Jul 28

ဘူမိသိပ္ပံအသင်း၏ နှစ်လည် စာတမ်းဖတ်ပွဲ

Myanmar Geosciences Society ၏ 13th Biannual Paper Reading Session ကို ဇူလိုင်လ ၂၄ ရက် (စနေနေ့) တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းအဆောက်အအုံ Fuction Hall ၌ ကျင်းပကြောင်းသိရှိရသည်။ ဖတ်ရှု ဆွေးနွေးကြသော စာတမ်း (၇) စောင် မှာ-

  1. Contribution to the Geology and Micropaleontology of the Yaw Formation and its related units (Chit Saing, Than Htut, Than Than Sint , Theingi Kyaw, Su Su Win, Saw Mu Tha Lay Paw and Hinn Hinn Maung)
  2. Evaluation of Dynamic Properties of Soil in Paunglaung Multipurposes Dam Project Area (Tun Naing)
  3. Economic Aspects of Industrial Mineral (Feldspar) in the Hlaingdet – Payangazu Area, Thazi Township, Mandalay Division (Ohn Thwin  and Myo Thiri Sandar Aung)
  4. 4Lead-Zinc Mineralization in a Devonian Unit of the Loi Hsiang Area, northern Shan State (Swe Zin Thant)
  5. Sapphire deposits from the Yenya-U Area, Thabeikkyin Township, Mandalay Division (Khin Mar Phyu)
  6. Environmental impacts of jadeite mining in Hpakant- Lonkin area (Soe Min)
  7. Distribution of Fauna, Age, Correlation and Biography of the Sinbaungwe – Kanhla Area, Central Myanmar (Win Min Oo)

ယခု စာတမ်းဖတ်ပွဲသည် တစ်နှစ် (၂) ကြိမ်ပုံမှန်ကျင်းပသော ပွဲဖြစ်ပြီး အသင်းသက်တမ်း (၆) နှစ် တွင် ၁၂ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။ နောက်ဆုံးအကြိမ် စာတမ်းဖတ်ပွဲကို ယမန်နှစ် နိုဝင်ဘာက မန္တလေးတွင် ကျင်းပခဲ့သည်။ ယခု အခန်း အနားသို့ တက္ကသိုလ်အသီးသီးမှ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ ဘူမိဗေဒပညာရှင် များ စုစုပေါင်း လူ ၁၂၀ ဦးခန့် တက်ရောက်ကြပြီး အသင်းက နေ့လည်စာဖြင့် ဧည့်ခံကြောင်း သိရသည်။

Share/Save/Bookmark

Scridb filter
Jul 23

ဆရာကြီးဦးဥာဏ်သင်း အောင်မြင်စွာခွဲစိတ်ပြီးစီး

ယမန်နေ့ (၂၂-ဇူလိုင် ၂၀၁၀) ည ၉ နာရီတွင် ဆရာကြီး ဦးဥာဏ်သင်း၏ စအိုကင်ဆာ အကြိတ်ကို ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံတွင် ခွဲစိတ်ကုသခဲ့ရာ အောင်မြင်စွာ ရှင်းလင်းဖြတ်တောက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ဆရာကြီး၏ ကျန်းမာရေးအတွက် ပြည်တွင်းမှ တပည့်များ လုပ်ဖော်ကိုင်ဖက်များအပြင် စင်္ကာပူ၊ အမေရိကန်၊ သြစတေးလျ နိုင်ငံများမှ ဘူမိဗေဒသမားများက ၀ိုင်းဝန်း ကူညီထောက်ပံ့ကြရာ operation မတိုင်မီ အချိန်ပိုင်းထိ လက်ခံရရှိနေဆဲ ဖြစ်ကြောင်းသိရပါသဖြင့် သာဓု ခေါ်ဆိုနိုင်ကြရန် Geolfiends မှ ၀မ်းသာစွာ ပြန်ကြားအပ်ပါသည်။

Share/Save/Bookmark

Scridb filter
Jul 09

ဆရာကြီး ဦးဥာဏ်သင်း ကျန်းမာရေး

ဘူမိဗေဒပါမောက္ခ ဟောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (အငြိမ်းစား) ဆရာကြီး ဦးဥာဏ်သင်းသည် ၀မ်းလမ်းကြောင်း ကင်ဆာရောဂါ ခံစားနေရသဖြင့် ထိုင်းနိုင်ငံတွင် သွားရောက် ကုသမှုခံယူရန် စဉ်းစား ပြင်ဆင်လျက် ရှိကြောင်း သိရပါသည်။ ရပ်ဝေးရပ်နီးရှိ ဘူမိဗေဒ လုပ်ဖော်ကိုင်ဖက်များ၊ တပည့်ဟောင်းများ ၀ိုင်းဝန်း ကူညီ ပံ့ပိုးနိုင်ရေးအတွက် Geolfriends မှ နှိုးဆော်လျက် ဆရာကြီး ကျန်းမာစေကြောင်း ဆုတောင်း မေတ္တာပို့သအပ် ပါကြောင်း။

Share/Save/Bookmark

Scridb filter
Jul 08

ကမ္ဘာမြေစူးစမ်းရေးဂြိုလ်တု အသစ် TanDEM-X မှ ကမ္ဘာမြေ၏ ပထမဆုံးပုံရိပ်အား ပေးပို့

source: dailymail

၂၆၊ ဂျွန်၊ ၂၀၁၀။

အသစ်စက်စက် ကမ္ဘာမြေစူးစမ်းလေ့လာရေးဂြိုလ်တု ကနေ သူ့ရဲ့ ကမ္ဘာမြေ၏ ပထမဆုံး ဓါတ်ပုံကို ရိုက်ကူးပေးပို့လိုက်ပါပြီ။

TanDEM-X ၏ ပထမဆုံးပေးပို့လိုက်သော ကမ္ဘာမြေ၏ပုံ

ဂျာမန် TanDEM-X ဂြိုလ်တုဟာ Tan DEM-X ဟာ တနင်္လာနေ့က ကာဇက်စတန်နိုင်ငံ (Kazakhstan) အခြေစိုက် စခန်းကနေ ကမ္ဘာမြေမျက်နှာပြင်ရဲ့ တိကျတဲ့ 3D မြေပုံများကို ထုတ်လုပ်နိုင်ဖို့အတွက် လွတ်တင်ခဲ့တာဖြစ်ပါတယ်။
၃နှစ်ကြာ လေ့လာရေးမှာ TanDEM-X ဟာ စတုရန်းကီလိုမီတာ သန်းပေါင်း ၁၅၀ ရှိတဲ့ ကမ္ဘာ့ကုန်းမြေ မျက်နှာပြင်ကို စူးစမ်းလေ့လာပါလိမ့်မယ်။
ပထမဆုံးပေးပို့တဲ့ ပုံအရ TanDEM-X ဟာ လုပ်ငန်းစဉ်များ အားလုံးအဆင်ပြေ ချောမွေ့လျက်ရှိပြီး ၂၀၀၇ ခုနှစ်က လွှတ်တင်ခဲ့တဲ့ TerraSAR-X ဂြိုလ်တုနဲ့ လာမည့် အောက်တိုဘာလလောက်တွင် ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ TanDEM ဖြင့် လုပ်ကိုင်ဆောင်ရွက်ပြီး 3D ပုံရိပ်များကို ခြောက်လအတွင်း ထုတ်လုပ်နိုင်တော့မယ်လို့ သိရပါတယ်။ “ဒါဟာ ပထမဆုံးအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ မြေမျက်နှာသွင်ပြင်ရဲ့ စနစ်ကျတဲ့ 3D DEM ကို တွေ့မြင်ကြရတော့မှာ ဖြစ်ပါတယ်” လို့ TanDEM-X ခရီးစဉ်ရဲ့ သိပ္ပံပညာရပ်ဆိုင်ရာ ဒါရိုက်တာ Alberto Moreira ကပြောပါတယ်။

၃နှစ်ကြာ စူးစမ်းလေ့လာရေးအတွက် TanDEM-X ဂြိုလ်တုကို သယ်ယူ လွှတ်တင်နေပုံ

ဒီ DEM တွေကို ကူးသန်းရောင်းဝယ်ရေး၊ သုတေသနနဲ့ လုံခြုံရေးကိစ္စတွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လေယာဉ်များ အလွန်နိမ့်စွာ ပျံသန်းနိုင်ဖို့အတွက် စစ်ဘက်ဆိုင်ရာ ထိန်းကျောင်းသည့် ကွန်ပြူတာပရိုဂရမ်များအတွက်လည်း အထောက်အကူ ပေးနိုင်ဖွယ်ရှိပါတယ်။ ထို့အပြင် ဒီအချက်အလက်တွေကို ငလျင်ကြောင့်ဖြစ်ပေါ်လာတဲ့ အရေးပေါ်အခြေအနေတွေ မှာ ကယ်ဆယ်ရေးလုပ်သားများ အနေနဲ့ အသုံးပြုနိုင် ပါလိမ့်မယ်။ သူတို့အနေနဲ့ ငလျင်ကြောင့် မြို့ရဲ့အဆိုးရွားဆုံး ပျက်ဆီးမှုနေရာများ၏ သတင်းအချက်အလက်များကို မြင်နိုင်မှာ ဖြစ်ပါတယ်။

Share/Save/Bookmark

Scridb filter