Jan 29

ဒေါက်တာမြင့်လွင်သိမ်း အနှစ် ၂၀ ပြည့် အထိမ်းအမှတ်အခန်းအနား

ဒေါက်တာမြင့်လွန်သိမ်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ် အခန်းအနားနှင့် ၁၉ ဦးမြောက် ဒေါက်တာမြင့်လွင်သိမ်း ပညာရည်ချွန်ဆုပေးပွဲကို ဆရာ

Dr Myint Lwin Thein 20th Memorial

မကွယ်လွန်မှီ ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့ရာ အသုံးချဘူမိဗေဒဌာန၊ တက္ကသိုလ်များ (လှိုင်နယ်မြေ) တွင် ၂၉-၁-၂၀၁၀ နေ့ ၁၂ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။ အခန်းအနားတွင် ဆရာနှင့် လုပ်ဖော်ကိုင်ဖက် ဆရာကြီးများဖြစ်သော ဒေါက်တာဦးသိန်း၊ ဦးသန်းဌေး၊ ဒေါက်တာဝင်းဆွေ၊ ဦးမေတ္တာတို့က အမှတ်တရစကားများပြောကြားခဲ့ကြပြီး ၁၉ ဦးမြောက် ဆုရကျောင်းသား မောင် အောင်ထွဋ်ဆွေ (Petroleum Geology) အား ဆုချီးမြှင့်ခဲ့သည်။ ဒေါက်တာမြင့်လွင်သိမ်း၏ ဇနီးနှင့် သမီး တို့ တက်ရောက်ကြပြီး လွန်ခဲ့သော ၁၅ နှစ်အတွင်း ဒေါက်တာမြင့်လွင်သိမ်းနှစ်ပတ်လည် စာတမ်းဖတ်ပွဲများမှ စာတမ်းအကျဉ်းပေါင်းချုပ် စာအုပ်များကို လက်ဆောင်အဖြစ် တက်ရောက်သူ ဆရာ/ဆရာမ ကျောင်းသူ၊ ကျောင်းသားများအားပေးအပ်ခဲ့ကြကြောင်းသိရပါသည်။

Share/Save/Bookmark

Scridb filter
Jan 20

သက်တမ်းအရင့်ဆုံး နို့တိုက်သတ္တ၀ါ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိ

oldest-primate-fossil

၇ ဇန်န၀ါရီလ ၂၀၁၀။ ဘန်ကောက်ပို့စ်

ထိုင်းနိုင်ငံတောင်ပိုင်း ကရာဘီ (Krabi) ပြည်နယ်က စွန့်ပစ်ထားတဲ့ ကျောက်မီးသွေးမိုင်းဟောင်း တစ်ခုမှာ လွန်ခဲ့သောနှစ်ပေါင်း ၃၅ သန်းလောက်က ကမ္ဘာမြေပေါ်မှာ ကျင်လည်ကျက်စားခဲ့တဲ့ ကမ္ဘာ့သက်တမ်းအရင့်ဆုံး နို့တိုက်သတ္တ၀ါ ကျောက်ဖြစ်ရုပ်ကြွင်း (primate) တွေကို တွေ့ရှိခဲ့တယ်လို့ ရှေးဟောင်းသုတေသန ပညာရှင်များက အတည်ပြုပြောဆို လိုက်ပါတယ်။
အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းကို သတ္တုနှင့်သယံဇာတ ဦးစီးဌာနက ရှေးဟောင်းသုတေသန ပညာရှင်များက လွန်ခဲ့သော ၁၄ ကတည်းက တွေ့ရှိခဲ့တာ ဖြစ်ပြီး Siamopithecus eocaenus လို့ အမည်ပေးထားပါတယ်။
ကျောက်ဖြစ်ရုပ်ကြွင်းရဲ့ သက်တမ်းအတည်ပြုချက်ကို နိုဝင်ဘာလထုတ် Anatomical Record သိပ္ပံဂျာနယ်မှာ ဖေါ်ပြထားပါတယ်။
ဒီလို ရှာဖွေတွေ့ရှိချက်ဟာ ယခုအချိန်အထိ နို့တိုက်သတ္တ၀ါတွေရဲ့ ရင်းမြစ်အစဟာ အာဖရိက မဟုတ်ဘဲ အာရှဖြစ်တယ်ဆိုတာ အကောင်းဆုံး သက်သေပြနိုင်မှု ဖြစ်တယ်လို့ ဦးစီးဌာနရဲ့ ၀ါရင့် ကျောက်ဖြစ်ရုပ်ကြွင်း ကျွမ်းကျင်သူလည်းဖြစ်၊ ရှေးဟောင်းသုတေသန အသင်း၏ အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်သည့် Yaowalak Chaimanee က ပြောပါတယ်။
အာဖရိကမှာတွေ့ရှိတဲ့ သက်တမ်းအရင့်ဆုံး နို့တိုက်သတ္တ၀ါ ကျောက်ဖြစ်ရုပ်ကြွင်းဟာ နှစ်ပေါင်း ၃၂သန်း ရှိတယ်လို့ သူမက ဆိုပါတယ်။
Nua Khlong ခရိုင်က သတ္တုတွင်းဟောင်းတစ်ခုမှာတွေ့ခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေမှာ မျက်ရိုးကို တွဲလျက်ရှိနေတဲ့ ညာဘက်အောက်အံသွားများနှင့် အပေါ်ဘက် ဘယ်ညာအံသွားတွေ ပါဝင်ပါတယ်။ ဒါတွေဟာ ကျွန်မတို့ အခုအထိ နိုင်ငံထဲမှာတွေ့ရှိခဲ့တဲ့ အထဲမှာ ကောင်းမွန် အပြည့်စုံဆုံး နို့တိုက်သတ္တ၀ါ ကျောက်ဖြစ်ရုပ်ကြွင်း အစိတ်အပိုင်းတွေဘဲ ဖြစ်ပါတယ်လို့ သူမက ပြောပါတယ်။ ထိုင်းနိုင်ငံက ရှေးဟောင်းသုတေသန ပညာရှင်တွေဟာ ပြင်သစ်နဲ့ ဆွစ်ဇာလန်မှ ကျွမ်းကျင်သူများနှင့် ကျောက်ဖြစ်ရုပ်ကြွင်း လေ့လာမှုအတွက် အနီးကပ် ပူးပေါင်းဆောင်ရွက်နေပြီး ဒီကျောက်ဖြစ်ရုပ်ကြွင်းဟာ မျောက်လွှဲကျော်နဲ့ အရွယ်အစားတူညီကာ အလေးချိန် ၇ ကီလို လောက်လေးတယ်လို့ တွက်ဆထားကြပါတယ်။
မစ္စစ် Yaowalak ရဲ့အဖွဲ့ဟာ ၁၉၉၅ အတွင်းတုန်းက အဲဒီနေရာမှာဘဲ ထိုင်းလူဝံ (Siam Ape) လို့သိကြတဲ့ Siamopithecus eocaenus ရဲ့ အပေါ်နဲ့အောက် အံသွားတွေရယ် သွားအနည်းငယ်ကို တွေ့ရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် ၁၉၉၆ မှာတွေ့ရှိမှုလောက် မပြည့်စုံပါဘူး။
ထိုင်းလူဝံ (Siam Ape) ဟာ Amphipithecidae မျိုးနွယ်ဝင်ဖြစ်ပြီး Nature magazine က ကမ္ဘာ့နို့တိုက်သတ္တ၀ါမျိုးစိတ်အသစ်လို့ ၁၉၉၇ တုန်းက မှတ်တမ်းတင်ဖေါ်ပြခဲ့ပါတယ်။

Share/Save/Bookmark

Scridb filter
Jan 13

TerraMap ၏ Land Survey Training

နောင်တွင် လိုအပ်လာမည့် လူသားအရင်အမြစ်ဖွံ့ဖြိုးရေးနှင့် ကုမ္ပဏီ၏ လိုအပ်လာသည့် ကျွမ်းကျင်ဝန်ထမ်းများ ခန့်ထားရေးတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ မြေတိုင်းပညာရပ်နှင့် ပတ်သက်ပြီး အခြေခံ သီအိုရီများအပြင် လက်တွေ့ အသုံးချနိုင်အောင် သင်ကြားပေးမည့် သင်တန်းတစ်ခုကို TerraMap Company မှ ဖွင့်လှစ်မည်ဟု သိရှိရသည်။ အဆိုပါ ကုမ္ပဏီသည် ရွှေဘိုဒေသ MOGE Block C2 လုပ်ကွက်တွင် RTK GPS စနစ်ဖြင့် ကီလိုမီတာ (၁၇၀၀)ကျော်ရှိ Seismic Survey လုပ်ငန်းများအား ၂၀၀၉ ခုနှစ် နှောင်းပိုင်းတွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်သည်။ ယခုအခါ မင်းဘူး-မန်းရေနံမြေတွင် Seismic Survey လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက် ရှိသည်။
အတွေ့အကြုံရှိသော ပညာရှင်များနှင့် အချိန်ကာလတိုအတွင်း တိုးတက်အောင်မြင်လာသော ကုမ္ပဏီဖြစ်သည့် အပြင် နာဂစ်မုန်တိုင်း တိုက်ခိုက်ခံရ ပြီးချိန်တွင်လည်း ပြည်သူများနှင့် ပညာရှင်များ လေ့လာ၊ ကူးယူအသုံးပြုနိုင်ရန် Irrawaddy Delta Map များကို အခမဲ့လွင့်တင်ပေးထားခဲ့သော ကုမ္ပဏီလည်းဖြစ်သည်။
သင်တန်းတက်ရောက်ရန် စိတ်ဝင်စားသူများသည် အဆိုပါ ကုမ္ပဏီရုံးခန်းတည်ရှိရာ အမှတ် (၄၂-ခ)၊ အခန်း (၄-ခ)၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁-၅၅၃၈၇၅၊ ၄၀၀၅၉၉ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

TM-yangontime [640x480]

Share/Save/Bookmark

Scridb filter
Jan 11

ဘူမိဗေဒကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲ ကျင်းပမည်

၁၉၈၁ ခုနှစ် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဘူမိဗေဒကျောင်းသားဟောင်းများ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဖေဖေါ်ဝါရီ ၂၀ ရက် (စနေနေ့) နံနက် ၉ နာရီတွင် အမှတ် (၁၆၄-၁၆၈) ၀ါးတန်းလမ်း(အထက်)ရှိ Doreen Burger & Snacks ဆိုင်၌ ကျင်းပမည်ဖြစ်ပါ၍ ကျောင်းသားဟောင်းများ တက်ရောက်ကြပါရန်နှင့် အလှူငွေများကို

ဦးညီညီ – ဖုန်း-၀၉ ၅၀၁၉၆၄၃

ဦးရဲမြတ်စိုး – ဖုန်း-၀၉ ၅၀၁၈၆

ဦးဇော်ဝင်းဦး – ဖုန်း-၀၉ ၅၀၀၄၄၄၅

ဦးမြတ်ဇော် – ဖုန်း-၀၉ ၈၀၂၂၁၁၁

ဦးကျော်ရှိန်သန်း – ဖုန်း-၀၉ ၅၁၈၃၁၂၃

ကိုညွန့် – ဖုန်း-၇၂၅၇၃၆

ဦးဥာဏ်မင်းဒင် – ဖုန်း-၀၉ ၅၁၈၂၆၆၉

ဦးမျိုးသန့် – ဖုန်း-၀၉ ၅၁၄၁၄၈၀

ဦးသော်တာဆွေ – ဖုန်း-၇၀၁၁၈၇

ဦးစောမြင့် – ဖုန်း-၀၉ ၅၀၄၂၁၈၆

ဦးဝင်းမောင် – ဖုန်း-၀၉ ၅၁၇၃၀၈၀

တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

Share/Save/Bookmark

Scridb filter
Jan 01

မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း၏ ၂၀၁၀ နှစ်ဦး Workshop

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ workshop များကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိရာ ယခု ၂၀၁၀ခုနှစ် နှစ်ဦးအစီအစဉ်အဖြစ် လှိုင်တက္ကသိုလ်နယ်မြေ၊ မြန်မာနိုင်ငံဘူမိဗေဒအသင်းချုပ်ရုံးခန်းတည်ရှိရာ MES အသင်း အဆောက်အဦ၌ ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ ၂ရက် (စနေနေ့) နံနက် ၉နာရီတိတိတွင် Centre of Excellence in Ore Deposits, University of Tasmania မှ Prof. Khin Zaw၊ ဂျပန်ဘူမိဗေဒပညာရှင် Takayuki ManaKa နှင့် မြန်မာနိုင်ငံမှ ဘူမိဗေဒပညာရှင် ဦးဇော်နိုင်ဦး တို့မှ Ore Deposit Models in Southeast Asia နှင့်ပတ်သက်၍ ဟောပြောမည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရပါသည်။

Prof. Khin Zaw - Overview of tectonics and metallogeny in SE Asia

- Epithermal Systems in SE Asia

- Copper, Gold Skarn System in SE Asia

- Sediment hosted Gold Systems in SE Asia

- Orogenic Gold Deposits in SE Asia

Takayuki Manaka - Epithermal Gold System in Laos

ဦးဇော်နိုင်ဦး - Geology and mineralization characteristics of Meyon Gold Deposit,

Mon State, Southern Myanmar

Share/Save/Bookmark

Scridb filter
Page 1 of 212»