Aug 14
source : USGS

သြဂုတ်လ ၁၃၊ ၂၀၀၉၊ ညနေ ၃း၂၁း၃၆ နာရီက 14.027°N, 92.792°E တွင် 5.8 magnitude ပြင်းအားရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခဲ့ကြောင်းသိရသည်။ ယခုလှုပ်ရှားမှုသည်လည်း သြဂုတ်လ ၁၁ ရက်နေ့က လှုပ်ရှားသွားခဲ့သည့် ငလျင် ဗဟိုပြုသည့် ကိုကိုးကျွန်း (Andaman Island)၊ Port Blair ၏ မြောက်ဘက် ၂၆၀ ကီလိုမီတာ (၁၆၀ မိုင်) ကွာဝေးပြီး၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၃၇၀ ကီလိုမီတာ (၂၃၀ မိုင်) သာကွာဝေးကြောင်း သိရှိရသည်။ အဆိုပါ ငလျင်သည် ပင်လယ်အောက် ၃၅ ကီလိုမီတာ (၂၁.၇ မိုင်) တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ယခုလ လတ်တလော အာရှဒေသတွင်းဖြစ်ပွားခဲ့သည့် မှတ်သားဖွယ်ရာ ငလျင်များ သြဂုတ်၊ ၁၄၊ ၂၀၀၉ ထိမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
သြဂုတ်၊ ၉၊ ၂၀၀၉ တွင် ဂျပန်နိုင်ငံ Isu ကျွန်းကို ဗဟိုပြုသည့် 7.1 magnitude ငလျင်
သြဂုတ်၊ ၁၁၊ ၂၀၀၉ တွင် Andaman ကျွန်းကို ဗဟိုပြုသည့် 7.6 magnitude ငလျင်
သြဂုတ်၊ ၁၁၊ ၂၀၀၉ တွင် ဂျပန်နိုင်ငံ Honshu တောင်ဘက်အနီး ဗဟိုပြုသည့် 6.4 magnitude ငလျင်
သြဂုတ်၊ ၁၂၊ ၂၀၀၉ တွင် အိန္ဒိယ-မြန်မာနယ်စပ်အနီး ဗဟိုပြုသည့် 5.5 magnitude ငလျင်
သြဂုတ်၊ ၁၃၊ ၂၀၀၉ တွင် ဖီလစ်ပိုင်နိုင်ငံ၊ Mindanao ကို ဗဟိုပြုသည့် 5.7 magnitude ငလျင်
သြဂုတ်၊ ၁၃၊ ၂၀၀၉ တွင် ဂျပန်နိုင်ငံ Izu ကျွန်းကို ဗဟိုပြုသည့် 6.6 magnitude ငလျင်
သြဂုတ်၊ ၁၃၊ ၂၀၀၉ တွင် Andaman ကျွန်းအနီးကို ဗဟိုပြုသည့် 5.8 magnitude ငလျင်
Scridb filter
Aug 12
source : USGS

သြဂုတ်လ ၁၁၊ ၂၀၀၉၊ နံနက် ၁း၅၅း၃၉ နာရီက 14.013°N, 92.923°E တွင် 7.6 magnitude ပြင်းအားရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ငလျင်သည် အိန္ဒိယပင်လယ်ရှိ Andaman ကျွန်းကို ဗဟိုပြုလှုပ်ရှားခဲ့ခြင်းဖြစ်ပြီး အနက် ၃၃.၁ ကီလိုမီတာ (၂၀.၆ မိုင်) ရှိကြောင်း သိရသည်။ ပုသိမ်မြို့၏ အနောက်တောင်ဘက် ၃၆၅ ကီလိုမီတာ (၂၂၅ မိုင်) ကွာဝေးပြီး ကိုကိုးကျွန်းမကြီးမှ မိုင် ၃၀ သာဝေးကြောင်း လည်း သိရှိရသည်။
ငလျင်လှုပ်မှုကြောင့် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှာ ဆူနာမီ စောင့်ကြည့်၊ သတိပေးမှုတွေ ထုတ်ပြန်ခဲ့ရပြီး၊ ထူးခြားသည့် ဆူနာမီရေလှိုင်း ဖြစ်ပေါ်လာဖွယ်ရာ မရှိသည့်အတွက် သတိပေးချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
Read more »
Scridb filter
Sep 22
ခေတ်မီ ဆက်သွယ်ရေးစနစ်များပါဝင်သည့် မြေငလျင်တိုင်းစက်များကို မကြာမီ တပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။ စက်တစ်လုံး၏တန်ဖိုးမှာ ဒေါ်လာ တစ်သိန်းခန့်ကုန်ကျမည်ဖြစ်ပြီး စုစုပေါင်း (၆)လုံးတပ်ဆင်မည် ဖြစ်သည်။ စက် (၃)လုံးမှာ အစိုးရ၏ ၀ယ်ယူခြင်းဖြစ်ပြီး၊ ကျန်စက်များမှာ အဖွဲ့အစည်းများက လှုဒါန်းခြင်း ဖြစ်သည် ဟု မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်က ဆိုသည်။ အဆိုပါ စက်များကို နေပြည်တော်၊ ဘားအံနှင့် ပြည်မြို့များတွင် တပ်ဆင်သွားမည်ဖြစ်သည်ဟု လည်းသိရှိရသည်။
ယခုလောလောဆယ် မြန်မာနိုင်ငံတွင် ငလျင်တိုင်းတာစက် အဟောင်း (၄)လုံး၊ အင်အားပြင်း ငလျင်တိုင်းတာစက် (၁၀)လုံး၊ ကိန်းဂဏန်းပြ ငလျင်တိုင်းစက် (၂)လုံးတို့ တပ်ဆင်ထားပြီး ထပ်မံတပ်ဆင်မည့် ငလျင်တိုင်းစက် (၆)လုံးနှင့် ဆိုလျှင် စုစုပေါင်း (၂၂)လုံး ရှိသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စုစုပေါင်း ငလျင်တိုင်းတာရေးစက်ပေါင်း (၂၅၀)ခန့် လိုအပ်မည်ဖြစ်ကြောင်း သိရှိရသည်။
Scridb filter
Sep 20
ခွန်မြလှိုင်
(ရေခဲပြင်မှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင်ဘလောက်မှ ကူးယူဖေါ်ပြပါသည်။)
(သိပ္ပံနည်းကျလေ့လာမှုများကဲ့သို့ နက္ခတ်ဗေဒပညာရပ်ဖြင့် ငလျင်မည်သည့်အချိန် လှုပ်နိုင်သည်ကို တွက်ချက်လေ့လာမှုအား လေ့လာနိုင်ရန် ထပ်ဆင့်ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။)
ငလျင်ကို လူတိုင်းကြောက်သည်။ မကြောက် ခံနိုင်ရိုးလား .. ကိုယ်ရပ်နေတဲ့ နေရာ လှုပ်တာကို ဘယ်လို ခြေခိုင် ပါစေ၊ လဲပြိုကျမှာ ကြောက်ကြ သည်ချည့်။ ငလျင် ဘယ်တော့ လှုပ်မလဲ ဆိုသည်ကို တိုင်းတာဖို့ ကြိုးစား လိုက်ကြတာမှာ နိုင်ငံပေါင်းစုံ။ မကြာခင်က တရုတ်ပြည် စီချွမ်မှာ လှုပ်တဲ့ ငလျင်ကို ဂျပန်က အချိန်ကို ကြိုသိလို့ ညနေ ၅ နာရီနဲ့ ၇နာရီ ကြား သတိထားဖို့ သတိပေးထားပေမယ့် ငလျင်က နေ့ခင်း လှုပ်သွား ခဲ့သည်။ သဘာဝ တရားကြောင့် ဖြစ်သော မိုးလေ၀သကို ခေတ်မီ နည်းပညာဖြင့် ထိန်းချုပ် ချင်သော၊ ထို ပညာကို တလွဲ အသုံး ချရန် ကြံစည်သော တရုတ် အစိုးရ မှတ်လောက် သားလောက် ရှိသွား ခဲ့သည်။ လှုပ် လိုက်တဲ့ ငလျင်… သမိုင်းမှာ အကြီးဆုံး လို့ ဆိုရမည်။ ငလျင် ငယ်လေး တွေက အခါပေါင်း များစွာ အဆစ်ပါ သေးသည်။ နောက်ဆုံး တမြို့လုံး ပြောင်းပြေး ရသည့် ဘ၀။ သည်မျှလောက် တိုက်ဆိုင်စွာ ၀ဋ်လည်ခြင်းလား။ ဒုက္ခ ရောက်သော လူများ ကိုတော့ ၀ဋ်လျော့ သွားပြီ လို့သာ အားပေး ချင်ပါသည်။ ငလျင် ဒုက္ခသည် များအတွက်တော့ တကယ့်ကို စိတ်ရင်းထဲက စိတ်မကောင်းစွာ ခံစား ရပါသည်။
Read more »
Scridb filter
Sep 19
(Source: Biweekly Eleven, No.27,vol.1, 19 Sep 2008)

အိန္ဒိယတိုက်ပြတ်ရွေ့ကြောင်းကြီး၏ အာရှတိုက်သို့ ဆက်လက်တိုးဝင်နေမှုကြောင့် မြန်မာနိုင်ငံသည် ငလျင်ဘေး အန္တရာယ်ကို သတိပြုကြရန် လိုအပ်ကြောင်း စက်တင်ဘာလ (၁၂)ရက်နေ့တွင် ပြုလုပ်သည့် အင်ဂျင်နီယာအသင်း စာတမ်းဖတ်ပွဲတွင် မြန်မာဘူမိသိပ္ပံအသင်း ဥက္ကဌ ဒေါက်တာဝင်းဆွေက ဖတ်ကြားခဲ့သည်။
ဘူမိဗေဒပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ အိန္ဒိယတိုက်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း သန်းကိုးဆယ်နီးပါးက ကမ္ဘာ့တောင်ဘက်ခြမ်းတွင် တည်ရှိနေသည်ဟု သိရှိရသည်။ အဆိုပါ အိန္ဒိယပြတ်ရွေ့ကြောင်းကြီးသည် တဖြည်းဖြည်းမြောက်ဘက်သို့ ရွေ့လျားလာပြီးနောက် အာရှတိုက်နှင့်ထိမိကာ ဆက်လက်တိုးဝင်နေလျက်ရှိကြောင်း သိရသည်။
“ငလျင်ဆိုတာ မြေကြီးပြတ်ရွေ့ကြောင်းတွေ ဆက်စပ်တဲ့နေရာတွေမှာ အများအားဖြင့် လှုပ်တတ်ပါတယ်။ အိန္ဒိယပြတ်ရွေ့ကြောင်းကြီးက တောင်ကနေမြောက်ဘက်ကို တဖြည်းဖြည်းရွေ့လာပြီး အာရှတိုက်ကို ၀င်တိုက်ပါတယ်။ အဲဒိ ၀င်တိုက်မှုအရှိန်ကြောင့် ဟိမ၀န္တာတောင်တန်းကြီး ဖြစ်ပေါ်လာပါတယ်။ အဲဒါရဲ့အစွယ်အပွားက ဒီဘက် အထိရောက်လာတာဖြစ်ပါသတယ်။ အိန္ဒိယတိုက်က စစ်ကိုင်း ပြတ်ရွေ့ကြောင်းကို ဆက်လက်တိုးနေဆဲ ဖြစ်လို့ ငလျင်ဘေးအန္တရာယ်ကို သတိပြုရပါမယ်” ဟု ဘူမိဗေဒပညာရှင်များ၏ သုတေသနပြုလုပ်ချက်များကို ဖတ်ကြားခဲ့ပါသည်။
Read more »
Scridb filter