Dec 21
DIFFERENTIAL GPS
ဒီဂျီပီအက်စ်စနစ်ဆိုသည်မှာဘာလဲ
ဂျီပီအက်စ်စနစ်မှာ ဂျီပီအက်စ်ရီဆီဗာများဟာ အချိန်မှတ်အချက်ပြလှိုင်းများကို အနည်းဆုံးဂြိုဟ်တု သုံးလုံးမှဖမ်းယူပြီး မိမိတည်နေရာကို တွက်ချက်ရယူကြောင်း သိရှိပြီးပါပြီ။ အဲဒီဂြိုဟ်တုများကလာတဲ့ အချိန်မှတ်အချက်ပြလှိုင်း များဟာ အမေရိကန်ကာကွယ်ရေးဌာနက ဖန်တီးတဲ့အမှားများ (SA Errors) (၂-၅-၂၀၀၀ ခုနှစ်မှ စ၍ ပယ်ဖျက်ပြီး) နဲ့ သဘာဝအဟန့်အတား အနှောင့်အယှက်များကြောင့် တည်မှတ် ရှာဖွေသတ်မှတ်မှုမှာ အနည်းငယ် အမှားအယွင်း ရှိနေနိုင်ပါတယ်။
အထက်မှာ တင်ပြခဲ့သလိုပါပဲ အချိန်မှတ်အချက်ပြလှိုင်းများကို သက်ဆိုင်ရာဂြိုဟ်တုများက ထုတ်လွှင့်တဲ့အခါ အချိန်မှတ်နာရီ (Satellite Clock) ကို တမင်အမှားအယွင်းများ ဖန်တီးပေးခြင်းအားဖြင့် လည်းကောင်း ဂြိုဟ်တုပတ် လမ်းရဲ့ Orbital Data ကို အမှားအယွင်းဖန်တီးပေးခြင်းဖြင့်လည်းကောင်း selective availability ဆိုတဲ့ SA Error များကို အမေရိကန်ကာကွယ်ရေးဌာနက ဖန်တီးပါတယ်။
ဒါ့အပြင် အဲဒီအချက်ပြလှိုင်းများ ကမ္ဘာ့လေထုအပေါ်ယံအလွှာများဖြစ်တဲ့ Ionosphere နဲ့ Troposphere တို့ကို ဖြတ်သန်းလာတဲ့အခါမှာလည်း လေထုအနှောင့်အယှက်များကြောင့် အချိန်နှောင့်နှေးမှု အနည်းငယ် ဖြစ်ရပါတယ်။ ဒါ့အပြင် ပဲ့တင်လှိုင်း Multipath ကြောင့်လည်း အနှောင့်အယှက်ဖြစ်ရပြန်ပါတယ်။ ဒီအချက်အားလုံးက ဂျီပီအက်စ်ရဲ့ တိကျသေချာမှုကို ထိခိုက်စေပါတယ်။
Read more »
Scridb filter
Dec 09
ဦးအောင်ကြင် (Geological Consultant) (AK Associates)
(GPS များ၏ တိုင်းတာမှုစနစ်ပုံစံကို ပိုမို သဘောပေါက်နိုင်အောင် ဤနေရာတွင်ကလစ်လုပ်၍ ဖြည့်စွက် ကြည့်ရှုနိုင်ရန် ဖေါ်ပြလိုက်ရပါသည်။ geolfriends.com)
DGPS (ဒီဂျီပီအက်စ်)
သာမာန်ကိစ္စများအတွက်တော့ လက်ကိုင်ဂျီပီအက်(စ်)တစ်လုံးနဲ့တင် တိုင်းတာမှုဟာလုံလောက် နေပါပြီ။ သို့သော်လည်း တိကျစွာ တိုင်းတာလိုတဲ့ ကိစ္စရပ်များမှာတော့ ပိုမိုကောင်းမွန်တဲ့ ဂျီပီအက်(စ်) စနစ်ကို လိုအပ်ပါတယ်။ Differential GPS လို့ခေါ်တဲ့ တိုင်းတာနေတဲ့ ဂျီပီအက်(စ်)ရဲ့အမှားများကို အခြား known point မှာ ရှိတဲ့ ဂျီပီအက်(စ်)တစ်လုံးကနေ ပြင်ဆင်ချက် correction များစဉ်ဆက်မပြတ် ထုတ်ပေးနေပြီး ပြင်ဆင်တွက်ချက်ပေးနိုင်မဲ့ ဂျီပီအက်(စ်)စနစ် တစ်ခု လိုအပ်ပါတယ်။ ဒါကို ဒီဂျီပီအက်(စ်) DGPS စနစ်လို့ခေါ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ကျွန်တော်တို့ရဲ့ တည်မှတ် (position) ကိုဂျီပီအက်စ်စနစ်သုံးပြီး ရှာတဲ့အခါ အမေရိကန် ကာကွယ်ရေးဌာနက လွတ်တင်ထားတဲ့ ဂြိုဟ်တု ၂၄ လုံးကို အသုံးပြုရှာဖွေကြောင်း ပြောခဲ့ပြီးပါပြီ။ အဲဒီဂြိုဟ်တု ၂၄လုံးဟာ မြေပြင်ကနေ တိကျတဲ့အကွာအဝေးမှာရှိတဲ့ (circular orbit) ကမ္ဘာပတ်လမ်း ကြောင်းထဲမှာ လှည့်လည်နေကြပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့ ဂျီပီအက်စ်ရီဆီဗာဟာ အဲဒီဂြိုဟ်တုများက စဉ်ဆက်မပြတ်လွှင့် ထုတ်နေတဲ့ ရေဒီယိုအချက်ပြလှိုင်း (electronic signals) များကို ဖမ်းယူအသုံးချပြီး ကျွန်တော်တို့နှင့် ဂြိုဟ်တုအကွာအဝေး (distance) ဘယ်လောက်ရှိတယ် ဆိုတာကို တွက်ချက်ရယူ ပါတယ်။
Read more »
Scridb filter
Dec 04
GPS(ဂျီပီအက်စ်)
ဦးအောင်ကြင် (Geological Consultant) (AK Associates)
ဂျီပီအက်စ်နဲ့ပါတ်သက်ပြီး၊ ကျွန်တော်အပိုင်းသုံးပိုင်းခွဲပြီးတင်ပြသွားပါမယ်။ ပထမအပိုင်းက GPS concept ဖြစ်ပြီး၊ ဒုတိယအပိုင်းက GPS ကိုအသုံးပြုနည်းနဲ့၊ အသုံးပြုရာမှာတွေ့ကြူံရတဲ့ အခက်အခဲနဲ့ ဖြေရှင်းရမဲ့နည်းလမ်များ၊ တတိယအပိုင်းက GPS ကို ဘူမိသိပ္ပံပညာရပ် (Geoscience) နဲ့ သတ္တုကဏ္ဍ (Mining Industry) မှာထိရောက်စွာ အသုံးပြု နေကြပုံများအကြောင်းဘဲ ဖြစ်ပါတယ်။
ဂျီပီအက်စ်နဲ့ပါတ်သက်ပြီး၊ တင်ပြချက်များဟာ ကျွန်တော်လေ့လာထားတဲ့ စာအုပ်စာတမ်းများ downloaded Internet Survey File များ Instrument Brochure များက ထုတ်နှုတ်တင်ပြတာဖြစ်ကြောင်း ရှေးဦးစွာ ၀န်ခံပြောကြားလိုပါတယ်။ အဓိကကြောရိုးအဖြစ်နဲ့ လွန်ခဲ့တဲ့ ၈နှစ်လောက်က ၂၀၀၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလထုတ် ရတီမဂ္ဂဇင်းများမှာ ကျွန်တော်ရေးခဲ့ဘူးတဲ့ ဆောင်းပါး (၃) ပုဒ်ပါ အချက်အလက်များကို အခြေခံထားပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ ဘူမိသိပ္ပံပညာရှင်များ ဂျီပီအက်စ်ကို အသုံးပြုတဲ့အခါမှာ ပိုမိုထိရောက် စွာအသုံးပြုနိုင်စေရန် ကျွန်တော် တွေ့ကြုံခဲ့ရဘူးတဲ့ အခက်အခဲနဲ့ အတွေ့အကြုံများကို အခြေခံပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။
ဂျီပီအက်စ်နဲ့ပါတ်သက်ပြီး ကျွန်တော်သိရှိသမျှဟာ အနည်းငယ်မျှဘဲ ရှိပါတယ်။ ဂျီပီအက်စ်ကို အမြဲ ထိတွေ့နေရတဲ့၊ surveyor များက ကျွန်တော့်ထက်ပိုမိုပြီး၊ တတ်သိကျွမ်းကျင် ကြပါတယ်။ ကျွန်တော့် ထက်ပိုမိုသိရှိ တတ်ကျွမ်းသူ ပညာရှင်များကလည်း၊ ပါဝင်ဖြည့်စွက်အကြံ ပြု ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
Read more »
Scridb filter