Sep 13

ဘူမိဗေဒ အခြေခံ

ဒေါက်တာသန်းထွန်း

(ဘူမိဗေဒ အခြေခံအကြောင်းကို သမိုင်းပညာရှင်တစ်ဦးမှ ရေးသားတင်ပြထားပုံကို ဖတ်ရှု၊ တွေးတော၊ ဆွေးနွေးနိုင်ကြစေရန်နှင့် ဘူမိဗေဒကျောင်းဆင်းများမှ ဘူမိဗေဒဆိုင်ရာများကို ပိုမို ပွင့်လင်းစွာ ရေးသား တင်ပြနိုင်ကြစေရန်ရည်ရွယ်ပြီး မုံရွေးစာအုပ်တိုက် စာအုပ်အမှတ်စဉ် (၁၃၄)၊ ၂၀၀၄ ဇူလိုင်လထုတ်၊ ဒေါက်တာသန်းထွန်း၏ မြန်မာ့သမိုင်းပုံ (Myanmar History Told in Picture) စာအုပ်မှ ထုတ်နုတ်ဖေါ်ပြပါသည်။)

ကျောက်ဆရာ (geologists) တွေရဲ့ ပြောပြချက်က ဒီကမ္ဘာမြေကြီးဟာ အသက် သန်း (၆၀၀၀) ရှိပြီ။ အရင် အနှစ် သန်း(၅၀၀) ကမှ သက်နေ (life) ဆိုတာရှိတာပါ။ သက်နေ မပေါ်မီက ဘဲ အခုမြန်မာလို့ ခေါ်တဲ့နေရာမှာ မြစ်ကြီးနားက ကယားနယ် အထိ မြေပြင်ဖြစ်နေပြီလို့ ဆိုပါတယ်။ ဧရာဝတီ မြစ်ဝှမ်းရယ်လို့တော့ ရှိမယ်မထင်ပါ။ မြေကို ရေတိုက်စား (erosion) လို့ မြေပျောက်သွားတာရှိသလို နုန်းမြေ (Deposition) ကျပြီး ကုန်းမာမာ ဖြစ်လာတာလည်း ရှိပါတယ်။ အဲဒါအပြင် အင်မတန် ကြီးကျယ်တဲ့ မြေလှုပ်ရှားမှုတွေကြောင့် မြစ်ဝှမ်းမှာ ချိုင့် (valleys) တွေနဲ့ တောင်ရိုး (range) တွေ ပေါ်လာတယ်။ ဒီလို လှုပ်ရှားမှုမျိုးကို အရင် အနှစ် သန်း (၇၀၀-၈၀၀) အတွင်းက ကြုံခဲ့ရ ပါတယ်။

မြေကြီးတွေ ရေမှာ နစ်ပြန်လို့ အရင် အနှစ် သန်း(၅၀၀) က မြန်မာနယ်မြေဟာ ကျွန်းကလေးတွေ ဖြစ်ကုန်ပြန်တယ်။ အကြီးဆုံး ကျွန်းဟာ ပတ္တမြားမြေ ၀န်းကျင်ဖြစ်တယ်။ နောက် ကျွန်း ခပ်တန်တန်တွေက လားရှိုး၊ လွိုင်လင်နဲ့ လွိုင်ပန် အရပ်တွေဖြစ်ပါတယ်။ နောက်တကျွန်းက အခု လောက်ဆောက် ၀န်းကျင်ဖြစ်တယ်။ အခု မိုးနဲနဲ့မောက်မယ် အရှေ့ဘက် နားမှာလည်း တကျွန်းရှိပြန်တယ်။ ကယားနယ်က ပုံချောင်း ဒေသလည်း ဖြစ်နေတယ် ထင်ပါတယ်။ မြောက်ဘက်မှာတော့ အခု ဧရာဝတီမြစ်ကြီးရဲ့ ဒုတိယမြစ်ကျဉ်းနေရာ လောက်မှာ ကျွန်းကလေးတွေ ရှိတယ်။

Read more »

Share/Save/Bookmark

Scridb filter
Sep 11

ရုရှားကုမ္ပဏီများ မြန်မာ့ကုန်းတွင်းပိုင်းတွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖော်မည်

(The Voice, 4/47)

မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGS) နှင့် ရုရှားဖယ်ဒရေးရှင်းနိုင်ငံတို့ သဘောတူညီမှုအရ ရုရှားကုမ္ပဏီများသည် မြန်မာ့ကုန်းတွင်းဒေသ တချို့တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖော်မည် ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ တရားဝင်ဖေါ်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သဘာဝဓါတ်ငွေ့ရှာဖွေရန် MOGE နှင့် ရုရှားကုမ္ပဏီတစ်ခုဖြစ်သော NOBEL OIL တို့အကြား သဘောတူညီမှု စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ရာ မြန်မာပြည်အထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းနှင့် ဥရုမြစ်ဖျားဒေသတို့တွင် ရေနံနှင့်သဘာဝဓါတ်ငွေ့ ရှာဖွေကြမည် ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ရုရှားကုမ္ပဏီများနှင့် MOGE၊ အိန္ဒိယနိုင်ငံမှ Sun Group of India ကုမ္ပဏီနှင့် ရုရှားနိုင်ငံမှ JSC Zarubezhneft Iteraaws ကုမ္ပဏီတို့ မြန်မာ့ကမ်းလွန် မုတ္တမပင်လယ်ကွေ့အနီးရှိ ကမ်းလွန်လုပ်ကွက် M-8 တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ တူးဖေါ်ရန် ၂၀၀၆ခုနှစ်ကပင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီးဖြစ်သည်။

Read more »

Share/Save/Bookmark

Scridb filter