Nov 25

မိတ်ဆက် ကျောက်မျက်ပညာ (အပိုင်း – ၃) (နိဂုံး)

ဦးဉာဏ်သင်း (ဘူမိဗေဒ၊ ကထိက၊ ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ရန်ကုန်)

(တက္ကသိုလ် ပညာပဒေသာစာစောင်၊ အတွဲ ၄၊ အပိုင်း ၃၊ ၁၉၆၉ မှ ကူးယူဖေါ်ပြပါသည်။)

ကျောက်မျက်များ၏ အရောင်ပြောင်းလက္ခဏာ (pleochroism)

ပုံဆောင်ခဲကျောက်မျက်များကို အုပ်စုကြီးခုနှစ်စု ခွဲခြားထားကြောင်း ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယင်းအုပ်စု ခုနှစ်စုအနက် ကုဗအုပ်စုတွင် ပါဝင်သော ကျောက်မျက်များ (ပုံစံ။ ။ အညံ့ဇီး၊ ဥဒေါင်၊ စိန်၊ ဖလူအိုရိုက် စသည်တို့) တွင် အရောင်ပြောင်းခြင်း လက္ခဏာကို မတွေ့ရပေ။ အကြောင်းမူကား၎င်း ကျောက်မျက်များ အတွင်းသို့ အလင်းဖြတ်ဝင် သွားအခါ အလင်း၏ အလျင်နှုန်းသည် ကျောက်မျက်၏ မည်သည့်လားရာဖက်တွင်မျှ အလျင်နှုန်း ပြောင်းလဲခြင်းမရှိပဲ တသမတ်တည်းသာ ရှိမည်ဖြစ်၏။ ၄င်းပြင် အလင်းသွားရာလားရာ ဖက်အလိုက် အရောင်ခွဲခြား စုပ်ယူခြင်းလည်း မရှိပေ။ ကျန်အုပ်စုကြီး ခြောက်စုတွင် ပါဝင်သော ကျောက်မျက်များသည် အလင်းလှိုင်းများ သွားရာလားရာအလိုက် အရောင်ခွဲခြား စုပ်ယူခြင်းလက္ခဏာကို တွေ့ရှိရ၍ အရောင်ပြောင်းခြင်းကိုလည်း တွေ့ရသည်။ ဤအရောင်ပြောင်းခြင်း လက္ခဏာသည် ဒိုင်ခရိုစကုပ် (dichroscope) (ပုံ ရ ရှု။) ဟု ခေါ်သော ကရိယာဖြင့် ကြည့်၍ မှတ်သားနိုင်သည်။

intro min7

ဒိုင်ခရိုစကုပ်တွင် တဖက်စွန်း၌ မျက်စိဖြင့် ကပ်၍ ကြည့်ရသော အပေါက်ကလေး တစ်ခုပါ၍ ၄င်းအပေါက်ကလေးမှ ကပ်၍ကြည့်လျှင် အခြားတဖက်စွန်း၌ အရိပ်နှစ်ခု ထွက်ပေါ်၍ နေသည်ကို တွေ့ရသည်။ အရောင်ပါရှိသော ကျောက်မျက်တစ်ခုကို ပုံရိပ်နှစ်ခု၏ ရှေ့တွင်ထား၍ ကြည့်ရှုစစ်ဆေးလျှင် အရောင်နှစ်မျိုးကို ပုံရိပ်တစ်ခုစီတွင် တပြိုင်တည်း ပေါ်နေသည်ကို တွေ့ရမည်။ ပုံစံ။ ။ နီလာကျောက်မျက်တွင် ပုံရိပ်တစ်ခု၌ အပြာရင်ရောင်ကို တွေ့ရမည် ဖြစ်ပြီးလျှင် အခြားပုံရိပ်တစ်ခုတွင် အပြာနုရောင်ကို တွေ့ရမည်ဖြစ်သည်။ နှစ်ဖြာအလင်းယိုင်သော ကျောက်မျက်များ၏ အလင်းဝင်ရိုး (optic axis) တလျှောက်တွင် အရောင်ပြောင်းခြင်း လက္ခဏာကို တွေ့ရှိရမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် အလင်းဝင်ရိုးတလျှောက်တွင် နှစ်ဖြာအလင်းယိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကျောက်မျက်၏ အရောင်ပြောင်းခြင်း လက္ခဏာကို စစ်ဆေးသောအခါ ကျောက်မျက်ကို လှည့်၍ လားရာအမျိုးမျိုးဖက်မှ ဒိုင်ခရိုစကုပ်ဖြင့် စစ်ဆေးရန်လိုအပ်လေသည်။
ကျောက်မျက်များ၏ အရောင်ပြောင်းခြင်းလက္ခဏာသည် ကျောက်မျက်များကို ခွဲခြားရာ၌ အရေးကြီးသော ဂုဏ်သတ္တိတစ်ရပ် ဖြစ်သည်။ ပုံစံ။ ။ ပတ္တမြားသည် အ၀ါရောင်သမ်းသော အနီရောင်မှ အနီရင့်ရောင်သို့ အရောင်ပြောင်းခြင်း လက္ခဏာပြသည်။ ပတ္တမြားနှင့် ခပ်ဆင်ဆင်တူသော ဥဒေါင်ကျောက်မျက်သည်မူကား ကုဗပုံဆောင် စနစ်တွင် ပါဝင်၍ အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း အရောင်ပြောင်းခြင်း လက္ခဏာ မပြချေ။ အရောင်အသွေး ခပ်ဆင်ဆင်တူသော ပတ္တမြားနှင့် ဥဒေါင်အနီတို့ကို ဖေါ်ပြပါအချက်ကို အသုံးပြု၍ ဒိုင်ခရိုစကုပ်ဖြင့် လျင်မြန်စွာ ခွဲခြားနိုင်သည်။
အရောင်ပြောင်းခြင်း လက္ခဏာသည် ကျောက်မျက်သွေးရာတွင်လည်း အရေးတကြီးထည့်သွင်း စဉ်းစားရသော အချက်ဖြစ်လေသည်။ ပုံစံ။ ။ ပတ္တမြားတစ်လုံးကို ၄င်း၏အလင်းဝင်ရိုး လမ်းကြောင်းအတိုင်းကြည့်လျှင် အလှပဆုံးသော အရောင်အသွေးကို တွေ့ရှိရမည်။ အလင်းဝင်ရိုးနှင့်ထောင့်မတ်ကျကြည့်လျှင် ကောင်းမွန်သော အရည်အသွေးကို မတွေ့ချေ။ ထို့ကြောင့် ပတ္တမြားရိုင်းကို သွေးရာ၌ ကျောက်၏ အတိုင်မျက်နှာပြင်ကို အလင်းဝင်ရိုးနှင့် ထောင်မတ်ကျအောင် သွေးရလေသည်။ သို့မှသာလျှင် ပတ္တမြားတွင်ရှိသော အကောင်းဆုံးသော အရောင်ကို မြင်ရပေမည်။

Read more »

Share/Save/Bookmark

Scridb filter
Nov 17

၁၉၉၁-၁၉၉၄ ဘူမိဗေဒကျောင်းသား၊ ကျောင်းသူများ၏ သလင်းရတုအထိမ်းအမှတ် ဆရာကန်တော့ပွဲ

ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒဘာသာရပ်ဖြင့် ၁၉၉၁-၁၉၉၄ ခုနှစ်အတွင်း တွေ့ဆုံခင်မင်ခဲ့ရသော သူငယ်ချင်းများ၏ (၁၅)နှစ် ပြည့်မြောက်ခြင်း သလင်းရတုအထိမ်းအမှတ် ဆရာကန်တော့ပွဲနှင့် မိတ်ဆုံစားပွဲကို ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ (၉)ရက် (စနေနေ့) နံနက် (၉)နာရီတွင် Excell Treasure Tower (10th FL) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
အနယ်နယ်၊ အရပ်ရပ်၊ ပြည်တွင်း၊ပြည်ပ အဝေးရပ်သို့ ရောက်ရှိနေသော သူငယ်ချင်းများအားလုံး လာရောက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ အလှူငွေများကိုလည်း အောက်ပါ သူငယ်ချင်းများထံသို့ ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ကိုအောင်သိန်း – ဖုန်း။ ၀၉၅၁၅၀၃၇၄

ကိုသန်းမြင့် – ဖုန်း။ ၀၉၅၁၂၀၄၇၄

ကိုမောင်မောင်သက် – ဖုန်း။ ၀၉၅၀၀၉၃၂၃

ကိုကျော်ကျော်ဦး – ဖုန်း။ ၀၉၅၁၅၉၅၃၃

ကိုကျော်လင်းဦး – ဖုန်း။ ၀၉၅၁၃၇၄၆၈

ကိုညီညီဝင်း – ဖုန်း။ ၀၉၅၀၇၇၀၂၆

မစုစုဌေး – ဖုန်း။ ၀၁၇၂၀၉၁၂

မဖြူဖြူခိုင် – ဖုန်း။ ၀၉၅၁၆၇၈၅၁

မသူဇာ – ဖုန်း။ ၀၉၅၀၂၁၈၉၅

မယဉ်မင်းထွေး (မန္တလေးဆောင်) – ဖုန်း။ ၀၁၅၃၄၅၀၉

Share/Save/Bookmark

Scridb filter
Nov 13

၁၉၈၄ခုနှစ် ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူများ၏ ငွေရတုအထိမ်းအမှတ် ဆရာကန်တော့ပွဲ

၁၉၈၄ခုနှစ် ဘူမိဗေဒ ကျောင်းသား၊ ကျောင်းသူများ၏ ငွေရတုအထိမ်းအမှတ် ဆရာကန်တော့ပွဲကို နိုဝင်ဘာ ၂၈ ရက် (စနေနေ့)တွင် Mr. Food Center (ဗဟန်း)၌ ညနေ ၅နာရီမှ ၈နာရီအထိ ကျင်းပမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူဟောင်းများ မပျက်မကွက် တက်ရောက်ကြပါရန်နှင့် အလှူငွေ လှူဒါန်းလိုသူများသည် ဦးအောင်ချစ် ဖုန်း – ၀၉-၈၅၉၂၂၇၉

ဦးဇော်မင်း(၁) ဖုန်း – ၀၉-၅၀၀၀၆၈၆

ဦးထွန်းဇော်- ဒေါ်မာမာဆွေ ဖုန်း – ၅၀၂၁၄၅

ဦးအောင်ချိုမင်း ဖုန်း – ၀၉-၅၀၁၀၆၅၆

ဦးဇော်မင်း(၂) ဖုန်း – ၀၉-၅၁၄၉၄၅၂

ဒေါ်ရွှေသဇင်ကြည် ဖုန်း – ၀၉-၉၉၂၆၂၄၉

တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

Share/Save/Bookmark

Scridb filter
Nov 13

န၀မအကြိမ်မြောက် မန္တလေးတက္ကသိုလ် ဘူမိဗေဒမိသားစု အာစရိယပူဇော်ပွဲ

နှစ်စဉ်ကျင်းပမြဲ အစဉ်အလာအတိုင်း မန္တလေးတက္ကသိုလ် ဘူမိဗေဒမိသားစု န၀မအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၁၄-၁၁-၂၀၀၉ တွင် တက္ကသိုလ်ဓမ္မာရုံ၌လည်းကောင်း၊ မိတ်ဆုံညစာစားပွဲကို Oriental House ၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပါ၍ ဘူမိဗေဒကျောင်းသား၊ ကျောင်းသူဟောင်းများ တက်ရောက်ကြပါရန်နှင့် ပါဝင်လှူဒါန်းကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားထားကြောင်း သိရှိရပါသည်။

ဆက်သွယ်ရန်မှာ -

ဦးလှမိုး (ဥက္ကဌ)                                  ဖုန်း – ၀၉-၂၀၃၄၄၅၆

ဦးတော်မီသိန်း                                    ဖုန်း – ၀၉-၂၀၀၁၅၉၈

ဦးဝင်းမြင့်                                            ဖုန်း – ၀၉-၂၀၀၃၂၃၈

ဦးနေလင်းအေး                                  ဖုန်း – ၀၉-၂၀၀၂၇၉၄

ဦးခင်မောင်နု                                      ဖုန်း – ၀၉-၂၀၁၇၇၅၆

ဦးစိုးမိုးနောင်                                      ဖုန်း – ၀၉-၂၀၀၀၁၇၆

Dr. မောင်မောင်နိုင်                           ဖုန်း – ၀၉-၂၀၀၂၈၂၀

ကိုသန်းထိုက်                                     ဖုန်း – ၀၂-၇၂၈၆၄၊ ၃၃၀၂၇

တို့ဖြစ်ကြပါသည်။

Share/Save/Bookmark

Scridb filter
Nov 08

သတ္တုရိုင်းသိုက် ပညာရပ်၏ သမိုင်းနောက်ခံ (Historical Background of ore deposits)

မြင့်သိန်း M.Sc. (Geology), D.A.G. (Econ. Mining geology)

သမိုင်းမတင်မှီကာလ မှ ဘီစီ ၅ရာစုကာလအထိ (Ancient Time)

ရှေးဦးလူသားတို့သည် သမိုင်းမတင်မှီ ကာလ ကတည်းကပင် သတ္တုရိုင်းသိုက်များ (Ore deposits) ကို ရှာဖွေတွေ့ရှိခဲ့ကြပြီ်း ဖော်ထုတ် လုပ်ကိုင်ခဲ့ကြသည်။

ယင်းရှေးဦး လူသားတို့သည် အနီရောင်ရှိသံ သတ္တုရိုင်း (Red  hematite) နှင့် ပြဒါး သတ္တုရိုင်း(Cinnabar) တို့ အား အသုံးပြု၍ကျောက်များ အားဆေးဆိုးကာ ကျောက်မျက်များ အဖြစ်လည်းကောင်း၊ ရွှေနှင့်ငွေသတ္တုများအား လက်ဝက်ရတနာများအဖြစ် လည်းကောင်း၊ ခနောက်စိမ်း (Stibnites) သတ္တုရိုင်းများကို အမှုန့်အဖြစ် ပြုလုပ်ကာ မျက်နှာအလှပြင် ပစ္စည်းများ အဖြစ် လည်းကောင်း၊ သံ၊ ခဲမဖျြူနှင့် ကြေးဝါများအား လူအသုံးအဆောင်ပစ္စည်းများအဖြစ် လည်းကောင်း အသုံးပြုခဲ့ကြသည်။

အရှေ့အလယ်ပိုင်း၊ အိန္ဒိယ၊ အင်္ဂလန်နိုင်ငံကွန်းဝေါဒေသ (Cornwall) နှင့် စပိန်နိုင်ငံဟစ်ပါနီအိုးလာဒေသ (Hispaniola ) တို့တွင်ရှို သော သတ္တုတွင်း (Mine) များကိုတူးဖော်ကာလုပ်ကိုင်ခဲ့ကြသည်။

ဟီရိုဒိုးတပ် (ဘီစီ ၄၈၄-၄၂၅) Herodotus

ဟီရိုဒိုးတပ်ဆိုသူုက ဂရိ (Greek) နိုင်ငံ ခရစ်ဆိုအရပ်ဒေသရှိ သလင်းကြော (Quartz Veins) များ၌ ရွှေကို တွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။ အရစ်တိုတယ် (ဘီစီ၃၈၄-၃၂၂ကာလ) ဆိုသူ ထင်ရှားသည့်ဒသနိကဗေဒပညာရှင်က သတ္တုရိုင်းသိုက်များ၏ ရင်းမြစ် (Ore genesis) နှင့်ပတ်သက်၍ တွေးခေါ်ယူဆချက်တစ်ရပ်ကို ဖော်ထုတ်ခဲ့သည်။ ၎င်းက ကမ္ဘာမြေအတွင်းပိုင်းရှိ မြေနှင့်ရေရောနှောနေသော နေရာများ၌ နေ၏အလင်းတန်းများကျရောက်မှုကြောင့် သတ္တုရိုင်းသိုက်များ ဖြစ်ပေါ်လာသည် ဟုဖော်ပြခဲ့သည်။Theophrastus (BC 372-337)

Aristole (BC 384-322)အရစ်စတိုတယ် (Aristotle) ၏ တပည့်တစ်ဦးဖြစ်သော သီရိုဖရေးတပ် (ဘီစီ၃၇၂-၂၈၇ကာလ) ရေးသားသော “ကျောက်တုံးများစာအုပ်” (Book of stones) သည် ပထမဆုံးသော တွင်းထွက်ပညာစာအုပ် (The first mineralogy textbook) အဖြစ် ထင်ရှားခဲ့သည်။ ယင်းစာအုပ်၌ တွင်းထွက် ၁၆မျိုး အား သတ္တု၊ကျောက်နှင့် မြေသားများအဖြစ် အုပ်စုဖွဲ့ကာ ဖော်ပြခဲ့သည်။

အလယ်ခေတ်ကာလ (ဘီစီ၅ရာစုမှအေဒီ၁၅ရာစုကာလ) Medieval Time

အလယ်ခေတ်ကာလ (Medieval Time) များ အတွင်း ဒသနိကဗေဒပညာရှင်များ၊ အဂ္ဂိရတ်ပညာရှင်များ (Alchemists) နှင့် သတ္တုတွင်းတူးသမားများ (Miners)၊ နက္ခတ္တဗေဒပညာရှင်များ (Astrologers) နှင့် လူတန်းစားအသီးသီးတို့မှ သတ္တုရိုင်းသိုက်များ ဖြစ်ပေါ်တည်ရှိပုံကို အမျိုးမျိုးအဖုံဖုံ စိတ်ကူးယဉ်ဆန်ဆန် ဖေါ်ပြခဲ့ကြသည်။ ၎င်းတို့အနက်အချို့မှာ-

(၁) သတ္တုရိုင်းများ ဖြစ်ပေါ်တည်ရှိနေခြင်းသည် သက်ရှိရှင်သန်နေသော ကမ္ဘာမြေကြီးအတွင်းမှ သတ္တုရိုင်းအခိုးအငွေ့ များကို ထုတ်လွတ်နေမှုကြောင့် ဟုသတ္တုတွင်းတူးသမားများက ဆိုခဲ့ကြသည်။

(၂) အချို့သတ္တုတွင်းသမားများကမူသတ္တုမျိုးစေ့ (Metalline seeds) များမှကြီးထွားဖြစ်ပေါ်လာသည်ဟု ဆိုကြပြန်သည်။

(၃) အချို့ကမူ မြေအောက်ရှိရွှေရောင်အဆင်းရှိသော သစ်ပင်ကြီး၏ အကိုင်းအခက်များမှ အမျိုးမျိုးသောသတ္တုရိုင်းများ ခွဲခြားဖြစ်ပေါ် တည်ရှိလာသည် ဟုအဆိုပြုခဲ့ကြသည်။

(၄) အခြေခံသတ္တုရိုင်းများ (Base Metal ore) မှတစ်ဆင့် ကမ္ဘာပေါ်ယံမြေလွာအတွင်း တဖြည်းဖြည်းခြင်းရင့်မှည့်ကာ အဖိုးတန်သတ္တုများ အဖြစ် ပြောင်းလဲလာရာမှ နောက်ဆုံး ရွှေသတ္တုရှိုင်း (Gold ore) များအဖြစ် တည်ရှိလာကြသည် ဟုဆိုကြသည်။

ဥပမာအားဖြင့် ငွေကြွယ်ဝသည့် ခဲသတ္တုရှိုင်း (Argentiferous Lead ore) သည်ခဲ (lead) မှငွေ (Silver) အဖြစ်သို့၊ ၎င်းငွေမှ ရွှေသို့ တဖြည်းဖြည်း ပြောင်းလဲဖြစ်ပေါ်လာကြသည် ဟုဆိုကြပြန်သည်။ ၎င်းအဆိုကို ယင်းကာလ အဂ္ဂိရတ်ပညာရှင်များက ယုံကြည်ကြသည်။

(၅) နက္ခတ္တဗေဒပညာရှင်များ၏အဆိုအရ ကမ္ဘာမြေအတွင်းရှိ အမျိုးမျိုးသော သတ္တုများဖြစ်ပေါ်မှုကို ကြယ်နှင့်ဂြိုလ်များ၏ ရွေ့လျားသွားလာမှုက ထိန်းချုပ်ထားသည်ဟု ဆိုကြပြန်သည်။

(၆) သတ္တုတွင်းတူးသမားများက ထပ်မံ၍ ကမ္ဘာမြေ အလယ်တည့်တည့်၌တည်ရှိသော မီးတောက်ကြီးမှ မှုတ်ထုတ်လိုက်သော ထူထပ်သိပ်သည်းသည့် မီးခိုးတိမ်တောင်များကြောင့် မူလဖြစ်သတ္တုရှိုင်းများ (Primary deposits) ဖြစ်ပေါ်လာသည်ဟု ယူဆခဲ့ သည်။

ဥာဏ်သစ်လောင်းကာလ (အေဒီ၁၆ရာစုမှ၁၇ရာစုကာလ) Renaissance Time

Georgius Agricola (AD 1494-1555)ဥရောပတိုက်ရှိသတ္တုတွင်းတူးသမားများထဲမှ ထင်ရှားသောသူတစ်ဦး ယင်းကာလ၌ပေါ်ထွန်းလာခဲ့သည်။ ယင်းမှာ ဂျော့ဂျီဘေ့ကွာ (Georg Bauer) သို့မဟုတ် လက်တင်ဘာသာအရ ဂျော်ဂျီယက်အဂရီကိုလာ(Georgius Agricola) (၁၄၉၄-၁၅၅၅) ပင်ဖြစ်သည်။

၁၅၅၆ တွင်ထုတ်ဝေခဲ့သော (De Re  Metallica) စာအုပ်တွင် ဘူမိဗေဒ၊ တွင်းထွက်ပညာ၊ သတ္တုရှိုင်းသိုက်များ၊ သတ္တုတွင်းပညာရပ်၊ သတ္တုဗေဒဆိုင်ရာအကြောင်းရပ်များအား ၎င်း၏ကိုယ်တိုင် လေ့လာတွေရှိချက်များ ပါဝင် သည်။

၎င်းသည်သတ္တုရှိုင်းရင်းမြစ် (ore genesis) ဆိုင်ရာနှင့်ပတ်သတ်၍ ပထမဆုံးသော လျော်ကန်သည့် သဘောတရား သီအိုရီများကို De Re Metallica (AD 1556)ဖော်ထုတ်ခဲ့သည်။

သတ္တုကြောများဖြစ်ပေါ်လာခြင်းသည် ကမ္ဘာမြေလွာအတွင်းရှိ အက်ကွဲကြောင်းများအတွင်း မြေအောက်ရေများ ၀င်ရောက်လည့်ပတ် စီးဝင်ရာမှ ကမ္ဘာ၏အတွင်းပိုင်းအပူချိန်ကြောင့် နံဘေးရှိကျောက်များမှ တွင်းထွက်များကို ပျော်ဝင်ခဲ့ဖွဲ့ အနည်ကျစေခြင်းဖြင့် ဖြစ်ပေါ်လာသည်ဟုဆိုခဲ့သည်။ (တနည်းအားဖြင့်ယင်းအဆိုသည် “lateral secretion theory” ၏ ရိုးစင်းသော ပုံစံတစ်ရပ်ပင်ဖြစ်သည်။)

၎င်းကပင် ရှေးဦးဖြစ်တွင်းထွက်နှင့် နှောင်းဖြစ်တွင်းထွက်အမျိုးအစားများ ကို ရှင်းလင်းစွာ ဖော်ပြခဲ့သည်။

ယင်းကထပ်မံ၍ မြေသား (Earth)၊ ဆား (Salt)၊ သတ္တု (metal) နှင့်အခြားတွင်းထွက်များ (other minerals) များ ဟုထပ်မံ၍ခွဲခြားမှုပြုခဲ့သည်။

သတ္တုရှိုင်းရင်းမြစ်များအပေါ် မူတည်၍ သတ္တုကြောများ၊ အောက်ခံကျောက်လွှာများ၊ သတ္တုကြောမျှင်များဟု စုစည်းသတ်မှတ်ကာ ၎င်းတို့သည် အိမ်ခံကျောက် (host rock) နှင့်သတ်တမ်းအားဖြင့် ကွာခြားမှုရှိကြောင်း ဖော်ထုတ်ခဲ့သည်။

Bull Roarerသတ္တုနှင့်ရေ ရှာဖွေရာ၌ လည်း ခရင်းခွပုံသဏ္ဍန် သစ်ကိုင်းကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

၎င်း၏မှတ်သားဖွယ်ရာ အဆိုပြုချက်များကြောင့် စီးပွားဖြစ်တွင်းထွက်ပညာ (Economic mineralogy) သို့မဟုတ် ခေတ်သစ်တွင်းထွက်ပညာရပ် ၏ ဖခင်ဟု ခေါ်ဆိုခဲ့ကြသည့်အပြင် သတ္တုတွင်းဘူမိဗေဒ (Mining Geology) ၏ အကြီးအမှူးတစ်ဦး အဖြစ် သက်မှတ်ခံခဲ့ရသည်။

နီကိုလတ်(စ်)စတိနို (Nicholas Steno)

၎င်းပညာရှင်က ၁၆၆၉တွင် သတ္တုရိုင်းများသည် သတ္တုခိုးငွေ့များဟင်းလင်းပွင့်နေသော အက်ကွဲကြောင်းများမှတဆင့် ကမ္ဘာအပေါ်ယံသို့ တက်ရောက်လာခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု တင်ပြခဲ့သည်။

အေဒီ၁၈ရာစုမှမျက်မှောက်ကာလအထိ (Modern Time)

အေဒီ၁၈ရာစုကာလကုန်ဆုံးခါနီး၌ဘူမိဗေဒလောက၌ မီးဝါဒသမားများနှင့် ရေ၀ါဒသမားများ အပြန်အလှန်ငြင်းခုံမှု ပေါ်ပေါက်ခဲ့သည်။ မီးဝါဒသမား (Plutonists)များ ကို ဦးဆောင်သူ အင်္ဂလန်နိုင်ငံ အီဒင်ဘတ်မှ ဂျိန်းဟပ်(စ်)တန် (၁၇၂၆-၁၇၉၇) ဆိုသူက သတ္တုရိုင်းများသည် မီးသင့်ကျောက်ရည်ပူများခွဲထွက်မှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်ခဲ့သည် ဟုဆိုခဲ့သည်။James Hutton (1726-1797)

Abraham Gottlob Werner (1749-1807)ဂျာမနီနိုင်ငံ ပရိုင်းပတ်မှ အေဗရဟင်ဂေါ့လုပ်ဝါဂနာ (၁၇၄၉-၁၈၀၇) ၏ ဦးဆောင်မှုအောက်ရှိ ရေ၀ါဒသမား (Neptunists) များက မူ သတ္တုရိုင်းသိုက်များသည် ရှေးဦးသမုဒ္ဒရာများ၏ အနည်များမှ ခွဲထွက်ဖြစ်ပေါ်လာကြောင်းကို သမုဒ္ဒရာအောက်ကြမ်းပြင်ရှိ အက်ကွဲကြောင်းများကြား၌ တည်ရှိနေသော သတ္တုကြောများမှ ကိုယ်စားပြု နေကြောင်း တင်ပြကြသည်။

ယနေ့မျက်မှောက်ကာလတွင်မူ မီးဝါဒသမားများအား (Magmatists) ဟူ၍လည်းကောင်း၊ ရေ၀ါဒသမားများအား (Syngenticists) ဟုလည်းကောင်း ခေါ်ဝေါ်ကြသည်။

ကျမ်းကိုး (References)

1. Than Htay, U. Historical Background of Ore deposits. Ore deposits -1, Applied Geology Department, ME5O1, Unpublished paper)

2. www.wikipedia.com

Share/Save/Bookmark

Scridb filter
Page 1 of 212»