Jun 23

အာကာသဘူမိဗေဒ?

ဆန်းမွန်

သူငယ်ချင်းတို့ရေ့ ဒီတခါ ပြောပြချင်တဲ့ အကြောင်းအရာကတော့ နောင် ဖြစ်လာဖွယ် ရှိတဲ့ ဘူမိဗေဒ ဘာသာရပ်သစ် တစ်ခုအကြောင်း ပါဘဲ။ သိပ်ပြီး ဝေးသေးတယ်လို့တော့ မထင်လိုက်နဲ့ဦး၊ အီလက်ထရွန်းနစ် ခေတ်မှာ အရာအားလုံး မြန်မြန်ဆန်ဆန် ဖြစ်ပေါ် ပြောင်းလဲ နေတယ် မဟုတ်လား။ မင်းတို့ တတွေလဲ သိသင့်တယ် ထင်လို့ မျှဝေလိုက် ရပါတယ်။

Itokawa ၏ မျက်နှာပြင်ပေါ်မှ Hayabusa ဂြိုလ်တုကို ကွန်ပြူတာဖြင့် ပုံဖေါ်ထားပုံ

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလက လွှတ်တင်ထားခဲ့ပြီး ဟိုးဝေးလံလှတဲ့ အာကာသထဲက ဂြိုလ်သိမ် ဂြိုလ်မွှား တစ်ခုကို လေ့လာနေခဲ့တဲ့ မောင်းသူမဲ့ ဂြိုလ်တုငယ် တစ်လုံးဟာ ခုတော့ ကမ္ဘာ့မြေပြင်ကို အောင်မြင်စွာ ပြန်ဆင်းသက်နိုင်ခဲ့ပြီ။ အာကာသသိပ္ပံ ဘာသာရပ်ရဲ့ မှတ်တိုင်သစ် တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့တဲ့ ဒီစီမံကိန်းဟာ အခက်အခဲတွေ အများကြီးထဲက ဆန်းသစ်လှတဲ့ နည်းပညာရပ်တွေနဲ့ ပြည့်နက်နေတယ်။ စီမံကိန်းရဲ့ ပင်မရည်ရွယ်ချက် က အီတိုကာဝါ (Itokawa) လို့ အမည်ပေးထားတဲ့ ဂြိုလ်သိမ် ပေါ်က ကျောက်စကျောက်နတွေကို နမူနာ ကောက်ယူပြီး နေစင်္ကြာဝဠာကြီး ဖြစ်ပေါ်လာပုံကို လေ့လာဖို့ တဲ့။
မင်းတို့လဲ အသိဘဲ ငါတို့ ဘူမိဗေဒ ကျောင်းသား ဘ၀တုန်းက ကွင်းဆင်းဖို့ အတွက် ပြင်ဆင်ရတာ၊ ကွင်းဆင်းရတာ၊ အပြန်စာတမ်းတင်ရတာ နဲ့ ငါတို့တတွေ ဘယ်လောက် အလုပ်များခဲ့ကြလဲ။ အခုငါပြောပြမယ့် စီမံကိန်း ဟာက နည်းပညာဆန်းသစ် ခြင်းတွေနဲ့ ပြည့်နက်နေတဲ့ နောင်တစ်ချိန် ဖြစ်လာမယ့် ဘူမိဗေဒရဲ့ ကွင်းဆင်းဘာသာရပ် တစ်ခုလားပဲ။ အောက်မှာပါတဲ့ အကျဉ်းချုပ် အချက်အလက်တွေ ဖတ်ကြည့် လိုက်ရင် မင်းသဘောပေါက် သွားမှာပါ။

Read more »

Share/Save/Bookmark

Scridb filter
Jun 14

ကျောက်မျက်တို့၏ ယုံကြည်မှု သမိုင်းကြောင်း (နိဂုံး)

(Yati Magazine, Volume 7, No.72, Mar 2010 မှ ကူးယူဖေါ်ပြပါသည်။)
သိန်းပိုင် (M.Engg.Geol.)

ရှန်ဟာလာ (Shambhala)

ဂမ္ဘီရတောင်တန်းများမှ ကျောက်မျက်များကို စုဆောင်းရရှိနိုင်ဖို့ ဟိမ၀န္တာတောင်တန်းများသည် “ရှန်ဟာလာ” (Shambhala) ၏ တံခါးပေါက်သို့ ၀င်ရောက်ရန်အတွက် သော့တစ်ချောင်းအဖြစ် ယူဆခံရပါသည်။“ရှန်ဟာလာ” သည် ထွန်းလင်းတောက်ပနေသော ဂမ္ဘီရမြို့တော်ဖြစ်ပြီး ယင်းမြို့တော်တွင် ထာဝရနုပျိုခြင်းနှင့် ပြီးပြည့်စုံခြင်း ရရှိစေပါသည်။ “ရှန်ဟာလာ” သည် မူလအစက တိဗက်တို့၏ ရိုးရာဓလေ့ ဖြစ်သော်လည်း အခြားယဉ်ကျေးမှုများက လက်ခံထားသော အယူအဆ ဖြစ်ပါသည်။ ကယ်လီဖိုးနီးယားရှိ “မောင့်ရှာစတာ” တောင်သည် “ရှန်ဟာလာ” သို့ ၀င်ရောက်သည့် ၀င်ပေါက် တံခါးတစ်ချပ်ဖြစ်ပြီး ယင်းတောင်ပေါ်သို့ တက်ရောက်ခဲ့ပါသည်။ အကယ်၍ မိမိသည် တောင်ထိပ်သို့ မရောက်ရှိခဲ့ပါက ထိုကဲ့သို့ပြုလုပ်ခြင်းကို ယင်းတောင်မှ သင့်အား တားဆီးခြင်းပင် ဖြစ်ပါသည်။ တောင်ပေါ်သို့ တက်သည့်အခါ မျက်စိဖြင့် မမြင်ရဘဲ အလွန်ကြီးမားသော လက်ကြီဖြင့် မိမိကို တွန်းတင်ပေးသကဲ့သို့ အကြိမ်ပေါင်းများစွာ ခံစားခဲ့ရပါသည်။

Read more »

Share/Save/Bookmark

Scridb filter