Nov 03
မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း၏ ယခုနှစ် အတွက် နှစ်လည်စာတမ်းဖတ်ပွဲကို အထက်မြန်မာပြည် စာတမ်းရှင်များအား အလှည့်ပေးသည့်အနေဖြင့်
မန္တလေးတက္ကသိုလ်တွင် ကျင်းပမည်ဟုသိရသည်။ စာတမ်းဖတ်ပွဲကို ယခုနှစ် နိုဝင်ဘာ ဒုတိယပတ်တွင် မန္တလေးဘူမိဆရာကန်တော့ပွဲနှင့် အတူကျင်းပပြီး အ
မှတ်တရကွင်းဆင်းခရီး တစ်ရပ်လည်း ပါဝင်မည်ဖြစ်သည်။ အညာဒေသ၏ ညီတော် နောင်တော် ဘူမိကျောင်းသားများနှင့် ကျွန်ုပ်တို့၏ ဆရာများ ပျော်ရွှင်စွာပြန်လည်ဆုံတွေ့ကြရင်း ပညာပွားများကြခြင်းအား သွားရောက် အားပေးပါဝင်ခြင်းမပြုနိုင်သော်ငြားလည်း Geolfriends မှ ၀မ်းပန်းတသာ မုဒိတာပွားများ လိုက်ရပေသည်။
