တောင်ကိုရီးယားနိုင်ငံမှ သတ္တုတွင်း ပညာရှင် ငါးဦးခန့်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်မြောက်ပိုင်းရှိ ရတနာသိင်္ဂီသတ္တုတွင်းသို့ အောက်တိုဘာ (သို့) နိုဝင်ဘာလတွင် လာရောက်လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ ကောင်စစ်ဝန်၏ ပြောချက်ကို ကိုးကား၍ ယခုအပတ်ထုတ် The Voice ဂျာနယ်တွင် ဖေါ်ပြထားသည်။
သုံးလခန့်ကြာမည့် လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့် ပညာရှင်များမှာ အစိုးရဌာနမှ ပညာရှင်များဖြစ်ကာ ၄င်းတို့၏ တွေ့ရှိချက်များကို ကိုရီးယားနိုင်ငံအစိုးရ မှတဆင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ ဆက်လက် ဖြန့်ဝေသွားမည် ဟုဆိုသည်။ အဆိုပါလေ့လာရေး ခရီးစဉ်အတွက် ကိုရီးယားနိုင်ငံ ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးသည့် H.C Company မှ ထောက်ပံ့ကူညီမှုများ ရယူခဲ့ကြောင်းသိရသည်။
အဆိုပါ ကုမ္ပဏီသည် ယခုနှစ် ဇွန်လအတွင်းတွင် သတ္တုတူးဖေါ်ရေးလုပ်ငန်း အတွက် မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက အခြားသတ္တုတူးဖေါ်ရေးလုပ်ငန်း လုပ်ဆောင်မည့် IL San နှင့် နည်းပညာရင်းနှီး မြှုပ်နှံမည့် TECH Data တို့နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့သော ကုမ္ပဏီတစ်ခု ဖြစ်သည်။

စင်္ကာပူရောက် ဘူမိဗေဒဘွဲ့ရများ၏ Myanmar Geologists Society Singapore (MGSS) ကို စင်္ကာပူအစိုးရ ပြည်ထဲရေးဌာနမှ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းခွင့်ရပြီ ဟုသိရသည်။ တစ်နေ့တခြား တိုးပွားလာနေသော ဘူမိအင်အားများ ယခုကဲ့သို့ တရားဝင်ပေါင်းစည်းနိုင်ကြပြီ ဖြစ်သဖြင့် ပြည်တွင်း ပြည်ပ Myanmar Geologist များအတွက် အထူးကောင်းမွန်သော အလားအလာတစ်ရပ်ပင်ဖြစ်ပေသည်။ စင်္ကာပူရှိ မြန်မာ ဘူမိပညာရှင်တို့ နှစ်စဉ်တွေ့ဆုံညစာစားပွဲများ ကျင်းပခဲ့ရာ MGGP ခေါ် အလွတ်သဘော အစုအဝေးတစ်ရပ် ရှိခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုမျှ ရှိခဲ့ပြီဖြစ်သော်လည်း ယခုအဖွဲ့အစည်းအဖြစ်ဖြင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ ဖြန့်ဖြူးမှုများနှင့်တကွ ပိုမို အသက်ဝင်သော အားကိုးဖွယ် မဏ္ဍိုင်တစ်ရပ် ဖြစ်ထွန်း လာတော့မည့် အကြောင်း Geolfriends မှမျှော်လင့်စွာ သတင်းကောင်းပါး အပ်ပါသည်။
Geotechnical Engineering Course Level (1) ကို ဆည်မြောင်းဦးစီးဌာန သင်တန်းခန်းမတွင် အောက်တိုဘာ (၂) ရက်နေ့မှ စတင် ပို့ချနေပြီဖြစ်ကြောင်းသိရသည်။ အဓိကဘာသာရပ်ဖြစ်သော Rock Mechanics နှင့် Soil Mechanics အပြင် အရန်ဘာသာရပ်များအဖြစ် Remote Sensing and GIS, Mapping Techniques and Survey, Earthquake Engineering နှင့် Practical Structural Geological Review, Engineering Hydrogeology စသည်တို့ကိုလည်း မိတ်ဆက်အဖြစ် ထည့်သွင်း သင်ကြားပေးလျက်ရှိရာ ဆည်မြောင်းအရာရှိ (၆) ဦးအပြင် သင်တန်း သား ၄၀ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။ ပြည်တွင်း ပြည်ပ ပညာရှင်များ၏ အခါအားလျော်စွာ ပို့ချ ဆွေးနွေး ချက်များဖြည့်ဆည်းထားသော သင်တန်းသည် ဘူမိအင်ဂျင်နီယာ ဘာသာရပ် ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ကောင်းတစ်ရပ်ဖြစ်ရန် ဦးတည်လျှောက်လှမ်းလျက်ရှိကြောင်း ၀မ်းသာဖွယ်ကြားသိရပေသည်။ အရှေ့တောင်အာရှဘူမိအင်ဂျင်နီယာအသင်း (SEAGS) ကလည်း Myanmar Geotechnical Committee ၏ အဆိုပါ ခြေလှမ်းကို ဘက်စုံပံ့ပိုးရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။
Scridb filterဦးဉာဏ်သင်း (ဘူမိဗေဒ၊ ကထိက၊ ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရန်ကုန်)
(တက္ကသိုလ် ပညာပဒေသာစာစောင်၊ အတွဲ ၄၊ အပိုင်း ၃၊ ၁၉၆၉ မှ ကူးယူဖေါ်ပြပါသည်။)
ကျောက်မျက်များကို အမျိုးအစားခွဲခြားခြင်း
ကျောက်မျက်အမျိုးမျိုးတို့ကို ခွဲခြားရာတွင် ကျောက်ဖွဲ့တွင်းထွက် (rock forming mineral) များ သတ္တုရိုင်းတွင်းထွက် (ore mineral) များကို ခွဲခြားရာ၌ အသုံးမပြုနိုင်ပေ။ ကျောက်ဖွဲ့တွင်းထွက်များ၊ သတ္တုရိုင်တွင်းထွက်များကို အမျိုးအစား ခွဲခြားရာ၌ လိုအပ်ပါက တွင်းထွက်နမူနာကို ဖြတ်ပိုင်းပါးကလေးများ ပြုလုပ်၍ အဏုရှုအောက်တွင် စစ်ဆေး၍သော်လည်းကောင်း အမှုန့်ကြိတ်ချေပြီး ဓာတ်ခွဲ၍သော်လည်ကောင်း ခွဲခြား နိုင်လေသည်။
ကျောက်မျက်များကို ခွဲခြားရာတွင် အသုံးပြုသော နည်းလမ်းများ အားလုံးတို့သည် ကျောက်မျက်၏ မူလ အရောင်၊ အရည်အသွေး၊ တောက်ပပြောင်လက်မှု ပုံသဏ္ဍာန် စသည်တို့ကို လုံးဝ မထိခိုက်စေရပေ။
ကျောက်မျက်အမျိုးမျိုးတို့ကို ခွဲခြားရာတွင် အသုံးပြုရသော ကျောက်မျက်၏ ရူပဂုဏ်သတ္တိများမှာ ကျောက်မျက်၏ သဘာဝဖြစ် အရိုင်းနတ်သွေးပုံ၊ ပုံဆောင်ဓလေ့ (crystal habit)၊ မာခြင်းသိပ်သည်းဆ၊ အလင်းယိုင်ညွှန်းကိန်း၊ အရောင်ပြောင်ခြင်း (pleochroism)၊ နှစ်ဖြာအလင်းယိုင်ခြင်း (double refraction)၊ အလင်းလက္ခဏာ (optic sign)၊ အတွင်းမီးအား၊ စုပ်ယူရောင်စဉ်တန်း (absorption spectrum) များနှင့် မီးစုန်းတောက်ခြင်းလက္ခဏာ (phosphorescence) စသည်တို့ ဖြစ်သည်။

