May 28

ဒေါက်တာဦးသိန်း၏ ၇၅နှစ်မြောက် စိန်ရတု မွေးနေ့

မြန်မာနိုင်ငံ၏ ဘူမိဗေဒဆိုင်ရာ ပညာရပ်များအတွက် အစဉ်တစိုက် လေ့လာ ဖြန့်ဖြူးမှုများကို လုပ်ဆောင်လျက်ရှိသည့် ဆရာကြီး ဒေါက်တာဦးသိန်း၏ မေလ (၂၅)ရက်နေ့တွင် ကျရောက်သော ၇၅နှစ်မြောက် စိန်ရတုမွေးနေ့မှသည် နောက်လာမည့် နှစ်ပေါင်းမြောက်များစွာတိုင်အောင် သက်ရှည်ကျန်းမာ ပညာရပ်များ ဖြန့်ဖြူးနိုင်ပါစေကြောင်း geolfriends အဖွဲ့သားများက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ဒေါက်တာဦးသိန်း၏ ကိုယ်ရေးမှတ်တမ်းအကျဉ်း

(ပေးပို့လာသော ဆရာနိုင်မော်သန်းအား အထူး ကျေးဇူးတင်ရှိပါသည်။)

၁၉၃၇ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် မော်လမြိုင်ကျွန်းမြို့၌ အဘဦးဘဆန်းနှင့် အမိဒေါ်မြရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ၆ဦးအနက် စတုတ္ထမြောက်သားဖြစ်သည်။ ၁၉၅၃ခုနှစ်တွင် မော်လမြိုင်ကျွန်း အ.ထ.က မှ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့သည်။ ၁၉၅၃ မှ ၁၉၅၈ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၌ ပညာသင်ကြားခဲ့သည်။ ဥပစာတန်းကို အထူးအောင်မြင်ခဲ့ပြီး ဘူမိဗေဒ ဂုဏ်ထူးတန်းကို တက်ရောက်ကာ ၁၉၅၈ခုနှစ်တွင် ပထမတန်းအဆင့်ဖြင့် အောင်မြင်ခဲ့သည်။ ဒေါက်တာသာလှ၊ ဒေါက်တာညီညီနှင့် ဦးဘသန်းဟက်တို့မှာ ဆရာရင်းများ ဖြစ်ကြသည်။ ထို့နောက် နိုင်ငံတော် အစိုးရ၏ ပညာသင်ဆုဖြင့် ၁၉၆၁ စက်တင်ဘာလမှ ၁၉၆၆ မတ်လအထိ အမေရိကန်ပြည်ထောင်စု ရှီကာဂိုမြို့အနီးရှိ Northwestern တက္ကသိုလ်၌ ပညာဆည်းပူး၍ မဟာသိပ္ပံဘွဲ့ကို ၁၉၆၃ ခုနှစ်၊ ပါရဂူဘွဲ့ကို ၁၉၆၆ခုနှစ်တို့တွင် ရရှိခဲ့သည်။ အထူးပြုဘာသာရပ်ခွဲမှာ အနည်ကျကျောက်ပညာ (Sedimentology) ဖြစ်သည်။
၁၉၅၈ခုနှစ်၊ ဇွန်လတွင် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာန၌ သရုပ်ပြဆရာအဖြစ် စတင် အမှုထမ်းဆောင်ခဲ့သည်။ ၁၉၅၉ခုနှစ်တွင် လက်ထောက်ကထိက၊ ၁၉၆၆ခုနှစ်တွင် ကထိက၊ ၁၉၇၈ခုနှစ်တွင် ပါမောက္ခရာထူး အဆင့်ဆင့်သို့ တိုးမြှင့်ခန့်ထားခံရသည်။ ရန်ကုန်တက္ကသိုလ်၌ အမှုထမ်းသက် ပို၍ကြာသော်လည်း ၁၉၆၇မှ ၁၉၆၉ ခုနှစ်အထိ ကထိကအဖြစ်၊ ၁၉၇၈မှ ၁၉၈၉ အထိ ပါမောက္ခအဖြစ် မန္တလေးတက္ကသိုလ်သို့ ပြောင်းရွှေ့ အမှုထမ်းဆောင်ခဲ့သည်။ ၁၉၈၉ မှ ၁၉၉၄ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၌ ဘူမိဗေဒ ပါမောက္ခအဖြစ် အမှုထမ်းဆောင်၍ ၁၉၉၄ ခုနှစ်၊ မေလတွင် လုပ်သက်ပြည့် အငြိမ်းစားယူခဲ့သည်။
၁၉၆၉ခုနှစ် မတ်လတွင် ဒေါ်ခင်ဌေးမြင့်နှင့် လက်ထပ်ခဲ့ပြီး သားနှစ်ဦးထွန်းကားခဲ့သည်။
အမှုထမ်းသက် ၃၂နှစ်ကာလအတွင်း ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့၌ ဘူမိဗေဒမျိုးဆက်များကို ထိရောက်စွာ ပညာသင်ကြားပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ဘူမိဗေဒ၊ တွင်းထွက်ပညာ၊ အသွင်ပြောင်းကျောက်ပညာနှင့် တက်တိုးနစ်ပညာရပ်တို့ကို အထူးပြု သင်ကြားပေးခဲ့သည်။ နှစ်စဉ်ကွင်းဆင်း သင်တန်းများကို ဦးစီးပို့ချခဲ့သည်။ ဘူမိဗေဒမဟာသိပ္ပံကျမ်း ၂၅ကျမ်းကို ကြီးကြပ်ကာ ပြီးစီးစေခဲ့သည်။
အငြိမ်းစားယူပြီးနောက် ၁၉၉၆မှ ၂၀၀၃ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့၌ ဂုဏ်ထူးဆောင်ပါမောက္ခအနေဖြင့် ဘူမိဗေဒမဟာသိပ္ပံနှင့် ပါရဂူဘွဲ့သင်တန်းများကို ဆက်လက်သင်ကြားပေးခဲ့သည်။ ၁၉၉၉ခုနှစ် သြဂုတ်လမှ စ၍ မြန်မာနိုင်ငံနည်းပညာ ပညာရှင်များအဖွဲ့၌ အမှုဆောင်အဖွဲ့ဝင်အဖြစ် ခန့်ထားခံရသည်။ မြန်မာနိုင်ငံ ငလျင်ကော်မတီတွင် နာယကအဖြစ် ဆောင်ရွက်နေသည်။
တက္ကသိုလ်ဆရာ သက်တမ်းတလျှောက်၌ သင်ကြားရေးကို အဓိကထား၍ လုပ်ဆောင်ခဲ့သော်လည်း သုတေသနလုပ်ငန်းကိုပါ အတော်အတန်လုပ်နိုင်ခဲ့သည်။ မြန်မာနိုင်ငံ၏ ထရဗေဒ၊ တက်တိုးနစ်၊ အသွင်ပြောင်းနယ်မြေများနှင့် တွင်းထွက်သယံဇာတများဆိုင်ရာ သုတေသနလုပ်ငန်းများကို ပြုလုပ်ခဲ့သည်။ တက္ကသိုလ်ဘူမိဗေဒစာအုပ် ၃အုပ်၊ ပညာရပ်ဆိုင်ရာနှင့် ပညာပေးဆောင်းပါး ၂၅စောင်ခန့်နှင့် သုတေသနစာတမ်း ၂၀ခန့်တို့ကို ရေးသားပြုစုခဲ့သည်။ ပညာပေး ဟောပြောပွဲများကိုလည်း ကျင်းပပေးခဲ့သည်။ မြန်မာနိုင်ငံ၏ ငလျင်ဇုန်များပြ မြေပုံကို ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ်၊ ၂၀၀၅ခုနှစ် ဒီဇင်ဘာလတွင် ပြင်ဆင်၍ ဒုတိယအကြိမ် အခြားပညာရှင်သုံးဦးကို ဦးစီး၍ ပြုစုရေးဆွဲခဲ့သည်။ ၄င်းမြေပုံများနှင့် ပူးတွဲရေးသားဖော်ပြချက်များသည် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် စီမံကိန်းများအတွက် အထိုက်အလျောက် အကျိုးရှိစေခဲ့ပါသည်။
၂၀၀၃ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတွင် ဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက်ခံရပြီး လေးနှစ်ကြာ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ထိုကာလအတွင် မြန်မာနိုင်ငံတွင် ဘူမိသိပ္ပံပညာရပ်များ တိုးတက်ဖွံ့ဖြိုးရေးနှင့် အသုံးချနိုင်ရေးတို့ကို တစ်နိုင်တစ်ပိုင် ဦးစီးလုပ်ဆောင်ပေးခဲ့သည်။
ဝါသနာများမှာ စာဖတ်ခြင်း၊ စာရေးခြင်းနှင့် ခြေလျင်တောင်တက်ခြင်းတို့ဖြစ်သည်။ ပရဟိတလုပ်ငန်းများကိုလည်း အခါအားလျော်စွာ လုပ်ဆောင်ခဲ့သည်။ ဇာတိမြို့ မော်လမြိုင်ကျွန်း၌ ၁၉၉၇ခုနှစ်တွင် ဘိုးဘွားရိပ်သာတစ်ခုကို ဦးစီးတည်ထောင်ခဲ့သည်။

Share
May 21

Sep 2012 အထိ မြန်မာနိုင်ငံတွင် ကျင်းပမည့် geosciences conferences များ

2012 Events Calender of  Geosciences Conferences in Yangon

1) New Myanmar Investment Summit 2012, 20-21 Jun, 2012 – Yangon, Park royal Yangon – Yadanar Ballroom

http://www.cmtevents.com/aboutevent.aspx?ev=120636&

2) Myanmar Mining Summit, 23-24 Jul, 2012 – Yangon, Sedona Hotel Yangon – Grand Ballroom, Level 1

http://www.cmtevents.com/aboutevent.aspx?ev=120737

3) 2nd MOGP (Myanmar Oil, Gas & Power) Summit, 03-04 Sep, 2012 – Yangon

http://www.cmtevents.com/aboutevent.aspx?ev=120942&

Share