်ပေါင်း ၂၁၇၅၀ ကို စုစည်းထားပါတယ်။ ဒီပရောဂျက်ဟာ stress ပုံသဏ္ဍာန်နဲ့ အဓိကဖြစ်ပေါ်ရာတွေကို နားလည်နိုင်ဖို့အတွက် ပညာရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီပရောဂျက်ဟာ International Lithosphere Programm (ILP) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၅-၂၀၀၈ မှာတော့ Heidelberg Academy of Science and Humanities ရဲ့ ပရောဂျက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ helmholtz-logo_enယခု ၂၀၀၉ ခုနှစ်မှာတော့ လိုအပ်ချက်များကိုပြင်ဆင်ပြီး ပိုမိုတိုးတက်သော ပရောဂျက်တစ်ခု အဖြစ် Helmholtz Centre Potsdam – GFZ German Research Centre for Geosciences မှာ ရှိနေပါတယ်။ သည့်အပြင် WSM ဟာ International Association of Seismology and Physics of the Earth’s Interior (IASPEI) ရဲ့လုပ်ငန်းဆောင်ရွက်ချက်များမှာ ပါဝင်နေသလို၊ International Council for Science (ICSU) ကနေဖြစ်ပေါ်လာတဲ့ Federation of Astronomical and Geophysical Data Analysis Services (FAGS) ရဲ့ ကူညီပံ့ပိုးမှာ ရှိနေပါတယ်။
ငွေကြေးမျှော်ကိုးမှု မရှိတဲ့ ဒီပရောဂျက်ဟာ ကမ္ဘာတလွှားက လုပ်ငန်းရှင်များနဲ့ သုတေသန ပညာရှင်များရဲ့ အကူအညီကိုလည်း ကြိုဆိုနေပါတယ်။
World Stress Map (WSM) ကို သုတေသန နဲ့ လက်တွေ့လုပ်ငန်း တွေရဲ့ Earth Science နဲ့ သက်ဆိုင်သော geodynamics, hydrocarbon exploitations and engineering ကဲ့သို့သော လုပ်ငန်းများမှာ ကျယ်ပြန်စွာအသုံးပြုနိုင်ပါတယ်။ အဓိက အသုံးပြုနေတဲ့ နယ်ပယ်တွေကတော့
- Basin modeling
- Geomechanical modeling
- Reservoir characterization and management
- Stability of mines, tunnels and boreholes
- Fault-slip tendency
- Seismic hazard assessment တွေပဲဖြစ်ပါတယ်။
ဒီစာမျက်နှာက အချက်အလက်များကို သင့်အနေနဲ့ အခမဲ့ ရယူနိုင်ပါတယ်။

Share/Save/Bookmark

Scridb filter
May 19

Kidsgeo အင်တာနက်စာမျက်နှာ

kidsgeo

Address : http://www.kidsgeo.com

ဒီတစ်ခါ geolfriends အဖွဲ့သားများကို ညွှန်းဆိုချင်တဲ့ အင်တာနက်စာမျက်နှာကတော့ kidsgeo.com ဖြစ်ပါတယ်။ Kids Know It Network ကနေတင်ဆက်ထားတဲ့ ကလေးများအတွက် အခမဲ့ သင်ကြားရေးစာမျက်နှာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
Kidgeo.com ဟာ A Study of The Earth And Her People ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကလေးများအတွက် ရည်ရွယ်ပြီး ကမ္ဘာမြေအကြောင်းလေ့လာနိုင်အောင် တင်ပြထားတဲ့ အင်တာနက် စာမျက်နှာပါ။
ဒီစာမျက်နှာမှာ Geology for Kids နဲ့ Geography for Kids ဆိုပြီး နှစ်ပိုင်းခွဲတင်ပြထားပါတယ်။ တစ်ပိုင်းစီမှာ online လေ့လာမှုအပိုင်းနဲ့ games ပိုင်းကို ထပ်မံတင်ဆက်ထားပါတယ်။
Geology online မှာဆိုရင် Chapter (၅)ခု ပါဝင်ပြီး Chapter One-Examing The soil, Chapter Two- Earth, Rocks, and Landforms, Chapter Three- The Earth Inside Out, Chapter Four- An Introduction To Erosion နဲ့ Chapter Five- Erosion By Water Process တို့ဖြစ်ပါတယ်။
Geology game ပိုင်းမှာတော့ Rock Types Game ကိုတင်ဆက်ထားပြီး၊ ဒီ game မှာ rock type တစ်ခုကို ပုံနှင့်တကွ၊ သူရဲ့ အချို့သော physical properties တွေကို ဖေါ်ပြပေးထားပြီး rock types ရဲ့ အမည်ကို မှန်ကန်အောင် ရွေးထုတ် ခွဲခြားပေးရမယ့် ကစားနည်းဖြစ်ပါတယ်။
Geography online မှာဆိုရင် Chapter (၉)ခု ထိပါဝင်ပြီး Chapter One- Hello Earth, Chapter Two- Describing Our Planet, Chapter Three- Our Atmosphere, Chapter Four- Atmospheric Temperatures, Chapter Six- Atmospheric Moisture, Chapter Seven- Atmospheric Disturbances, Chapter Eight- The Hydrosphere, Chapter Nine- The Biosphere တို့ပါဝင်ပါတယ်။
Geography game ပိုင်းမှာတော့ Geography Map Match game, Geography Capital Catch game နဲ့ Latitude & Longitude Map Game တွေပါဝင်ပါတယ်။ Geography Map Match games တွေကတော့ ပြည်နယ်တွေနဲ့ တိုင်းပြည်တွေရဲ့ တည်နေရာနဲ့ ပုံသဏ္ဍာန်ကို လေ့လာနိုင်မယ့် ကစားနည်းပါ။ Geography Capital Catch game တွေကတော့ USA ပြည်နယ်မြို့တော်များနဲ့ ကမ္ဘာ့နိုင်ငံများရဲ့ မြို့တော်တွေကို လေ့လာရင်း ရှာဖွေပေးရမယ့် ကစားနည်းပါ။ Latitude & Longitude Map Game ကတော့ Latitude and Longitude အကြောင်းကို ပျော်ရွင်စွာ ကစားရင်း လေ့လာသင်ယူနိုင်မယ့် ကစားနည်းဘဲဖြစ်ပါတယ်။

Share/Save/Bookmark

Scridb filter
May 15

ငလျင်၊ ဆူနာမီနှင့် ရှေ့ခြေလှမ်းများ

တင့်လွင်ဆွေ (ရန်ကုန်နည်းပညာတက္ကသိုလ်။ ယခု- Econ Geotech, Singapore)

အတိတ်မှပစ္စုပ္ပန်
အိန္ဒိယသမုဒ္ဒရာအတွင်း၌ဆူနာမီဖြစ်ရပ်သည် မှတ်တမ်းများအရ သည်တစ်ကြိမ်တည်းတော့ မဟုတ်ပေ။ သို့သော် အထိအခိုက်အဆုံးအရှုံး အများဆုံးသည် ၂၀၀၄ခုဒီဇင်္ဘာလ ၂၆ ရက်နေ့ဖြစ်ရပ်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၌ ၁၈၈၃ခု သြဂုတ်လ ၂၇ ရက်တွင် ကာရာကာတိုမီးတောင် ပေါက်ကွဲဖူးသည်။ အဆင့်သုံးဆင့်ပေါက်ကွဲခဲ့ရာ တောင်တစ်ခုလုံးနီးပါး ပဲ့ထွက်လွင့်စင်၍ သမုဒ္ဒရာအတွင်းကျရောက်ခဲ့သဖြင့် ဆူနာမီလှိုင်းများ ဖြစ်ဖူးသည်။ ဂျာဗားနှင့် ဆူမတြားတွင် ၁၅ မှ ၄၀ မီတာအထိမြင့်သောရေလှိုင်းကြီးများကြောင့် အနည်းဆုံးလူဦးရေ ၃၆၀၀၀ ခန့် သေဆုံးခဲ့ရသည်။ အင်ဒိုနီးရှားနိုင်ငံအနောက်ဖက်ရှိ ကီလိုမီတာ ၃၀၀၀ ခန့်ဝေးသော သီရိလင်္ကာနိုင်ငံ၏မှတ် တမ်းများတွင် ငလျင်လှုပ်ပြီး ၅နာရီမှ ၇နာရီအတွင်း ကမ်းခြေသို့ ဆူနာမီလှိုင်းရောက်ရှိခဲ့သဖြင့် ပျက်စီးဆုံးရှုံးမှု များရှိခဲ့ကြောင်း ဖေါ်ပြခဲ့သည်။ ထိုစဉ်က အိန္ဒိယနိုင်ငံမဒရပ် (ယခု ချန်နိုင်း)မြို့ ကမ်းခြေသို့ ပင်လယ်ရေလှိုင်း ၁.၅ မီတာ အမြင့်ထိရောက်ရှိခဲ့ကြောင်း မှတ်တမ်းများရှိသည်။
သီရိလင်္ကာနိုင်ငံ၏အခြားမှတ်တမ်းတစ်ခုတွင် “၁၉၄၁ခုနှစ် ဘင်္ဂလားပင်လယ်အော်ဆူနာမီ”အကြောင်းဖေါ်ပြ ထားသည်။ ၁၉၄၁ခုနှစ် ဇွန်လ ၂၆၊ မြန်မာစံတော်ချိန် ညနေ (၅)နာရီခန့်တွင် ရန်ကုန်မြို့၏ အနောက်တောင်ဖက် ၆၂၀ ကီလိုမီတာအကွာရှိ အန်ဒမန်ကျွန်းတန်းများအနီး၌ တည်ချက်စွမ်းအင်ပမာဏ(၇.၇)ရှိသော ငလျင်ကြောင့် ပို့ဘလဲ(Port Blair) အပါအ၀င် အန်ဒမန်ကျွန်းတန်း၏တောင်ပိုင်းနှင့်အလယ်ပိုင်းများ၌ အများအပြား ပျက်စီး ခဲ့ရသည်။ ၎င်းင်း ငလျင်၏နောက်ဆက်တွဲဖြစ်သော ဆူနာမီသည် အိန္ဒိယ၏အရှေ့ကမ်းရိုးတမ်းကိုထိခိုက်ခဲ့ရာ လူ (၅၀၀၀)ခန့် သေဆုံးခဲ့ရကြောင်း ဖေါ်ပြခဲ့သည်။ အစောပိုင်းတွင် မုန်တိုင်းကြောင့်ဟု ယူဆခဲ့ကြသော်လည်း မိုးလေ၀သအချက်အလက်များအရ ထိုစဉ်က မုန်တိုင်းမရှိ၊ ငလျင်နှင့်ဆက်စပ်၍ဖြစ်ရကြောင်း ကောက်ချက်ချ ခဲ့ကြသည်။ မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်းတစ်နေရာတွင် ၁၇၆၂ခုနှစ် (ကုန်းဘောင်ခေတ်၊ နောင်တော် ကြီးမင်းလက်ထက် ?)က ငလျင်ကြီးတစ်ကြိမ်လှုပ်ခဲ့ဖူးသည်။ သို့သော် ဆူနာမီပေါ်ပေါက်ခြင်းရှိ၊ မရှိကိုမူ တိတိ ကျကျ မပြောနိုင်သေးပေ။
အိန္ဒိယသမုဒ္ဒရာအတွင်း၌ဆူနာမီဖြစ်ရပ်သည် မှတ်တမ်းများအရ ၁၇၉၇မှ ၂၀၀၄ထိ အနည်းဆုံး (၁၁) ကြိမ် ရှိခဲ့သည်။ ဤသို့လျှင် အကြိမ်ဖန်များစွာကြုံခဲ့ဖူးသော်လည်း အတိတ်၏အတွေ့အကြုံ များက မျက်မှောက်ကာလကို မီးမောင်းထိုးသင်ခန်းစာယူနိုင်စေရုံမျှပင် မဖြစ်နိုင်ရသည်မှာ အဘယ်ကြောင့်နည်း။ ဆင်းရဲလို့ပဲလား။ ပညာမတတ်၊ စာမတတ်လို့ပဲလား။ စူးစမ်းဆင်ခြင်ဥာဏ်ကင်းမဲ့လို့ပဲလား။

Read more »

Share/Save/Bookmark

Scridb filter
May 14

အစောဆုံးယှဉ်တွဲနေထိုင်မှု၊ ရှေးဦးသစ်ကြမ်းပိုးနှင့် Protozoa ကို မြန်မာ့ပယင်း အတွင်းမှတွေ့ရှိ

ScienceDaily (May 15, 2009) — နှစ်သန်းပေါင်း ၁၀၀ က ပယင်းအတွင်း သေဆုံးနေသော သစ်ကြမ်းပိုး (ခြ တစ်မျိုး) ကို လေ့လာခြင်းဖြင့် တိရိစ္ဆာန်နှင့် အဏုဇီဝ microorganism တို့ သဟဇာတရှိတည်ခဲ့ကြခြင်းကို ထူးခြားစွာတွေ့ရှိရသည်။
________________________________________

100-million-year-old termite in amber. (Credit: Image courtesy of Oregon State University)အဆိုပါတွေ့ရှိမှုကို Oregon State University မှ နိုင်ငံတကာသိပညာရှင်တစ်ဦး ဖြစ်သော George Poinar က Parasites and Vectors ခေါ် ပညာရပ်စာစောင် တွင် ဖော်ပြခဲ့သည်။
အဆိုပါ ခြပျံသည် ဒိုင်နိုဆောခေတ်ဖြစ်သော Cretaceous အစောပိုင်း ကာလ မြန်မာပြည်၏ အပူပိုင်း စွတ်စို သစ်တောများထဲတွင် ပျံသန်းနေခဲ့ပုံရသည်။ ယင်းသည် ငှက်တစ်ကောင်၏ ရန်ပြုမှုကြောင့်ဖြစ်စေ အတော်ပျက် ပြုတ်ကျပြီး ပယင်းဖြစ်လာမည့် သစ်စေးများပေါ်သို့ ကျခဲ့ရသည်။ သူ၏ကံဆိုးမှုသည် ယနေ့ ဇီဝဗေဒပညာရှင်တို့ အတွက် ကံကောင်းစွာ လေ့လာဖွယ် ဖြစ်လာပေပြီ။
ယင်း၏ ၀မ်းဗိုက်အတွင်းမှ protozoa များတွေ့ရသည်။ Protozoa တို့သည် ဤသတ္တ၀ါ၏ အစာခြေဖျက်ရေးတွင် ကူညီပါဝင်ခဲ့ပုံရပြီး ယင်းသည် တိရိစ္ဆာန်နှင့် အဏုဇီဝ microorganism တို့ သဟဇာတအပြန်အလှန်အကျိုးပြု ရှိတည်ခဲ့ကြ ခြင်း အစောဆုံး အထောက်အထားဖြစ်လာခဲ့သည်။

Poinar သည် ပယင်းအတွင်းမှ သက်ရှိနှင့် အခြား အရာဝတ္ထုများအား နှစ်ပေါင်း များစွာလေ့လာခဲ့သူဖြစ်သည်။ သစ်စေးမှ ဖြစ်လာသည့် တန်းဆာဆင် ကျောက်မျက် အဖြစ် ပယင်းသည် သတ္တ၀ါငယ်များ နှင့် အခြားအရာဝတ္ထုများအား သိုမှီးပါဝင် နိုင်သော သီးခြားအရည်အသွေးကို ပိုင်ဆိုင်ထားသဖြင့် သိပ္ပံပညာရှင်များ၊ ဂေဟဗေဒ ပညာရှင်များအတွက် နှစ်သန်းပေါင်းများစွာကို ခြေရာကောက်ရန် အလွန်အဖိုးတန်သော သုတေသနပစ္စည်းများဖြစ်စေခဲ့သည်။
ယခုလေ့လာမှုတွင် တွေ့ရှိခဲ့သော ခြပျံအင်းဆက်သည် ၂၀၀၁ ခုနှစ်က မြန်မာနိုင်ငံ ဟူးကောင်းချိုင့်ဝှမ်းတွင် နှစ်သန်း ၉၇ မှ ၁၀၀ အတွင်း သက်တမ်းရှိ ကျောက်လွှာတစ်ခုမှ တူးဖော်တွေ့ရှိခဲ့သော ပယင်းတွင် ပိတ်မိနေခြင်းဖြစ်သည်။
________________________________________
Journal reference:
George O Poinar Jr., 2009. Description of an early Cretaceous termite (Isoptera: Kalotermitidae) and its associated intestinal protozoa, with comments on their co-evolution. Parasites & Vectors 2 (12) DOI: 10.1186/1756-3305-2-12

Share/Save/Bookmark

Scridb filter
Page 1 of 212»