တင့်လွင်ဆွေ
ကျောင်း၊ စာသင်ခန်းအဆောက်အဦများအရေးကြီးပုံ
ကျောင်းစာသင်ခန်းအဆောက်အဦများသည် မြို့ပြကျေးလက် မည်သည့်နေရာ၌မဆို ဆောင်ရွက် ဖွယ်ရာမျိုးစုံ စုဝေးကျင်းပရာ နေရာများဖြစ်ကြသည်။ နေ့အခါတွင် ကျွန်ုပ်တို့၏ရင်သွေးများအတွက် နေ ထိုင်နားခိုရာ အဖိုးတန်အရပ်များ၊ စာပေသင်ကြား ရာဌာနကြီးများ ဖြစ်သည့်အပြင် လူအများစုဝေးလျက် အခမ်းအနားများ၊ ချစ်ကြည်ရေးပွဲများ၊ ဘာသာရေး ဆိုင်ရာစုပေါင်း ဆောင်ရွက်ခြင်းများ အတွက်လည်း ကောင်း၊ စာအုပ်စာတမ်းနှင့် သင်ထောက်ကူကိရိယာ များ သိုလှောင်သိမ်းဆည်းရန်အတွက်လည်းကောင်း၊ အရေးပေါ်အခြေအနေတွင် ပြည်သူအများနားခိုရန် အတွက်လည်းကောင်း နေရာကောင်းများဖြစ်သည်။ သဘာဝဘေးအန္တရာယ်ဖြစ်ရပ်တစ်ခုတွင် ကျောင်း အဆောက်အဦ တစ်ခုထိခိုက်ပျက်စီးသွားရန် အနေ အထားရှိခဲ့ပါလျှင် အဆိုပါလူ့အသိုက်အမြုံ၏အကျိုး စီးပွါး ထိခိုက်နစ်နာဆုံးရှုံးနိုင်မှု ကြီးမားလှချေသည်။
ကျောင်းအဆောက်အဦ ထိခိုက်ပျက်စီးသွား ရန်အနေအထားနှင့်ဆက်စပ်၍ ရှုမြင်ထားရန်မှာ အဆောက်အဦတစ်ခုလုံး ဖျက်ဆီးခံရနိုင်လောက် သည့် အင်အားပမာဏကို ကြံ့ကြံ့ခံနိုင်ယုံမျှဖြင့် လုံလောက်ပြီဟုမမှတ်ယူသင့်ပေ။ နေ့စဉ်လုပ်ငန်း ဆောင်တာများ ထိခိုက်ရပ်တန့်စေနိုင်သော ပျက်စီး ဆုံးရှုံးမှုများကိုလည်း ကြိုတင်ကာကွယ်ထားရန် လိုအပ်ပေသည်။ ဆိုလိုသည်မှာ အကယ်၍ စာသင်ကျောင်းတစ်ခုကို အသုံးပြု၍မရ တော့ပါလျှင် ကျောင်းသားများအခြားကျောင်းများသို့ ပြောင်းရွှေ့ ခြင်း၊ စာသင်ချိန်ပြောင်းလဲသင်ကြားပေးခြင်းများ စီစဉ်ပေးနိုင်သည့် တိုင်အောင် ပညာရေးတွင် အနှောက် အယှက်ဖြစ်ရသည်သာပင်။
သဘာဝဘေးနှင့်ကျောင်း၊ စာသင်ခန်းများ
အင်အားကြီးသောသဘာဝဘေးအန္တရာယ်ကြုံလာသောအခါ ကျောင်းစာသင်ခန်းအဆောက်အဦများ ကိုဖွင့်၍ အတိဒုက္ခရောက်သူများအတွက် ဘေးကင်း ရာ၊ နားခိုရာဌာနများအဖြစ် ပြောင်းလဲစေကြရသည်။ ဤအခြေအနေမျိုးတွင် ကျောင်းဆောင်များ၏တည် ဆောက်ပုံစံနစ်သည် လူအများကိုအကာအကွယ်ပေး နိုင်စွမ်းရမည်။ ထို့အပြင် သဘာဝဘေးကြောင့်ပျက် စီးသွားသော၊ စိတ်ချလုံခြုံမှုမရှိသေးသော အိုးအိမ် များ၌ ပြန်လည်နေထိုင်ရန်မဖြစ်နိုင်သေးသမျှ ကာလ ပါတ်လုံး အရေးပေါ်နှင့် ယာယီနားခိုရာအဖြစ်လည်း အသုံးပြုရသည်။
Scridb filter


