Aug 14

Andaman ကျွန်းအနီးတွင် ငလျင်ထပ်မံလှုပ် (သြဂုတ်၊ ၁၃၊ ၂၀၀၉)

source : USGS

andaman-eq_130809

သြဂုတ်လ ၁၃၊ ၂၀၀၉၊ ညနေ ၃း၂၁း၃၆ နာရီက 14.027°N, 92.792°E တွင် 5.8 magnitude ပြင်းအားရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခဲ့ကြောင်းသိရသည်။ ယခုလှုပ်ရှားမှုသည်လည်း သြဂုတ်လ ၁၁ ရက်နေ့က လှုပ်ရှားသွားခဲ့သည့် ငလျင် ဗဟိုပြုသည့် ကိုကိုးကျွန်း (Andaman Island)၊ Port Blair ၏ မြောက်ဘက် ၂၆၀ ကီလိုမီတာ (၁၆၀ မိုင်) ကွာဝေးပြီး၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၃၇၀ ကီလိုမီတာ (၂၃၀ မိုင်) သာကွာဝေးကြောင်း သိရှိရသည်။ အဆိုပါ ငလျင်သည် ပင်လယ်အောက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ယခုလ လတ်တလော အာရှဒေသတွင်းဖြစ်ပွားခဲ့သည့် မှတ်သားဖွယ်ရာ ငလျင်များ သြဂုတ်၊ ၁၄၊ ၂၀၀၉ ထိမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သဂုတ်၊ ၉၊ ၂၀၀၉ တွင် ဂျပန်နိုင်ငံ Isu ကျွန်းကို ဗဟိုပြုသည့် 7.1 magnitude ငလျင်
သြဂုတ်၊ ၁၁၊ ၂၀၀၉ တွင် Andaman ကျွန်းကို ဗဟိုပြုသည့် 7.6 magnitude ငလျင်
သြဂုတ်၊ ၁၁၊ ၂၀၀၉ တွင် ဂျပန်နိုင်ငံ Honshu တောင်ဘက်အနီး ဗဟိုပြုသည့် 6.4 magnitude ငလျင်
သြဂုတ်၊ ၁၂၊ ၂၀၀၉ တွင် အိန္ဒိယ-မြန်မာနယ်စပ်အနီး ဗဟိုပြုသည့် 5.5 magnitude ငလျင်
သြဂုတ်၊ ၁၃၊ ၂၀၀၉ တွင် ဖီလစ်ပိုင်နိုင်ငံ၊ Mindanao ကို ဗဟိုပြုသည့် 5.7 magnitude ငလျင်
သြဂုတ်၊ ၁၃၊ ၂၀၀၉ တွင် ဂျပန်နိုင်ငံ Izu ကျွန်းကို ဗဟိုပြုသည့် 6.6 magnitude ငလျင်
သြဂုတ်၊ ၁၃၊ ၂၀၀၉ တွင် Andaman ကျွန်းအနီးကို ဗဟိုပြုသည့် 5.8 magnitude ငလျင်

Share/Save/Bookmark

Scridb filter
Aug 12

Andaman ကျွန်းကို ဗဟိုပြု၍ ငလျင်တစ်ခု လှုပ်ခတ်သွား

source : USGS

us2009kdb2_ciim

သြဂုတ်လ ၁၁၊ ၂၀၀၉၊ နံနက် ၁း၅၅း၃၉ နာရီက 14.013°N, 92.923°E တွင် 7.6 magnitude ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ငလျင်သည် အိန္ဒိယပင်လယ်ရှိ Andaman ကျွန်းကို ဗဟိုပြုလှုပ်ရှားခဲ့ခြင်းဖြစ်ပြီး အနက် ၃၃.၁ ကီလိုမီတာ (၂၀.၆ မိုင်) ရှိကြောင်း သိရသည်။ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၃၆၅ ကီလိုမီတာ (၂၂၅ မိုင်) ကွာဝေးပြီး ကိုကိုးကျွန်းမကြီးမှ မိုင် ၃၀ သာဝေးကြောင်း လည်း သိရှိရသည်။
ငလျင်လှုပ်မှုကြောင့် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှာ ဆူနာမီ စောင့်ကြည့်၊ သတိပေးမှုတွေ ထုတ်ပြန်ခဲ့ရပြီး၊ ထူးခြားသည့် ဆူနာမီရေလှိုင်း ဖြစ်ပေါ်လာဖွယ်ရာ မရှိသည့်အတွက် သတိပေးချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။

Read more »

Share/Save/Bookmark

Scridb filter
Aug 10

ရှာဖွေရေး ဘူမိဓါတုဗေဒ (Exploration Geochemistry) (အပိုင်း- ၅) (နိဂုံး)

မြင့်သိန်း
M.Sc (Geology), D.A.G (Eco/Mining Geology)

သယ်ယူပို့ဆောင်ခံရသည့် မြေဆီလွှာမှ နမူနာကောက်ယူခြင်း (Transported Overburden)

သယ်ယူပို့ဆောင်မှုခံရသော အပေါ်ယံဖုံးမြေဆီလွှာများရှိသည့် ဒေသများဖြစ်သော ရေခဲပြင်ဖုံးတောင် တန်းများ၊ သဲကန္တာရများ၌ နမူနာကောက်ယူရာ၌ ပြဿနာတစ်ရပ်ဖြစ်သကဲ့သို့ ဖြေရှင်းရန်မှာလည်း ကုန်ကျ စရိတ်များပြားလှသည်။
ရေခဲပြင်ဒေသများ၌ အပေါ်ယံဖုံးမြေဆီလွှာများသည် အောက်ခံကျောက်ကို ကိုယ်စားမပြုနိုင်ချေ။ ယင်းဒေသမျိုးတွင် ကွဲပြားသောဒေသများမှ ရောက်ရှိလာသည့် မြေဆီလွှာများ၏ အထူမှာလည်း မတူညီကြောင်း တွေ့ရှိရသည်။ ၂၅၆မီလီတာ ထက်ကြီးသောကျောက်ကျိုးပဲ့ဆများကို ခြေရာခံကာ မြေဆီလွှာအား အမြင်ဖြင့် လေ့လာနိုင်ကြသည်။ ယင်းတို့ပါဝင်သော မြေဆီလွှာမှရွှေ၊ ဆာလဖိုဒ်ဒြပ်စင်သို့ ရေဒီယိုသတ္တိကြွ ဒြပ်စင် (radioactive material) အရာများဖြင့် သတ္တုးရိုင်းစွဲငင်မှုကို လေ့လာနိုင်ပေသည်။ ယေဘူယျအားဖြင့် ရေခဲပြင်များမှ သယ်ဆောင်လာသည့် ကျောက်လုံးကြီးများ (till) ၏ ဓါတုဆိုင်ရာ အချက်အလက် များကို စစ်ဆေးခြင်းဖြင့် ပြုကြရသည်။ ယင်း အောက်ခံကျောက်လုံးကြီးများကို ဒေသတစ်ခု၏ မူလနမူနာ အဖြစ် သတ်မှတ်လေ့ရှိသည်။ အောက်ခြေကျောက်လုံးများကို လွန်တူး၍တစ်ခု၏ မူလနမူနာအဖြစ်ကောက်ယူ လေ့ ရှိသည်။ ဆိုနစ်လွန်တူးကရိယာများ (sonic drills)၊ ပေါ့ပါးသော ပါကာရှင်းလွန်တူးစက်များ (percussion drills) ဖြင့် အသုံးချလေ့ရှိသည်။ သို့ရာတွင် ပေါ့ပါးသော လွန်တူးကိရိယာများကို အသုံးပြုခြင်းသည် ကုန်ကျစရိတ်သက်သာသော်လည်း တစ်ခါတစ်ရံ အပေါ်ယံဖုံးမြေဆီလွှာ၏ အောက်ခြေ သို့ တိုင်ရောက်မရောက်ခွဲခြားသိရန် မသေချာချေ။ ရေခဲသော ဆောင်းဥတုတွင် အကြီးစား လွန်တူးကိရိယာ များဖြင့် ဆောင်ရွက်ရန်မှာလည်း အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ပေသည်။ သဲကန္တာရများ၌ လေ၏သယ်ဆောင်မှုဖြင့် ရွယ်စေ့ငယ်သောအရာဝတ္ထုများသာ ရွှေ့လျားမှုရှိကြသည်။ ထို့ကြောင့် ဇကာပေါက် နံပါတ် (၈၀) ထက် သေးငယ်သော ရွယ်စေ့များကို အသုံးချမှုနည်းပါးကြသည်။ ရွယ်စေ့ပို၍ ကြီးသော (ဥပမာ ၂ မှ ၆ စင်တီမီတာ) မြေဆီလွှာများကို အသုံးချနိုင်သလို ရွှံ့စေးအရွယ်နမူနာများကိုလည်း ပျော်ရည် အတွင်း ဒြပ်စင်များရွေ့လျားမှုရှိသည့် ပုံစံအဖြစ် အသုံးချနိုင်သည်။ ယင်းနည်းဖြင့် ဗေါက်ဝါနာ (Botswana) အလယ်ပိုင်းဒေသရှိ ကင်ဗာလိုက် (kimberlite pipe) ပိုက်များကို ရှာဖွေရာတွင် များစွာအကျိုးရှိ အောင်မြင်ခဲ့သည်။ ပုံ(၉) တွင် ကင်ဗာလိုက်ပိုက်များကို နယ်ပယ်အလိုက် နမူနာကောက်ယူခြင်းနည်းလမ်း (regional sampling) ဖြင့် ရှာဖွေတွေ့ရှိပုံကို ဖော်ပြထားသည်။ နမူနာများကို ၀.၅ကီလိုမီတာဂရမ် အတိုင်း ကောက်ယူကာ ချိန်ဆီးတွင်းထွက်များကို +၀.၄၂ မီလီမီတာရွယ်စေ့မှ ခွဲထုတ်ယူကြသည်။ ကင်ဗာလိုက်အညွှန်းတွင်းထွက် (
indicator minerals) များဖြစ်သော ပီခရို-အေးမင်နိုက် (piro-ilmenite) များ၏ အရေအတွက်ကို သတ်မှတ်ကြသည်။ ပုံတွင် စံကွဲမှု (anomaly) များ၏ တည်နေရာများ လွဲနေမှုသည် နမူနာ ကောက်စဉ်က အရှေ့မြောက်လားရာ အတိုင်း တိုက်ခတ်သောလေကြောင့် မြေဆီလွှာများ သယ်ယူပို့ဆောင်ခဲ့ရကြောင်း ပြဆိုနေပေသည်။

figure-9

Read more »

Share/Save/Bookmark

Scridb filter
Aug 03

သံထဲမှကမ္ဘာ့အောက်စီဂျင် မှတ်တမ်း

ကျော်နိုင်ဝင်း (GIS Aanlyst, MIMU)

source : The iron record of Earth’s oxygen by Sid Perkins, sciencenews magazine, June 20th 2009; vol.175#13

သိပ္ပံပညာရှင်များသည် အနည်ကျသံလွှာများ၏ ဘူမိလျှို့ဝှက်ချက်များကို အဖြေရှာ နေကြသည်။
သံကြွယ်ဝသောအလွှာနှင့် သံအနည်းငယ်သာ ပါသောအလွှာ တစ်လှည့်စီပါဝင်မှုကြောင့် Banded Iron Formation (BIF) ဟုအမည်တွင်သည့် အနည်ကျသံလွှာများ သည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး ကျောက်များ တွင်အပါအ၀င်ဖြစ်သည်။ နေရာတချို့တွင် ယင်းကျောက်လွှာများသည် ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသည်။ ယင်းတို့ပေါ်ပေါက်လာသည့် ဖြစ်စဉ်သည် ပဟေဠိအဖြစ် ရှိနေဆဲပင်။ ကမ္ဘာ့လေထုထဲတွင် အောက်စီဂျင်ကြွယ်ဝလာသည့် အချိန်တွင် ယင်းကြီးမားကျယ်ပျံ့သော ကျောက်လွှာအုပ်စုများ ဖြစ်ပေါ်မှု ရပ်တန့်ခဲ့ဖွယ်ရှိသည်။
သံသည် အာကာသ၏ လက်ဆောင် ဖြစ်သည်။

သံထဲမှကမ္ဘာ့အောက်စီဂျင် မှတ်တမ်း
သံထဲမှကမ္ဘာ့အောက်စီဂျင် မှတ်တမ်း

ကြီးမားသော ကြယ်ကြီးများအတွင်း နူကလီးယားဓါတ်ပြုမှုမှ သံအက်တမ်များကို ပုံဖေါ် သွန်းလောင်းခဲ့ခြင်း ဖြစ်သည်။ ယင်းကြယ်ကြီးများ ပေါက်ကွဲသောအခါ  ကျွန်ုပ်တို့၏ပတ်ဝန်းကျင် ဂလက်စီအတွင်းသို့ နေအဖွဲ့အစည်းမဖြစ်ပေါ်မီ နှစ်ဘီလီယံပေါင်းများစွာ ကတည်းက ဂြိုလ်များအတွက် ကုန်ကြမ်းများကို ဖြစ်စေခဲ့သည်။
အလေးချိန်အားဖြင့် သံသည် ကမ္ဘာပေါ်တွင် အပေါများဆုံးဒြပ်စင် ဖြစ်သော်လည်း အများစုသည် ဆီလီကွန် ပေါင်းစပ်ပါဝင်သော သံပုံဆောင်ခဲကြီးဖြစ်သည့် ကမ္ဘာ့အတွင်းဆံတွင် တည်ရှိပုန်းအောင်း နေကြသည်။ ကမ္ဘာ့ပေါ်ယံလွှာ၏ ၆%ခန့်သာ သံဖြစ်သည်။ သို့သော်ကံကောင်းစွာပင် စက်မှုလူသားတို့အတွက် ယင်းဒြပ်စင်သည် အနည်ကျသံလွှာများ အပါအ၀င် သံအောက်ဆိုက် ကြွယ်ဝသော သတ္တုရိုင်းများတွင် ပေါများစွာပါဝင်သည်။
BIF ဟုဘူမိဗေဒပညာရှင်များ သိထားသော ကျောက်လွှာများသည် ပဟေဠိဆန်နေဆဲပင်။ အားလုံးသည် အတိတ်ပင်လယ်ကြမ်းပြင်တွင် အနည်ကျအမှုံများအဖြစ်မှ စတင်ခဲ့ပုံရပြီး အချို့သော ခန့်မှန်းတွက်ချက်မှုများအရ BIF များတွင် စုနေသည့် အောက်ဆိုက်တွင်းထွက်များတွင် ပါဝင်သော အောက်စီဂျင်သည် မျက်မှောက်ခေတ် လေထုအတွင်းရှိ အောက်စီဂျင်ပမာဏထက် အဆ (၂၀)ခန့်ရှိသည်။ ယင်းတို့အနက်မှ အချို့သောအနည်ကျ သတ္တုသိုက်များသည် ကမ္ဘာ့လေထုတွင် အောက်စီဂျင် မကြွယ်ဝမီကပင် စတင်ဖြစ်ပေါ်ခဲ့သည်ဖြစ်ရာ ယင်း BIF များအတွင်းရှိ အောက်စီဂျင်၏ မူလရင်းမြစ်သည် စဉ်းစားစရာတစ်ခု ဖြစ်လာသည်။

Read more »

Share/Save/Bookmark

Scridb filter
Aug 02

ဘူမိအင်ဂျင်နီယာဆွေးနွေးပွဲ ထပ်မံကျင်းပ

ယမန်နေ့ (၁-၈-၂၀၀၉) တွင် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ဘူမိနည်းပညာကော်မတီက အင်ဂျင်နီယာအသင်း အဆောက်အဦတွင် ဆွေးနွေးဟောပြောပွဲ ထပ်မံကျင်းပခဲ့ကြောင်း သိရသည်။ စင်္ကာပူမှ ဆရာကြီး ဒေါက်တာဝင်းနိုင်နှင့် ထိုင်းမှ ဦးဇော်ဇော်အေးတို့က ဘူမိအင်ဂျင်နီယာ နည်းပညာ ဆိုင်ရာအတွေ့အကြုံနှင့် ခေတ်ပေါ်လက်တွေ့ နည်းလမ်းသစ်များ အား အကျယ်တ၀င့် ဟောပြောကြရာ ဘူမိအသင်းဝင်များ၊ ဆရာ/ဆရာမများ ကျောင်းသူကျောင်းသားများ နှင့် အင်ဂျင်နီယာများ အပါအ၀င် စိတ်ပါဝင်စားသူများ ခန်းမပြည့်အားပေးခဲ့ ကြပြီး၊ သိလိုသည်များကို အကြိတ်အနယ် ဆွေးနွေးခဲ့ကြရာ ခန့်မှန်း ဟောပြောချိန်ထက် တစ်နာရီခွဲခန့် ပိုသွားကြောင်း ကြားသိရပေသည်။
ဟောပြောခဲ့သော ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပြီး စာတမ်းနှင့် သက်ဆိုင်ရာ document/data များ ရရှိပါက Geolfriends မှ ဆက်လက်ဖြန့်ဝေပေးပါမည်။

(၁) ဒေါက်တာဝင်းနိုင် GEOTECMINEX Consultants, Singapore မှ
- DMT Testing in Geotechnical Engineering
(၂) ဦးဇော်ဇော်အေး Seafco Public Company Limited, Thailand မှ
- Application of Observational Method in Geotechnical Engineering
- Diaphragm Wall and Deep Excavation Works in Soft Ground

Share/Save/Bookmark

Scridb filter