Mar 26

Earth Hour ၂၀၁၀ ပါဝင်ဆင်နွဲနိုင်

earthhour_2010

Earth Hour ကို ယခု ၂၀၁၀ခုနှစ် မတ်လ ၂၇ ရက်နေ့ ဒေသစံတော်ချိန် ည ၈နာရီခွဲမှာ ကမ္ဘာတစ်ဝှမ်းက မြို့ကြီးတွေမှာ ထပ်မံပြီး ကျင်းပကြမှာဖြစ်ပါတယ်။
Earth Hour ကို World Wide Fund For Nature (WWF) ရဲ့စည်းရုံးလှုံ့ဆော်မှုနဲ့ ၂၀၀၇ ခုနှစ်က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ အိမ်များနဲ့ စီးပွားရေးလုပ်ငန်းပေါင်း ၂.၂သန်းက သူတို့ရဲ့ လျှပ်စစ်မီးများကို တစ်နာရီတိတိ ပိတ်ပြီး ကမ္ဘာကြီးပူနွေးပြီး ရာသီဥတု ဖောက်ပြန်လာမှုကို လူတွေသတိပြုမိစေဖို့ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်တစ်နှစ်မှာတော့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအနေနဲ့ဖြစ်လာပြီး နိုင်ငံပေါင်း ၃၅နိုင်ငံက သန်းပေါင်း ၅၀ သော လူသားတွေ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ Sydney Harbour Bridge, Toronto က CN Tower, San Francisco က Golden Gate Bridge နဲ့ Rome ရဲ့ Colosseum တို့လို အထက်ကရ နေရာများမှာ မီးမှောင်ချခြင်းနဲ့ မျှော်လင့်ခြင်းသင်္ကေတ တွေကို ပြသခဲ့ပါတယ်။ ၂၀၀၉ မတ်လမှာတော့ တတိယအကြိမ်မြောက် Earth Hour ကို နိုင်ငံပေါင်း ၈၈ နိုင်ငံရဲ့ မြို့ပေါင်း ၄၀၀၀ကျော်မှ သန်းပေါင်းရာချီတဲ့ လူသားတွေ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။
နာရီနဲ့အမျှတိုးပွားလာတဲ့ ပူနွေးမှုများဖြင့် ရာသီဥတုတွေကြီးမားစွာ ဖေါက်ပြန်ပြောင်းလဲနေတဲ့ ကမ္ဘာမြေကြီးအတွက် Earth Hour ကို ပူးပေါင်း ပါဝင်နိုင်ကြပါသည်။
Earth Hour ၏ အသေးစိတ် အချက်အလက်များကို http://www.earthhour.org တွင် လေ့လာကြည့်ရှု နိုင်ပါသည်။

Share
Mar 24

San Andreas Fault အကြောင်း အင်တာနက်စာမျက်နှာ

Address : http://sanandreasfault.org

sanandreastfaultအမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား (California) ကနေ မက္ကဆီကိုနိုင်ငံ ဘဂျကယ်လီဖိုးနီးယား (Baja California) အထိ ကီလိုမီတာ ၁၃၀၀ လောက် (မိုင်ပေါင်း ၈၁၀ ခန့်) ရှည်လျားတဲ့ နာမည်ကျော် San Andreas Fault အကြောင်းကို လွှင့်တင်ပေးထားတဲ့ website တစ်ခုကို ရည်ညွှန်းချင်ပါတယ်။ Geologist များအတွက် လေ့လာမှုတွေမှာ ပါဝင်လေ့ရှိတဲ့ fault တစ်ခုလည်းဖြစ်ပါတယ်။ သူဟာ transform fault တစ်ခုပါ။ သူ့ရဲ့ရွှေ့လျားမှုကတော့ right-lateral strike-slip (horizontal motion) ဖြစ်ပြီး။ Pacific Plate နဲ့ North American Plate ကြားမှာ tectonic boundary အနေနဲ့ တည်ရှိနေပါတယ်။
ဒီဆိုဒ်ကို David Lynch ကလွှင့်တင်ထားတာဖြစ်ပြီး။ San Andreas Fault နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ၊ ဓါတ်ပုံတွေနဲ့ အခြား သူနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေ ပါရှိတဲ့ web resources တွေကို လည်း ချိတ်ဆက်ပေးထားပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှ နာမည်ကျော် Sagaing Fault အကြောင်းကိုလည်း ပြည်တွင်း၊ ပြည်ပ လေ့လာလိုသူများအတွက် San Andreas Fault ကဲ့သို့ လွှင့်တင်ပေးနိုင်ခဲ့မယ်ဆိုရင် လွန်စွာမှ အကျိုးရှိနိုင်မယ်လို့ မှန်းဆကြည့်မိရင်း ဒီ San Andreas Fault အကြောင်း website ကို လက်တို့ ညွှန်းဆိုလိုက်ပါတယ်။

Share
Mar 18

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ဟောပြောပွဲ

ရန်ကုန်၊ မတ် ၁၈။
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း Geotechnical Engineering Technical Division က ကြီမှူးပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ပညာပေး ဟောပြောပွဲကို မတ် ၁၇ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အဆောက်အအုံ၌ ကျင်းခဲ့ကြောင်းသိရသည်။
အဆိုပါ ဟောပြောပွဲတွင် တိုကျိုတက္ကသိုလ်မှ ပါမောက္ခများဖြစ်ကြသော Prof. Dr.Towhata က “Simple Early Warning System of Slope Failures Caused by Heavy Rain Fall” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Prof. Dr.Mirsu Okamura က Risk Assessment of Retaining Walls in Mountains Areas ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော ပို့ချခဲ့ကြောင်းသိရှိရသည်။

Share
Mar 14

ဦးတင်လှိုင် (ဘဓရ) ကွယ်လွန်

U Tin Hlaing with his colleagues, during the MGS's research field in 2006 to Pa-an areaဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး Ivanhoe Myanmar Holding Ltd. ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဆရာဦးတင်လှိုင် (၁၉၆၇ ဘွဲ့ရ) သည် သယံဇာတဆိုင်ရာ ကွင်းဆင်းခရီးစဉ်အတွင်း မတ်လ ၁၁ ရက်နေ့ ညပိုင်းက ကောလင်းမြို့တွင် ကွယ်လွန် သွားကြောင်းသိရှိရပါသည်။ ဦးတင်လှိုင်သည် Dr. Andrew Mitchell နှင့်တွဲဖက်၍ မြန်မာနိုင်ငံ ဘူမိဗေဒ သုတေသန ဆောင်းပါးများစွာ ရေးသားထုတ်ဝေခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ဗဟိုအလုပ်အမှုဆောင် တစ်ဦးလည်း ဖြစ်ပါသည်။ မျက်မှောက်ခေတ် မြန်မာနိုင်ငံဘူမိဗေဒလောက အတွက် contribution များစွာရှိခဲ့သူ ဦးတင်လှိုင် ရုတ်တရက်ကွယ်လွန်ခြင်း အတွက် Geolfriends မှ အထူးပင် ၀မ်းနည်းကြေကွဲမိ ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

Share
Mar 13

မြန်မာနိုင်ငံ မုန်တိုင်းဘေးအန္တရာယ် အခြေပြ

ဒေါက်တာ စံလှသော်၊ ဦးစိုးသူရထွန်း
(Hazard Profile of Myanmar, July 2009 မှ ထုတ်နုတ် ပြန်ဆိုပါသည်။)

မြန်မာနိုင်ငံ၏ ပထ၀ီဝင်အနေအထားသည် မုန်တိုင်းများနှင့် ယင်းတို့နှင့် တွဲဖက်သော ပြင်းထန်သည့် မိုးလေ၀သ အခြေအနေများ၊ ပင်လယ်လှိုင်းများ၏ အန္တရာယ် ကို မျက်နှာပြုနေပါသည်။ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်သော ဆိုင်ကလုန်း မုန်တိုင်းအရေအတွက်သည် ပျှမ်းမျှအားဖြင့် (၃) နှစ် တစ်ကြိမ် ဖြစ်သော်လည်း ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် နှစ်စဉ်လိုလို ၀င်ရောက်နေကြောင်းတွေ့ရပါသည်။ မုန်တိုင်းသွားရာလမ်းကြေင်းများသည် လတ္တီကျု အနေအထားနှင့် ပြန်လည်ကွေးညွှတ်မှု ပုံသဏ္ဍန် များကြောင့် ခန့်မှန်းရန် ခက်ခဲတတ်ပါသည်။ လမ်းကြောင်း ပြန်လည်ကွေးညွှတ်သည့် လတ္တီကျုသည် တစ်ဖြည်းဖြည်း နိမ့်ဆင်းလာ (တောင်ဖက်သို့ရောက်လာ) ပြီး နာရီပိုင်းအတွင်း ရုတ်တရက် လမ်းကြောင်းပြောင်းမှုများ တစ်နှစ်နှင့်တစ်နှစ် သိသာလာပါသည်။ ဒေသ၏ ထိခိုက်ခံရနိုင်ခြေ မြင့်မားမှုကြောင့် နာဂစ်မုန်တိုင်းတွင် ထိခိုက်မှုသည် အလွန်ကြီးမားခဲ့ရသည်။ တာဝန်ရှိအဖွဲ့အစည်းများချင်း ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ရပ်ရွာလူထု ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခြင်းနှင့် အရည်အချင်းမြှင့်တင်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ထိခိုက်နိုင်ခြေ ကို လျှော့ချကြရန် လိုအပ်ပေသည်။

Read more »

Share
Page 1 of 212