ဆန်းမွန်
သူငယ်ချင်းတို့ရေ့ ဒီတခါ ပြောပြချင်တဲ့ အကြောင်းအရာကတော့ နောင် ဖြစ်လာဖွယ် ရှိတဲ့ ဘူမိဗေဒ ဘာသာရပ်သစ် တစ်ခုအကြောင်း ပါဘဲ။ သိပ်ပြီး ဝေးသေးတယ်လို့တော့ မထင်လိုက်နဲ့ဦး၊ အီလက်ထရွန်းနစ် ခေတ်မှာ အရာအားလုံး မြန်မြန်ဆန်ဆန် ဖြစ်ပေါ် ပြောင်းလဲ နေတယ် မဟုတ်လား။ မင်းတို့ တတွေလဲ သိသင့်တယ် ထင်လို့ မျှဝေလိုက် ရပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလက လွှတ်တင်ထားခဲ့ပြီး ဟိုးဝေးလံလှတဲ့ အာကာသထဲက ဂြိုလ်သိမ် ဂြိုလ်မွှား တစ်ခုကို လေ့လာနေခဲ့တဲ့ မောင်းသူမဲ့ ဂြိုလ်တုငယ် တစ်လုံးဟာ ခုတော့ ကမ္ဘာ့မြေပြင်ကို အောင်မြင်စွာ ပြန်ဆင်းသက်နိုင်ခဲ့ပြီ။ အာကာသသိပ္ပံ ဘာသာရပ်ရဲ့ မှတ်တိုင်သစ် တစ်ခုကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့တဲ့ ဒီစီမံကိန်းဟာ အခက်အခဲတွေ အများကြီးထဲက ဆန်းသစ်လှတဲ့ နည်းပညာရပ်တွေနဲ့ ပြည့်နက်နေတယ်။ စီမံကိန်းရဲ့ ပင်မရည်ရွယ်ချက် က အီတိုကာဝါ (Itokawa) လို့ အမည်ပေးထားတဲ့ ဂြိုလ်သိမ် ပေါ်က ကျောက်စကျောက်နတွေကို နမူနာ ကောက်ယူပြီး နေစင်္ကြာဝဠာကြီး ဖြစ်ပေါ်လာပုံကို လေ့လာဖို့ တဲ့။
မင်းတို့လဲ အသိဘဲ ငါတို့ ဘူမိဗေဒ ကျောင်းသား ဘ၀တုန်းက ကွင်းဆင်းဖို့ အတွက် ပြင်ဆင်ရတာ၊ ကွင်းဆင်းရတာ၊ အပြန်စာတမ်းတင်ရတာ နဲ့ ငါတို့တတွေ ဘယ်လောက် အလုပ်များခဲ့ကြလဲ။ အခုငါပြောပြမယ့် စီမံကိန်း ဟာက နည်းပညာဆန်းသစ် ခြင်းတွေနဲ့ ပြည့်နက်နေတဲ့ နောင်တစ်ချိန် ဖြစ်လာမယ့် ဘူမိဗေဒရဲ့ ကွင်းဆင်းဘာသာရပ် တစ်ခုလားပဲ။ အောက်မှာပါတဲ့ အကျဉ်းချုပ် အချက်အလက်တွေ ဖတ်ကြည့် လိုက်ရင် မင်းသဘောပေါက် သွားမှာပါ။
ဟာယာဘုစ (HAYABUSA) ၏ အာကာသ ဘူမိဗေဒ လေ့လာရေးခရီးစဉ်
အာကာသ ဟင်းလင်းပြင် ထဲမှာ ပြန့်ကြဲနေတဲ့ ဥက္ကာခဲတွေဖြစ်တဲ့ ဂြိုလ်သိမ်တွေဟာ နေ စင်္ကြာဝဠာ ဖြစ်ပေါ်ခဲ့တဲ့ အချိန်က သတင်း အချက်အလက်တွေကို လေ့လာ နိုင်ဖို့ အရေးပါတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည် နေခဲ့ကြတယ်။ ဒီ အယူအဆကို အတည်ပြုနိုင်ဖို့ အတွက် အဲဒီ ဂြိုလ်သိမ်တွေဆီ သွားပြီး စံ နမူနာ ကျောက်စကျောက်န တွေကို ကောက်ယူနိုင်ရင် စူးစမ်းလေ့လာရာမှာ အလွန် အသုံးဝင်ပြီး အတည်ပြုနိုင်ကြမှာ ဖြစ်တယ်။ ပညာရှင်တွေ လိုအပ်နေတဲ့ စံ နမူနာ ကျောက်စကျောက်န တွေကို ကောက်ယူရရှိ နိုင်ခဲ့ရင် ငါတို့နေထိုင်နေတဲ့ ကမ္ဘာကြီး အပါအ၀င် နေ အဖွဲ့အစည်း ဖြစ်ပေါ်လာပုံကို နားလည် သဘောပေါက် နိုင်ဖို့အတွက် အလွန် တန်ဖိုးရှိတဲ့ လေ့လာရေး ခရီးစဉ် တစ်ခု ဖြစ်မှာပါ။
ဒီ နမူနာ ကောက်ယူရေး စီမံကိန်းကို ဂျပန်နိုင်ငံက သူတို့ တတ်ကျွမ်းထားတဲ့ ခေတ်သစ် နည်းပညာတွေ နောက်ဆုံးပေါ် စက်မှုအတတ်ပညာတွေ နဲ့ အာကာသ လေ့လာရေး စက် စနစ်တွေ အသုံးပြုပြီး နမူနာ ကောက်ယူရေး စီမံကိန်း (ဂျပန် အခေါ် HAYABUSA) ကို စမ်းသပ် အကောင်အထည် ဖေါ်နေခဲ့တာ ဆယ်နှစ် နီးနီး ရှိခဲ့ပါပြီ။
ဒီ HAYABUSA (ဟာယာဘုစ) ဂြိုလ်တုကို လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ် မေ လ ၉ ရက်နေ့ တည်းက လွှတ်တင် ခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့ဆွဲအား အသုံးပြု လမ်းကြောင်း လွဲပြောင်းမှု စနစ်ကို ဒီစီမံကိန်းမှ ၂၀၀၄ ခုနှစ် မေလ က စတင် စမ်းသပ်အောင်မြင် အသုံးပြုနိုင်ခဲ့ပြီး၊ ပစ်မှတ် ဂြိုလ်သိမ် Itokawa (အီတိုကာဝါ) သို့ ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ခရီးမိုင် ၂ ဘီလီယံ ကီလိုမီတာ အကွာအဝေး ခရီးနှင် ရောက်ရှိခဲ့တယ်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလမှာဘဲ အဝေးမှ လှည့်ပတ် စူးစမ်း လေ့လာမှုတွေကို ပြုလုပ်ပုံဖေါ် နိုင်ခဲ့တဲ့ အပြင် ယင်းနှစ် နိုဝင်ဘာလမှာပဲ ဂြိုလ်သိမ် အီတိုကာဝါပေါ်သို့ နှစ်ကြိမ် ဆင်းသက်ပြီး နမူနာ ကျောက်စများကို ကောက်ယူ နိုင်ခဲ့တယ်။
ဒီစွန့်ဦးတီထွင် လေ့လာချက်တွေထဲမှာ သိပ္ပံနည်းကျ လေ့လာချက်များဖြစ်တဲ့ ဂြိုလ်သိမ် အီတိုကာဝါရဲ့ ဆွဲအား နဲ့ မျက်နှာပြင် အခြေအနေတွေကို လေ့လာနိုင်ခဲ့ပါတယ်။
အောက်မှာပါတဲ့ “ဟာယာဘုစ” အာကာသ လေ့လာရေး ခရီးစဉ်၏ အကျဉ်းချုပ် အချက်အလက်များ ဇယား အတိုင်း ကမ္ဘာမြေပြင်ပေါ်သို့ ဂြိုလ်သိမ်ရဲ့ နမူနာ ကျောက်စ ကျောက်နလေးတွေကို အောင်မြင်စွာ သယ်ယူ ဆောင်နိုင်ခဲ့ခြင်းဟာ အာကာသတွင်း နမူနာ ကောက်ယူရေး ခရီးစဉ် အောင်မြင်မူတခုတည်း မဟုတ်ပဲ ဆက်စပ်နေတဲ့ အာကာသဆိုင်ရာ နည်ပညာရပ်တွေ အောင်မြင်မူ အပြင် အာကာသ-ဘူမိ လေ့လာရေးရဲ့ ခြေလှမ်းသစ် တစ်ခု ဖြစ်လာဖို့ လမ်းသစ် တစ်ခု ထွက်ပေါ် လာမယ်ဆိုတာ မဖြစ်နိုင်ဘူးလား။
- © Copyright 2007 Japan Aerospace Exploration Agency
- Credit to Courtesy of JAXA







June 24th, 2010 at 8:34 am
Thanks for your article, I think some of the Space Geology text books have been published since last 30 years ago.