ABOUT US
ကျွန်တော်တို့ဟာ မြန်မာဘူမိဗေဒ သူငယ်ချင်းများအားလုံးအတွက် geolfriends.com web page ကို စတင်လွှင့်တင် လိုက်ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းနှင့် နိုင်ငံတကာသို့ရောက်ရှိနေကြသော မြန်မာဘူမိဗေဒကျောင်းဆင်း သူငယ်ချင်းများအတွက် သတင်း၊ လူမှုရေး၊ ပညာရပ်ပိုင်းဆိုင်ရာများ အားလုံးကို အဆင်ပြေသလို ကြိုးစားတင်ပြ သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဘူမိဗေဒကျောင်းဆင်းများနဲ့ ဘူမိဗေဒကို ချစ်ခင်နှစ်သက်ကြသော သူငယ်ချင်များအားလုံးကို ရည်ရွယ်ပါတယ်။
မည်သည့်နှစ်တွင်ကျောင်းပြီးခဲ့သည်ဖြစ်စေ၊ မည်သည့်တက္ကသိုလ်တွင်တက်ရောက်ခဲ့သည်ဖြစ်စေ မိမိတို့၏အတွေ့အကြုံများကို မျှဝေနိုင်အောင်လည်း FORUM တစ်ခုတည်ဆောက်ပေးထားပါတယ်။ အားလုံးလွတ်လပ်စွာ ပါဝင်ရေးသား နိုင်ပါတယ်။
ဝါသနာပါအချင်းချင်းတူရာစုပြီး ရင်းနှီးနိုင်ရန်နှင့် Geology နှင့်ပါတ်သက်သမျှကို မေးမြန်း၊ဖြေကြားနိုင်ကြပါကြောင်း………..
ပံပိုးကူညီမှုများနှင့် အကြံဥာဏ်များအားလုံးကို လေးစားစွာ ဖိတ်ခေါ်ပါတယ်။ မည်သူမဆို သတင်းများ၊ နည်းပညာမျှဝေမှုများ၊ ခံစားမှု ဆောင်းပါး၊ ၀တ္ထု၊ ကာတွန်း၊ ကဗျာများ အားလုံးကို ပေးပို့နိုင်ပါတယ်။
ကျွန်တော်တို့ရဲ့ email လိပ်စာကတော့ geolfriends@gmail.com ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ဘူမိဗေဒသူငယ်ချင်းများ အားလုံး နီးစပ်စွာ ပြန်လည်ဆုံတွေ့ပေါင်းစည်းနိုင်ပြီး၊ မိမိတို့၏ အတွေ့အကြုံများကို လက်ဆင့်ကမ်း ဖေါ်ထုတ်မျှဝေ ပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့အားလုံး ကျေနပ် ၀မ်းမြောက် ပီတိဖြစ် ကြရမည်ဖြစ်ပါကြောင်း………….
Scridb filter
