Dec 09

GPS Concept and it’s Application in Geoscience (အပိုင်း-၂)

ဦးအောင်ကြင် (Geological Consultant) (AK Associates)

(GPS များ၏ တိုင်းတာမှုစနစ်ပုံစံကို ပိုမို သဘောပေါက်နိုင်အောင် ဤနေရာတွင်ကလစ်လုပ်၍ ဖြည့်စွက် ကြည့်ရှုနိုင်ရန် ဖေါ်ပြလိုက်ရပါသည်။ geolfriends.com)

DGPS (ဒီဂျီပီအက်စ်)

သာမာန်ကိစ္စများအတွက်တော့ လက်ကိုင်ဂျီပီအက်(စ်)တစ်လုံးနဲ့တင် တိုင်းတာမှုဟာလုံလောက် နေပါပြီ။ သို့သော်လည်း တိကျစွာ တိုင်းတာလိုတဲ့ ကိစ္စရပ်များမှာတော့ ပိုမိုကောင်းမွန်တဲ့ ဂျီပီအက်(စ်) စနစ်ကို လိုအပ်ပါတယ်။ Differential GPS လို့ခေါ်တဲ့ တိုင်းတာနေတဲ့ ဂျီပီအက်(စ်)ရဲ့အမှားများကို အခြား known point မှာ ရှိတဲ့ ဂျီပီအက်(စ်)တစ်လုံးကနေ ပြင်ဆင်ချက် correction များစဉ်ဆက်မပြတ် ထုတ်ပေးနေပြီး ပြင်ဆင်တွက်ချက်ပေးနိုင်မဲ့ ဂျီပီအက်(စ်)စနစ် တစ်ခု လိုအပ်ပါတယ်။ ဒါကို ဒီဂျီပီအက်(စ်) DGPS စနစ်လို့ခေါ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ကျွန်တော်တို့ရဲ့ တည်မှတ် (position) ကိုဂျီပီအက်စ်စနစ်သုံးပြီး ရှာတဲ့အခါ အမေရိကန် ကာကွယ်ရေးဌာနက လွတ်တင်ထားတဲ့ ဂြိုဟ်တု ၂၄ လုံးကို အသုံးပြုရှာဖွေကြောင်း ပြောခဲ့ပြီးပါပြီ။ အဲဒီဂြိုဟ်တု ၂၄လုံးဟာ မြေပြင်ကနေ တိကျတဲ့အကွာအဝေးမှာရှိတဲ့ (circular orbit) ကမ္ဘာပတ်လမ်း ကြောင်းထဲမှာ လှည့်လည်နေကြပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့ ဂျီပီအက်စ်ရီဆီဗာဟာ အဲဒီဂြိုဟ်တုများက စဉ်ဆက်မပြတ်လွှင့် ထုတ်နေတဲ့ ရေဒီယိုအချက်ပြလှိုင်း (electronic signals) များကို ဖမ်းယူအသုံးချပြီး ကျွန်တော်တို့နှင့် ဂြိုဟ်တုအကွာအဝေး (distance) ဘယ်လောက်ရှိတယ် ဆိုတာကို တွက်ချက်ရယူ ပါတယ်။


ဒီနေရာမှာ အကွာအဝေးကို တွက်ချက်ရယူဖို့ အချက်ပြလှိုင်းတစ်ခု ဂြိုဟ်တုကနေစတင် ထွက်ခွာလာပြီး ကျွန်တော် တို့ဆီကို ရောက်ရှိတဲ့အထိ အချိန်ဘယ်လောက် ကြာသလဲဆိုတာကို ပထမသိရှိပါတယ်။ အဲဒီနောက်ကြာမြင့် တဲ့အချိန် နှင့်အချက်ပြလှိုင်းရဲ့ လာတဲ့အမြန်နှုန်း (ဒီနေရာမှာ အလင်းရဲ့အမြန်နှုန်း) နဲ့မြောက်ပေးခြင်းအားဖြင့် အကွာအဝေး (distance) ကိုသိရှိရပါတယ်။

ကြာမြင့်သောအချိန် 	x 	အလင်း၏အမြန်နှုန်း 	= 	မိမိနှင့်ဂြိုဟ်တု၏အကွာအဝေး
T-Travel	x	3 x 1010 		     = 	Distance
(T-Travel x 	2.9979 x 108 meter/second = 	Distance)

ဒီနည်းနဲ့ ဂြိုဟ်တုအသီးသီးကနေ မိမိတည်ရှိရာနေရာဟာ ဘယ်လောက်တိတိကျကျ ကွာဝေးတယ် ဆိုတာကို ဂျီပီအက်စ်ရီဆီဗာက ဖမ်းယူတွက်ချက်ပြီး မိမိရဲ့တည်မှတ်ကို ရှာဖွေပါတယ်။ (ပုံ-၉ ရှု။) ကိုကြည့်ရင် သဘောပေါက်နိုင်ပါတယ်။

fig9

ဂျီပီအက်စ်စနစ် (GPS System) ဆိုသည်မှာ

ကမ္ဘာလုံးဆိုင်ရာတည်မှတ်ရှာဖွေရေးစနစ်ဖြစ်တဲ့ (Global Positioning System – GPS) ဟာ ၀န်ဆောင်မှု လမ်းညွှန် စနစ်နှစ်မျိုးကိုပေးပါတယ်။ ၎င်းတို့ကတော့ -

၁။ စံတည်မှတ်ဝန်ဆောင်မှုစနစ် (Standard Positioning Service – SPS) နဲ့

၂။ တိကျသည့် တည်မှတ်ဝန်ဆောင်မှုစနစ် (Precise Positioning Service – PPS) တို့ပဲ ဖြစ်ပါတယ်။

အတိုကောက်အားဖြင့် SPS စနစ်နှင့် PPS စနစ်လို့ ပဲမှတ်သားလိုက်ကြပါစို့။

SPS စနစ်ကိုတော့ မြို့ပြသုံးအတွက်ရည်ရွယ် ပါတယ်။ PPS စနစ် ကတော့ စစ်ဖက်ဆိုင်ရာ ကာကွယ်ရေးနှင့် တိုက်ခိုက်ရေးကိစ္စများအတွက်ဖြစ်ပါတယ်။
SPS ၀န်ဆောင်မှုစနစ်မှာ ၁၅၇၅.၄ မီဂါဟတ်စ် (MHz) ကိုဗဟိုပြုတဲ့ L1-Signal Frequency ကိုအသုံးပြု ပါတယ်။ PPS ၀န်ဆောင်မှုစနစ်မှာတော့ ၁၂၂၇.၆ မီဂါဟတ်စ် (MHz) ကိုဗဟိုပြုတဲ့ L2-Signal Frequency ကိုသုံးပါတယ်။
L1 Frequency ကိုသုံးတဲ့ ဂျီပီအက်စ်ရီဆီဗာရဲ့ တည်မှတ်သတ်မှတ်ချက် တိကျခြင်းဟာ အကြမ်းဖျဉ်း အား ဖြင့် ၁၀-၂၀ မီတာအတွင်း လွှဲမှားမှုရှိနိုင်ပါတယ်။ ဒါပေမယ့် ဂျီပီအက်စ်စနစ်ပိုင်ရှင် ဖြစ်တဲ့ အမေရိကန်ကာကွယ်ရေး ဌာနက L1 Frequency ဂျီပီအက်စ်စနစ်ကို မီတာ ၁၀၀ ခန့်အထိလွှဲမှားမှုရှိစေရန် Selective Availabity လို့ခေါ်တဲ့ SA နည်းပညာနဲ့အဆင့်နှိမ့်ချလိုက်ပါတယ် (၂-၅-၂၀၀၀ ခုနှစ်မှ စ၍ ပယ်ဖျက်ပြီး)။
ဂြိုဟ်တုများ ကထုတ်လွှင့်ပေးနေတဲ့ အချက်အလက်များကို တမင်မှားယွင်းအောင် အမှားအယွင်းများ (misinformation) ဖန်တီး ပေးလိုက်စနစ် တစ်ရပ်ပါပဲ။ ဤနည်းအားဖြင့် အမေရိကန်ကာကွယ်ရေးဌာန ကလွဲပြီးအခြားမည်သူမျှ ဂျီပီအက်စ်စနစ်ကို တိတိကျကျသုံး၍ မရစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
သို့သော်လည်း မြို့ပြဆိုင်ရာ အရပ်ဘက်ပညာရှင်တွေကလည်း ခေတဲ့လူတွေမှမဟုတ်တာပဲ ဒီတော့ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလို တိကျတဲ့ တည်မှတ်သတ်မှတ်ခြင်း စနစ်ကို ရရှိဖို့ တည်မှတ်ရှာဖွေခြင်း ဆက်နွယ်မှုနည်းပညာဆိုတဲ့ (Relative Positioning Technique) ကိုအသုံးပြုပြီး တိုင်းတာကြပါတော့တယ်။
အခုတင်ပြမဲ့ ဒီဂျီပီအက်စ်စနစ် (Differential Global Positioning System – DGPS) ဆိုတာ အဲဒီတည်မှတ် ရှာဖွေခြင်း ဆက်နွယ်မှုနည်းပညာကို အသုံးပြုထားတဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတော့တယ်။

Timeline and modernization

• In 1978 the first experimental Block-I GPS satellite was launched.

• In 1983, after Soviet interceptor aircraft shot down the civilian airliner KAL 007 that strayed into prohibited airspace due to navigational errors, killing all 269 people on board, U.S. President Ronald Reagan announced that the GPS would be made available for civilian uses once it was completed.[5][6]

• By 1985, ten more experimental Block-I satellites had been launched to validate the concept.

• On February 14, 1989, the first modern Block-II satellite was launched.

• In 1992, the 2nd Space Wing, which originally managed the system, was de-activated and replaced by the 50th Space Wing.

• By December 1993 the GPS achieved initial operational capability.[7]

• By January 17, 1994 a complete constellation of 24 satellites was in orbit.

• Full Operational Capability was declared by NAVSTAR in April 1995.

• In 1996, recognizing the importance of GPS to civilian users as well as military users, U.S. President Bill Clinton issued a policy directive[8] declaring GPS to be a dual-use system and establishing an Interagency GPS Executive Board to manage it as a national asset.

• In 1998, U.S. Vice President Al Gore announced plans to upgrade GPS with two new civilian signals for enhanced user accuracy and reliability, particularly with respect to aviation safety and in 2000 the U.S. Congress authorized the effort, referring to it as GPS III.

• In 1998, GPS technology was inducted into the Space Foundation Space Technology Hall of Fame.

• On May 2, 2000 “Selective Availability” was discontinued as a result of the 1996 executive order, allowing users to receive a non-degraded signal globally.

• In 2004, the United States Government signed an agreement with the European Community establishing cooperation related to GPS and Europe’s planned Galileo system.

• In 2004, U.S. President George W. Bush updated the national policy and replaced the executive board with the National Executive Committee for Space-Based Positioning, Navigation, and Timing.

• November 2004, QUALCOMM announced successful tests of Assisted-GPS for mobile phones.[9]

• In 2005, the first modernized GPS satellite was launched and began transmitting a second civilian signal (L2C) for enhanced user performance.

• On September 14, 2007, the aging mainframe-based Ground Segment Control System was transitioned to the new Architecture Evolution Plan.[10]

• The most recent launch was on March 15, 2008.[11] The oldest GPS satellite still in operation was launched on November 26, 1990, and became operational on December 10, 1990.[12]

• On May 19, 2009, the U. S. Government Accountability Office issued a report warning that the some GPS satellites could fail as soon as 2010.[13]

• On May 21, 2009, the Air Force Space Command allayed fears of GPS system failure saying “There’s only a small risk we will not continue to exceed our performance standard”[14]

ဂျီပီအက်စ်စနစ် တိကျမှန်ကန်စေရန် လိုအပ်ချက်များနှင့် သဘာဝ အဟန့်အတားများ

ဂျီပီအက်စ်နဲ့ တည်မှတ်ရှာဖွေမှုစနစ်ကို တိတိကျကျ မှန်မှန်ကန်ကန်ရရှိစေဖို့ ကိစ္စမှာ -

၁ ။ S.A ERROR (၂-၅-၂၀၀၀ ခုနှစ်မှ စ၍ ပယ်ဖျက်ပြီး) ။

၂ ။ သဘာဝအဟန့်အတားများ

၂ (က)။ လေထုအနှောင့်အယှက် (Atmospheric Delay)

နောက်ထပ် အနှောင့်အယှက်ပြုတဲ့ ကိစ္စရပ်ကတော့ လေထုအနှောင့်အယှက် (Atmospheric Effects) ပါပဲ။ ဂြိုဟ်တုတွေကနေ ထုတ်လွှတ်လိုက်တဲ့ အချက်ပြလှိုင်းတွေဟာ ကမ္ဘာအပေါ်လွှာများကိုဖြတ်ပြီး ဂျီပီအက်စ်ရီဆီဗာ ဆီကို ရောက်လာနှိုင်တာပါ။
ဂျီပီအက်စ်ဂြိုဟ်တုများက အချက်ပြလှိုင်းများကို (ie-timing information) လွှင့်ထုတ်ပေးတဲ့အခါ ကမ္ဘာ မြေပြင်အထက်မှာ ၀န်းပတ်နေတဲ့ Ionosphere နဲ့ Troposphere များကို ဖြတ်သန်းလာရပါတယ်။ ဒီလိုဖြတ်သန်းလာတဲ့အခါ အလျင်နှုန်းဟာ ကျွန်တော်တို့ယူဆသလို အလင်းရဲ့အလျင်နှုန်းနဲ့ တသတ်မှတ် တည်းမလာနိုင်ပါဘူး။ အလင်းရဲ့အလျင်နှုန်းက လေဟာနယ် (vacuum) ထဲမှာသာ တိကျမှန်ကန်တာပါ။ ကမ္ဘာ့လေထုကို ဖြတ်သန်းလာတဲ့ အခါမှာ အချက်ပြလိုင်းများရဲ့အလျင်ဟာ အနည်းငယ်နှောင့်နှေး (delay) သွားရပါတယ်။ ဒီလို အလျင်နှုန်း နှေးကွေးသွားရခြင်းက ဂြိုဟ်တုနဲ့အကွာအဝေး တွက်ချက်မှုကို မှားယွင်းစေပြီး တစ်ခါဒီအမှားက တည်မှတ်တွက်ချက်မှုကိုပါ မှားယွင်းစေပါတယ်။ (ပုံ-၁၀ ရှု။)

fig10(ပုံ-၁၀)

ကမ္ဘာမြေပြင်ရဲ့အထက် ကီလိုမီတာ ၅၀ ခန့်အထိ လေထုကို Troposphere က၀န်းပတ်နေပါတယ်။ Troposphere ထဲမှာ ရေငွေ့များ တိမ်တိုက်များရှိပါတယ်။ တစ်ခါအဲဒီအထက် ကီလီုမီတာ ၂၀၀ ခန့်ထူတဲ့ အလွှာထုကိုတော့ Ionosphere လို့ခေါ်ပါတယ်။ Ionosphere ထဲမှာတော့အမှုန်လေးများ (particles) လေးများ လွှင့်မျောနေကြပါတယ်။ ဒီအလွှာနှစ်လွှာကို ဖြတ်သန်းလာရတဲ့အခါမှာ အချက်ပြလှိုင်းတွေရဲ့ အလျင်နှုန်း တွေဟာ ပုံမှန် အတိုင်းမဟုတ်ပဲ အနှောင့်အယှက်များကြောင့် အနည်းငယ် နှောင့်နှေးသွားရပါတယ်။
အမျိုးအစားကောင်း ရီဆီဗာမှာတော့ ဒီအချက်ကိုပြင်ပေးမယ့် correction factor များထည့်သွင်း ထားပါတယ်။ ဒါပေမယ့် လေထုအလွှာ Atmosphere ကတစ်နေရာနှင့် တစ်နေရာ တူညီတာမဟုတ်လို့ အတိအကျ အမြဲမှန်ကန်ဖို့ ဆိုတာ အခက်သား။
ညွှန်းမှတ်ဂြိုဟ်တုများကလည်း သူ့လမ်းကြောင်းနှင့် သူရွေ့လျှားနေကြတာဖြစ်သလို ကမ္ဘာ့အထက် မှာရှိတဲ့ ယင်းအလွှာထုများကလည်း တစ်နေရာနှင့် တစ်နေရာ အခြေအနေခြင်း မတူညီကြပါဘူး။ ဒါကြောင့် correction factor ကို ပုံသေထားပြီးတွက်ချက်ပြင်ဆင်လို့မရပါဘူး။

၂-ခ။ ဂြိုဟ်တုများ၏လမ်းကြောင်းလွှဲမှားမှု (Ephemeris Orbital Error)

နောက်တစ်ချက်ကတော့ ဂျီပီအက်စ်နဲ့ တည်မှတ်ရှာဖွေမှုစနစ်မှာ ကမ္ဘာပတ်လမ်းကြောင်း အတွင်းမှာ လည်ပတ်နေတဲ့ ဂြိုဟ်တုများဟာ လမ်းကြောင်းမှန်အတိုင်း လည်ပတ်နေဖို့ အရေးကြီးလှပါတယ်။ ဘာကြောင့်လည်းဆိုတော့ ၎င်းတို့ ဟာဂြိုဟ်တုနဲ့ ဂျီပီအက်စ်ရီဆီဗာတို့ရဲ့ အကွာအဝေး (distance measurement) ရဲ့ စတင်တိုင်းတာတဲ့ တည်မှတ် ဖြစ်နေလိုပါပဲ။ ဂြိုဟ်တုများဟာ ကမ္ဘာကိုဝန်းပတ်ထားတဲ့ လေထုလွှာ (Atmophere) ရဲ့နှောက်ယှက်မှုရဲ့ ပြင်ပမှာ ရှိနေသော်လည်း ရံဖန်ရံခါမှာတော့ မိမိလမ်းကြောင်းကနေ အနည်းငယ်သွေဖည် (drift) ဖြစ်သွားတာမျိုးရှိနိုင် ပါသေးတယ်။ (drift slightly from their predidicted orbit)

၂-ဂ။ ဂြိုဟ်တု၏အမှားများ (Satellite Errors)

Timing ဆိုတဲ့ချိန်မှတ်စနစ်ဟာ ဂျီပီအက်စ်တိုင်းတာမှုအတွက် အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် ဂြိုဟ်တုများမှာ အင်မတန်တိကျတဲ့ Accurate Atomic Clock များတပ်ဆင် ပေးထားပါတယ်။ ထို့နည်းအတူ ကျွန်တော်တို့ရဲ့ ဂျီပီအက်စ်ရီဆီဗာများမှာလည်း အင်မတန်တိကျမှန်ကန်တဲ့ ရီဆီဗာနာရီများ တပ်ဆင်ပေးထားပါတယ်။
ဘယ်လောက်ပဲ ကောင်းကောင်း ဘယ်လောက်ပဲ တိကျတိကျ အရာရာပြီးပြည့်စုံတဲ့ စနစ်ဆိုတာမရှိပါဘူး အနည်းငယ်မျှသော အချိန်လွှဲမှားမှုဟာ အကွာအဝေးတိုင်းတာမှုကို လွှဲမှားစေပြီး တည်မှတ်ရှာဖွေ တွက်ချက်မှုကိုလည်း လွှဲမှားစေပါတယ်။

၂-ဃ။ ဂြိုဟ်တုများ၏ဖြန့်ကျက်တည်ရှိမှုအနေအထား (Satellite Geometry GDOP)

ညွှန်းမှတ်ဂြိုဟ်တုများ၏ ဖြန့်ကျက်တည်ရှိမှု အနေအထား (Satellite Geometry) များဟာ ဂျီပီအက်စ် တည်မှတ် တိကျသေချာစေမှုမှာ အဓိကကျတဲ့ အခန်းက ပါဝင်နေပါတယ်။ မိမိဂျီပီအက်စ်က ဂြိုဟ်တုများဆီ က အချက်ပြလှိုင်းများကို ဖတ်ယူနေတဲ့အချိန်မှာ ယင်းဂြိုဟ်တုများရဲ့ကောင်းကင်ယံမှာ ကောင်းမွန်တဲ့အနေ အထားနဲ့ ဖြန့်ကျက် တည်နေရပါမယ်။ ကောင်းကင်ယံရဲ့ တစ်နေရာရာမှာ စုပြုံနေတဲ့ အနေအထားမှာ မရှိရပါဘူး။ တစ်ခုနှင့်တစ်ခု ထောင့်ကျယ် (wide angle) မြင်နေရရင် အကောင်းဆုံးပါပဲ။
အဲဒီလို Ideal Geometry ကနေ သွေဖယ်သွားတာနဲ့အမျှ တိကျတဲ့ တည်မှတ်ရရှိဖို့ ကိုလည်း နည်းပါးသွားတာပါပဲ။ ဒါကို Dilution of Precision (DOP) ခေါ်တဲ့ တိုင်းတာမှုစနစ်နဲ့ ဖေါ်ပြပါတယ်။ အသုံးများတဲ့ DOP စနစ်တွေထဲကတစ်ခုကတော့ PDOP လို့ခေါ်တဲ့ Position DOP ပဲဖြစ်ပါတယ်။

၂-င။ ပဲ့တင်လှိုင်းအမှား (Multipath Errors)

ဂြိုဟ်တုမှ ထွက်ခွာလာတဲ့ အချက်ပြလှိုင်းတစ်ခုဟာ ကမ္ဘာမြေပြင်ကို ရောက်လာတဲ့အခါမှာ ပုံမှန် အားဖြင့် ဂျီပီအက်စ်ရီဆီဗာဆီကို တိုက်ရိုက် ရောက်ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ ယင်းအချက်ပြ လှိုင်းများဟာ မြေပြင် မှာရှိတဲ့အရာဝတ္ထုတစ်ခုခု (တောင်နံရံများ၊ အဆောက်အဦးနံရံများ) ကိုရိုက်မိ ထိမိပြီးမှ ပဲ့တင်ရိုက်ခတ်လာတဲ့ (bounces off an object) ရေဒီယိုအချက်ပြလှိုင်းများဟာ မိမိဖမ်းယူနေတဲ့ ဂျီပိအက်စ် ရီဆီဗာဆီကို ရောက်ရှိ လာပါတယ်။ တိုက်ရိုက်မဟုတ်ပဲ ပဲ့တင်သံနဲ့ ရောက်ရှိလာတာပါ။ ဒီအခါမှာ ဂျီပီအက်စ်ရဲ့ အင်တီနာက တိုက်ရိုက်ရောက်ရှိလာတဲ့ အချက်ပြလှိုင်းကို အရင်ဖမ်းမိပြီး ပဲ့တင်သံ နှင့် ဒုတိယရောက်ရှိလာတဲ့ အချက်ပြလှိုင်းကို အနည်းငယ် နောက်ကျပြီး ဖမ်းမိပါတယ်။ ဒီအခါမှာ ပဲ့တင်လှိုင်းက တိုက်ရိုက်လာတဲ့ အချက်ပြလှိုင်းကို အနှောင့်အယှက်ပြုတဲ့ သဘောဖြစ်သွားပါတယ် ဒီအကျိုး သက်ရောက်မှုကို ပညာရှင်များရဲ့ ဝေါဟာရနဲ့ဆိုရင် Noisy Results လို့ခေါ်ပါတယ်။ ဂျီပီအက်စ်စနစ်မှာ ဒါကို ပဲ့တင်လှိုင်းအမှား (Multipath Error) လို့သတ်မှတ်ပါတယ်။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀မှာတော့ ရံဖန်ရံခါ ကျွန်တော်တို့ရဲ့ တယ်လီဗေးရှင်းပုံရိပ်များ တစ်ခုနှင့်တစ်ခုထပ်ပြီး မကွဲပြားတာ ကြုံဖူးကြပါလိမ့်မယ်။ ဒါဟာတီဗွီစတေရှင်ကနေ လာတဲ့ရုပ်မြင်သံကြား လှိုင်းများဟာ ကျွန်တော်တို့ တီဗွီ အင်တီနာဆီကို Multipath နဲ့ရောက်ရှိလာတဲ့ အတွက်ကြောင့် ပုံရိပ်များ ထပ်နေခြင်းဖြစ်ပါတယ်။ ဒီသဘောတရားနဲ့ အတူတူပါပဲ။

Summary of Error Sources

• Atmospheric Delay

• Ephemeris (Orbital error)

• Satellite Clocks error

• Satellite Geometry (GDOP)

• Multipath error

အပိုင်း (၂) ကို ပြန်လည် ဖတ်ရှုနိုင်ရန်။

အပိုင်း (၃) ကို ဆက်လက် ဖတ်ရှုနိုင်ရန် စီစဉ်လျက် ရှိပါသည်။

Share/Save/Bookmark

Scridb filter

Leave a Reply