May 31

လောင်းကစားဆန်သော ရေနံရှာဖွေရေးလုပ်ငန်း

ညီညီစိုး (ရေနံဘူမိဗေဒပညာရှင်)

The Mississippi Canyon Block 252 project, Gulf of Mexico, Water depth 5000ft America

America ရဲ့ ကမ်းလွန် ပင်လယ်ပြင် Gulf of Mexico မှာ ဧပြီလ လ၂၀ရက်နေ့က BP (British Petroleum)ရဲ့ ရေနံတူးစင်ပေါက်ကွဲမီးလောင်ပြီး ပင်လယ်ထဲကို နစ်မြုပ် သွားရပါတယ်၊ ဒီ အဖြစ်အပျက်ဟာ America ရဲ့ ကမ်းလွန်မှာ နှစ်ပေါင်း ၃၀ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဆိုးဝါးဆုံး ရေနံတူးစင်ပေါက်ကွဲမှု ဖြစ်ပါတယ်၊ ပေါက်ကွဲမှု့ဖြစ်အပြီး ပင်လယ်ကြမ်းပြင်က ရေနံတွေ ဆက်တိုက်ယိုစိမ့်ထွက်လာနေတာ ရက်သတ္တပတ် (၆)ပတ်ကျော်လို့ (၇)ပတ်ထဲရောက်နေပါပြီ တနေ့ကို ရေနံစည် ၂၀၀၀ ကနေ ၅၀၀၀ အကြား စီးထွက်လာနေတယ်လို့ သတင်းများကဆိုပါတယ်။ ထွက်လာနေတဲ့ များပြားလှတဲ့ ဒီရေနံ တွေဟာ America ရဲ့ ကမ်းလွန် သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးလှစွာ ထိခိုက်နေပါပြီ။
ဒီအဖြစ်အပျက်မှာ BP နဲ့ သူ့ရဲ့sub-contractor တွေကြား ဘယ်သူ့မှာ တာဝန်ရှိတယ်ဆိုတာ ကို အငြင်းအခုန်ဖြစ်ပြီး တယောက်ကို တယောက် အပြစ်တင်နေကြပါတယ်။
တကယ်တော့ ရေနံတူးဖော်ခြင်းဟာ ကြေးကြီး လောင်းကစား နည်း တမျိုး ပါဘဲ။ ယခု shallow water မှာ တူးတဲ့ တွင်းတွေတောင် ကုန်ကျစရိတ် က တနာရီကို ဒေါ်လာ ၂၅၀၀၀ ခန့် ( 2006-2007 ဈေး) ရှိပါတယ် တရက်ကို (၆)သိန်းဆိုတော့ ကျနော်တို့နိုင်ငံမှာ ကမ်းလွန် တွင်း ၁ တွင်းကို ပျမ်းမျှ ဒေါ်လာ ၂၀သန်း ခန့် ကုန်ပါတယ် ရေနက်ပိုင်းနဲ့ technical အရ ခက်ခဲတဲ့ နေရာတွေ (ဥပမာ ရခိုင်ကမ်းလွန်) ဆို ကုန်ကျစရိတ် က ၂ ဆခန့်ဖြစ်သွား နိုင်ပါတယ် အောင်မြင်ပါက အကျိုးခံစားရမှာဖြစ်သလို ယခုလို ဆုံးရှုံးပါကလည်း ရေထဲ ခဲ ပစ်ချ လိုက်တာကမှ အသံကြားရပါလိမ့်မယ် နောက်ဆက်တွဲ အကျိုးဆက်ကတော့ မြင်တဲ့ အတိုင်းပါဘဲ။ ဆုံးရှူံးမှုအတိုင်းတာ ဘယ်ရွေ့ ဘယ်လောက် အထိရောက်မယ် မခန့်မှန်းနိုင် အောင်ပါဘဲ။

Read more »

Share/Save/Bookmark

Scridb filter
May 30

စင်္ကာပူ မြန်မာဘူမိအဖွဲ့၏ ပညာရပ်ဟောပြောပွဲ ကျင်းပမည်

ယခင်နှစ်က စတင်ဖွဲ့စည်းခဲ့သော Myanmar Geologists Society Singapore (MGSS) ၏ ပထမအကြိမ် Technical Seminar တစ်ရပ်ကို လာမည့် ဇွန်လ ၆ ရက် (တနင်္ဂနွေနေ့) တွင် တိုးဖားယိုးအရပ်ရှိ မြန်မာဘုန်းတော်ကြီးကျောင်းအနီး NS-JOM Club House တွင် ကျင်းပမည်ဟု ၀မ်းမြောက်ဖွယ် ကြားသိရပါသည်။ ကြေညာထားသည့် speaker များ နှင့် title များမှာ -

1. Late Pleistocene Geology of Singapore emphasising on Kallang Formation (U Aung Kyaw Htoon / U Kyi Yu)

2. The Occurrence of Old Alluvium, Singapore (U Naing Maw Than)

3. Practical Approach to Rocks of Jurong and Bukit Timah Formations (Dr. U Khin Maung Latt)

4. Common Site Investigation Practices in Singapore (U Aung Khaing Swe/ U Khin Latt)

အတွေ့အကြုံရှိ geologists များအတွက် ဆွေးနွေးဖွယ်၊ မျိုးဆက်သစ်များအတွက် စိတ်ဝင်စားဖွယ် ဗဟုသုတပြည့်စေမည့် ခေါင်းစဉ်များဖြစ်ကြောင်း တွေ့ရပါသည်။

Share/Save/Bookmark

Scridb filter
May 19

ကျောက်မျက်တို့၏ ယုံကြည်မှု သမိုင်းကြောင်း (အပိုင်း -၁)

(Yati Magazine, Volume 6, No.71, Feb 2010 မှ ကူးယူဖေါ်ပြပါသည်။)
သိန်းပိုင် (M.Engg.Geol.)

သမိုင်းဦးခေတ်အစကတည်းက တောင်တန်းများနှင့် ကျောက်သားကျောက်စိုင်များ၊ ကျောက်တုံးကျောက်ခဲများနှင့် ကျောက်မျက်တို့သည် လူသားတို့၏ ဆင့်ကဲတိုးတက် ပြောင်းလဲခြင်း ဖြစ်စဉ်တွင် မပါမဖြစ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပေသည်။ အီဂျစ် ဖာရိုဘုရင်များ၏ သင်္ချိုင်းဂူများ၊ အင်းကန်ဘုရားကျောင်း အပျက်အစီးများကို ရှာဖွေတွေ့ရှိခြင်း သို့မဟုတ် ကမ္ဘာမြေကြီးအတွင်းမှ တူးဖော်ရရှိခဲ့သော အဖိုးတန် ကျောက်မျက်ရတနာများသည် မဆုံးနိုင်သော ညှို့ဓာတ်များဖြင့် အာရုံဖမ်းစားထားခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
အလွှာလိုက် အလွှာလိုက် အထပ်လိုက်ဖြစ်တည်နေသော ကမ္ဘာ့အပေါ်ယံအလွှာတွင် အပင်နှင့် တိရစ္ဆာန်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် တွင်းထွက်များ ပါဝင်နေပါသည်။ ယင်းတို့သည် သဘာဝနည်းလမ်းအားဖြင့် ဒြပ်စင်များမှသည် ဒြပ်ပေါင်းများ၊ တွင်းထွက်ပုံဆောင်ခဲ အနေအထားများ၊ လူသားတို့၏ အရိုးစုများနှင့် ဗိသုကာလက်ရာများအပြင် အခြားဂြိုလ်ကမ္ဘာမှ ပဲ့ထွက်လာသော ဥက္ကာခဲများအထိ ပါဝင်နေကြပါသည်။ သိပ္ပံပညာရှင်များသည် ကျောက်လွှာများကို လေ့လာခြင်းအားဖြင့် ကမ္ဘာကြီးနှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကိုသာမက ကျွန်ုပ်တို့၏ စကြ၀ဠာကြီးအကြောင်းကိုလည်း ရှာဖွေ တွေ့ရှိနိုင်ပေသည်။

Read more »

Share/Save/Bookmark

Scridb filter
May 05

Facebook ပေါ်က Myanmar Geologists Community (MGC)

geo facebook

တကမ္ဘာလုံးမှာ ရောက်ရှိပြန့်နှံ့နေတဲ့ Myanmar Geologist များအတွက် အချင်းချင်း ဆက်သွယ်၊ ကူညီ၊ ပံ့ပိုးမှုများ ပြုလုပ်နိုင်ရန် Community Network တစ်ခုကို Facebook ပေါ်မှာ တွေ့ရပြီဖြစ်ပါတယ်။ ပူးပေါင်းပါဝင်နိုင်တဲ့ လိပ်စာကတော့ http://en-gb.facebook.com/group.php?gid=208426362499 ဖြစ်ပါတယ်။
Group Facebook of Myanmar Geologists Community (MGC) ကို ဖန်တီးသူကတော့ ၁၉၈၇ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒကျောင်းဆင်း Dr.Soe Moe Kyaw Win ဖြစ်ပါတယ်။ တွဲဖက်ပါဝင် ပံ့ပိုးသူကတော့ စင်ကာပူရောက် ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒကထိကဟောင်း U Naing Maw Than ဖြစ်ပါတယ်။
မကြာခင်က geolfriends.com ရဲ့ guest book မှာ တွေ့ရတဲ့ geo sithu ဆိုတဲ့ ဒဂုံတက္ကသိုလ်၊ ဘူမိဗေဒကျောင်းဆင်း တစ်ယောက်က ဖန်တီးချင်တယ်ဆိုတဲ့ စိတ်ကူးစိတ်သန်း တစ်ခုလည်းဖြစ်ပါတယ်။
မည်သူက စတင်ခဲ့သည်ဖြစ်စေ ရည်ရွယ်ချက်တူညီသော စိတ်ကူးများဖြင့် ဖြစ်ပေါ်စေလိုခဲ့ကြသော နိုင်ငံတကာမှ Myanmar Geologist များအတွက် Community Netwrok တစ်ခု Facebook ပေါ်မှာ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်တာမို့ geolfriends အဖွဲ့သားများမှ ၀မ်းပန်းတသာ ကြိုဆိုလိုက်ရပါသည်။

Share/Save/Bookmark

Scridb filter