Aug 21

မြန်မာပြည်အတွင်း တာတမံများနေရာတွင် မြေလွှာအောက်စမ်းသပ်ရာ၌ တွေ့ရှိရသော အခက်အခဲများ (အပိုင်း-၂ )(နိဂုံး)

(ဒုတိယအကြိမ် မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲတွင် ၁၉၇၆ခု မတ်လ (၂၀)ရက်နေ့၌ ဖတ်ကြားခဲ့သော စာတမ်းဖြစ်ပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ သိပ္ပံနှင့် စက်မှုပညာဂျာနယ် (၁၉၆၈) ၁။ ၁၄၃-၁၅၂။ မှ ကူးယူဖေါ်ပြပါသည်။)
ဦးစန်းလွင် (ဓာတ်သတ္တုထုတ်လုပ်ရေး ကော်ပိုရေးရှင်း)

အသွင်ပြောင်းကျောက်များတွင် တွေ့ရသော အခက်အခဲများ

အသွင်ပြောင်းကျောက်ဆိုရာဝယ် အနည်ကျကျောက်နှင့် မီးသင့်ကျောက်များမှ အသွင်ပြောင်းလာသော ကျောက်များ အားလုံးကို ဆိုလိုသည်။ ၄င်းကျောက်များတွင် နိုက်(စ်) (gneiss)၊ သျှစ် (schist)၊ သလင်းကျောက် (quartzite)၊ သင်ပုံးကျောက် (slate)၊ ဖီးလိုက် (phyllite) နှင့် စကျင်ကျောက် (marble) စသည်များ ပါဝင်လေသည်။ အသွင်ပြောင်းကျောက်များသည် တမံကြီးများ ဆောက်လုပ်ရန်အတွက် ယေဘုယျအားဖြင့် သင့်လျော်ပေသည်။ အသွင်ပြောင်းကျောက် အမျိုးအမည်များသည်နှင့် အမျှ တမံ အမျိုးအစားလိုက်၍ ဆောက်လုပ်နိုင်စွမ်း ရှိမရှိ စသည်မှာလည်း ကွဲပြားလေသည်။ ကျောက်တွင် ပါသော ချပ်လျားပြိုင် (foliations) များသည် ကျောက်၏ စွမ်းအင်ကို ပျော့စေ၍ ၄င်းတို့ တလျှောက်လိုက်၍ ကျေမွတတ်စေသည်။ အသွင်ပြောင်းကျောက် အချို့သည် တွန့်ခေါက်ခြင်း ဒဏ်အကြီးအကျယ် ခံရ၍ အက်ကြောင်းပြိုင်များ၊ ပြတ်ရွေ့များ၊ ပေါများလွန်း၍ တမံဆောက်ရန် မသင့်သည်ကို တွေ့ရလေသည်။ သလင်းကျောက်နှင့် နိုက်(စ်)များတွင် အက်ကြောင်းပြိုင်များတလျှောက် ရေ၀င်များတတ်၍ ၄င်းတို့ကို ပိတ်ဆို့နိုင်ပါက အလွန်လေးသော ၀န်ကို ခံနိုင်ရန်ရှိကြောင်း တွေ့ရ၏။ သျှစ်၊ ဖီးလိုက်နှင့် သင်ပုံးကျောက်များမှာ ကျေမွခြင်း နည်းပါက တမံဆောက်ရန် သင့်တော်သော်လည်း မိုးများသော အပူပိုင်း ဒေသဖြင်သော မြန်မာပြည်တွင် အများအားဖြင့် ကျောက်ချေမွခံရမှု နှုန်းများကာ ၄င်းတို့အပေါ်တွင် အများအားဖြင့် အပေါ်ယံ မြေထုကြီးမားကြောင်း တွေ့ရတတ်သည်။ စကျင်ကျောက်သည် အခြား ထုံးကျောက်များကဲ့သို့ တမံဆောက်ရန် ကောင်းသော အချက်နှင့် မကောင်းသော အချက်များ ရှိပါသည်။

Read more »

Share/Save/Bookmark

Scridb filter
Aug 09

မြန်မာပြည်အတွင်း တာတမံများနေရာတွင် မြေလွှာအောက်စမ်းသပ်ရာ၌ တွေ့ရှိရသော အခက်အခဲများ (အပိုင်း-၁)

(ဒုတိယအကြိမ် မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲတွင် ၁၉၇၆ခု မတ်လ (၂၀)ရက်နေ့၌ ဖတ်ကြားခဲ့သော စာတမ်းဖြစ်ပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ သိပ္ပံနှင့် စက်မှုပညာဂျာနယ် (၁၉၆၈) ၁။ ၁၄၃-၁၅၂။ မှ ကူးယူဖေါ်ပြပါသည်။)

ဦးစန်းလွင် (ဓာတ်သတ္တုထုတ်လုပ်ရေး ကော်ပိုရေးရှင်း)

(ဤစာတမ်းတွင် ဘူမိဗေဒအင်ဂျင်နီယာ၏ မြို့ပြအင်ဂျင်နီယာ လုပ်ငန်းများနှင့် ပတ်သက်၍ ယေဘုယျ တာဝန်များနှင့် တမံတည်ရန်နေရာတွင် လေ့လာ စမ်းသပ်ပေးရမည့် တာဝန်များကို အကျဉ်းဖော်ပြထားပါသည်။ ထို့နောက် တမံနေရာတွင် လွန်တူး၍ မြေအောက်အခြေအနေကို လေ့လာရာတွင် တွေ့ရှိရသော လက်တွေ့ အခက်အခဲများ၊ လွန်တွင်းများ အတွင်းစိမ့်တာနှုန်း စမ်းသပ် တိုင်းတာရာတွင် တွေ့ရသော အခက်အခဲများနှင့် ကျောက်နှင့် မြေအမျိုးအစားလိုက်၍ လွန်တူးနည်းနှင့် စိမ့်တာနှုန်း စမ်းသပ်နည်းများကို တင်ပြထားပါသည်။ အသေးစိတ် အနေဖြင့် (က) ဂရက်နစ်၊ (ခ) သွင်ပြောင်း ကျောက်များ၊ (ဂ) အနည်ကျ ကျောက်များနှင့် (ဃ) မြေနုကျောက်နည်များတွင် တွေ့ရသော အခက်အခဲများနှင့် ၄င်းတို့ကို ကျော်လွှားသွားပုံကို ဆွေးနွေးထားပါသည်။)

နိဒါန်း

လွတ်လပ်ရေး ရပြီးသည့်နောက် ပြည်ထောင်စု မြန်မာနိုင်ငံတွင် မြို့ပြ အင်ဂျင်နီယာ လုပ်ငန်းကြီးများ ဖြစ်သော တာ၊ တမံ၊ ရေလှောင်ကန်နှင့် ဟိုက်ဒရောလစ် အဆောက်အဦ hydraulic structures များ တိုးတက်ဆောက်လုပ် လာသည်ကို တွေ့ရလေသည်။ ဆောက်လုပ်သည့် အဆောက်အအုံများသည် ကြီးမားလာသည့် အလျှောက် ၄င်းတို့ ဆောက်လုပ်မည့် နေရာ၏ အင်ဂျင်နီယာဘူမိဗေဒ အခြေအနေကိုလည်း ပို၍ တိကျစွာ သိရှိနားလည်ရန် လိုအပ်လာသည်ကို တွေ့ရပါသည်။ ထို့ကြောင့် စစ်ကြိုခေတ် အခါကကဲ့သို့ ဘူမိဗေဒပညာရှင်များ (geologists) ကို ရံဖန်ရံခါ သက်ဆိုင်ရာ လုပ်ငန်းနှင့် ပတ်သက်၍ အကြံပေးရန် ခေါ်ယူ သုံးစွဲလာရာမှ ပိုမို ကျွမ်းကျင် တတ်မြောက်သော ဘူမိဗေဒအင်ဂျင်နီယာများ (engineering geologists) ကို အချိန်ပြည့် အသုံးပြုလာသည်မှာ မကြာသေးပေ။ ထိုသို့ အသုံးပြုလာကြခြင်းမှာလည်း တနေ့ထက်တနေ့ ဘူမိဗေဒအင်ဂျင်နီယာ ပညာရပ်သည် တိုးတက်လာ၍ သက်ဆိုင်ရာ ပညာရှင်များကလည်း ၄င်းတို့ တွေ့ရှိသော ဘူမိဗေဒ အင်ဂျင်နီယာ အခြေအနေကို မြို့ပြအင်ဂျင်နီယာများ သိရှိနားလည်နိုင်သော နည်းများဖြင့် တင်ပြတတ်ခြင်း၊ အခက်အခဲကို ကူညီဖြေရှင်းနိုင်ခြင်း စသည်တို့ကြောင့် မြို့ပြအင်ဂျင်နီယာများ၏ ယုံကြည်မှု ရယုံမျှမကဘဲ ပူးတွဲ ဆောင်ရွက်ရန် နားလည်မှုများ ရရှိခဲ့လေသည်။ ထို့ကြောင့် ယခုအခါ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ပုံစံထုတ်ရာတွင်၎င်း၊ တည်ဆောက်ရာတွင်၎င်း၊ ထိန်းသိမ်း စောင့်ရှောက်ရာတွင်၎င်း၊ စရိတ်စက ပိုမို သက်သာလာကာ ပို၍ စိတ်ချခိုင်ခန့်သော အဆောက်အဦများ တည်ဆောက်နိုင်သော အကျိုးများ သက်ရောက် လာသည်ကို တွေ့ရလေသည်။
ဤစာတမ်းသည် ထိုသို့ ပူးတွဲဆောင်ရွက်ခဲ့ရာမှ အစ တာတမံများ တည်ဆောက်ရေးနှင့် ပတ်သက်၍ မြန်မာပြည်အတွင်း လက်တွေ့ လေ့လာ စမ်းသပ်ရာတွင် တွေ့ရှိခဲ့သော အတွေ့အကြုံများကို အလေးပေး ဆွေးနွေးထားပါသည်။ ဤစာတမ်းသည် စုံစေ့ပြီဟု မယူဆနိုင်သော်လည်း အလုပ်နယ်ပယ်သို့ အသစ် ၀င်ရောက်လာကြမည် ဖြစ်သော ဘူမိဗေဒအင်ဂျင်နီယာများသည် ကွင်းဆင်းရာတွင် လက်တွေ့ အခက်အခဲများကို ကျော်လွှား သွားနိုင်ရန် အထောက်အကူ ပေးနိုင်မည်မှာ မလွဲပေ။

Read more »

Share/Save/Bookmark

Scridb filter
Apr 06

ပင်လယ်ကမ်းစပ်များ၌ ကုန်းမြေဧရိယာ ပြုပြင်တိုးချဲ့ခြင်းလုပ်ငန်း (Dredging & Reclamation)

(ရွှေမြန်မာမဂ္ဂဇင်း(စင်ကာပူ)၊ No.8၊ 2004 တွင် ဖေါ်ပြပါရှိ ဘူးပါသည်။)

အောင်ခိုင်ဆွေ

စင်ကာပူတွင်နေထိုင်ပြီး ဆောက်လုပ်ရေးအင်ဂျင်နီယာ လောကနှင့် စိမ်းသော စာဖတ်သူများ အထွေထွေ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ဤဆောင်းပါးကို ရေးသားတင်ပြအပ်ပါသည်။
ကုန်းမြေဧရိယာ ကျဉ်းမြောင်းသော ပင်လယ်ကမ်းစပ် နိုင်ငံများတွင် ရေနက်ပင်လယ်ဆိပ်ကမ်းများ တည်ဆောက်ရန်၊ ရှိပြီး ကမ်းစပ်အနေအထားကို ပြုပြင်ရန်နှင့် ကုန်းမြေဧရိယာ ချဲ့ထွင်ရန် တို့အတွက် Reclamation လုပ်ငန်းကို ဆောင်ရွက်လေ့ ရှိကြပါသည်။ ရှေးပဝေသဏီကတည်းက သဘာဝအလျောက် ဖြစ်တည်နေခဲ့သည့် ဘူမိအဏ္ဍ၀ါ ရေမြေအနေအထားကြီး များကို သေးငယ်သည့် လူသားတို့၏ ဦးနှောက်ဥာဏ်ဖြင့်၊ ယာဉ် ယန္တယားကြီးများဖြင့် တီထွင် ကြံဆပြုပြင် ပြောင်းလဲနိုင်ကြသည်မှာ အံ့သြ ချီးကျူးဖွယ် ကောင်းလှပါသည်။

Reclamation

ဤစာလုံး၏ လူသိများသောအဓိပ္ပါယ်မှာ “မူလအတိုင်း ဖြစ်အောင်ပြန်လုပ်ခြင်း” ဖြစ်သည်။ သို့ရာတွင် ပင်လယ်ပြင်ဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းပညာရပ် (Marine/Civil Construction Industry) တွင် ကုန်းမြေပြင် ဧရိယာ တိုးချဲ့ပြုပြင် မွန်းမံခြင်း” ဟု အဓိပ္ပါယ် ရပါသည်။ ဤလုပ်ငန်းနှင့် ဤစာလုံးမှာ ပင်လယ်ပြင်ရော မြစ်ကြောင်းပိုင်းရော အတွက်ပါ အကျူံးဝင်ပါသည်။

Read more »

Share/Save/Bookmark

Scridb filter
Jul 19

Geotechnical ဘာသာရပ်ဖွံ့ဖြိုးရေးကြိုးပန်းနေကြပြီ

မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း တွင် မျက်မှောက်ကာလ၏ လိုအပ်ချက်တစ်ရပ်ဖြစ်သော ဘူမိအင်ဂျင်နီယာ ခေါ် Geotechnical Engineering နှင့် Engineering Geology ဘာသာရပ်များဖွံ့ဖြိုးရေးအတွက် ကြိုးပန်း ဆောင်ရွက်နေကြပြီဖြစ်သည်။
ယခုနှစ် မေလကုန်ပိုင်းတွင် စင်္ကာပူမှ ဆရာကြီး ဒေါက်တာဝင်းနိုင် လာရောက်၍ Rock Mass Quality “numbers” in Geological Engineering and Applications ခေါင်းစဉ်ဖြင့် လာရောက်ဟောပြော ပို့ချခဲ့သည်။ ဘူမိဗေဒပညာရှင်များအပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ခေါင်းဆောင်များပါ လာရောက် နားထောင်မှတ်သားခဲ့ကြသည်။
ဇွန်လ တတိယပတ်တွင် ကိုဇော်စိုးဦး (GZ Consultant, Singapore) ကလည်း Tunneling ဆိုင်ရာ အတွေ့အကြုံများကို လာရောက်ဟောပြောခဲ့သည်။ ပြည်တွင်းရှိ Geotechnical ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ စိတ်ဝင်စားသူများဖြင့် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းကြီး၏ Geotechnical Committee တစ်ရပ်ဖွဲ့စည်း၍ စတင်လှုပ်ရှားဆောင်ရွက်နေကြပြီဖြစ်သည်။ ယင်းကော်မတီသည် Southeast Asian Geotechnical Society (SEAGS) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Geologists များနှင့် လူငယ် အင်ဂျင်နီယာများအား geotechnical course များ ပို့ချရန် စီစဉ်လျက်ရှိကြောင်းသိရပေသည်။

ဘူမိအင်ဂျင်နီယာ တို့အတွက် အထူးစိတ်ဝင်စားဖွယ်ဖြစ်သော ဆရာ ဒေါက်တာဝင်းနိုင်၏ ပို့ချချက်များ ကို Geolfriends မှ ဂုဏ်ယူဖြန့်ဝေအပ်ပါသည်။

1. Rock mass quality numbers MGS 30.05.2009

2. Rock Mass Quality explanation

Share/Save/Bookmark

Scridb filter