Sep 29

သတိပြုဖွယ် အာဆန်းနစ်အန္တရာယ်

(Source: PopularMyanmar.com)

စက်ရုံအလုပ်ရုံများမှ စွန့်ပစ် သည့် ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတုဗေဒပစ္စည်းများကြောင့် အာဆန်းနစ်ဓာတ်များ ရေတွင် ပျော်ဝင်ပြီး မြေအောက်ရေအဖြစ် အ၀ီစိ စက်ရေတွင်းများအတွင်း ရောက်ရှိကာ လူအများကို အသက်ဆုံးရှုံး သည်အထိ အန္တရာယ်ဖြစ်စေနိုင်သည်။ WHO မှ အ၀ီစိတွင်းရေတွင် ပါဝင်သည့်ဓာတ်များကို သောက်သုံး ရန် သင့်/အသင့် ကိန်းဂဏန်းများ သတ်မှတ်ထားရှိပြီး အာဆန်းနစ် ပါဝင်မှုကိုလည်း ၀.၀၁ မီလီဂရမ် ထက်ကျော်ပါက သောက်သုံးရန် မသင့်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် စက်ရေတွင်းတူးပါက နား လည်တတ်ကျွမ်းသည့် ပညာရှင်များ မှတစ်ဆင့် ဓာတ်ခွဲခန်းများတွင် စနစ်တကျစိစစ်မှသာ ကျန်းမာရေး အတွက် စိတ်ချရနိုင်သည်ဟု သိရှိရသည်။ မြရာပင် အင်ဂျင်နီယာရင်း နှင့် ထရိတ်ဒင်းကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာဦးသောင်းစိန်က-
”စက်ရေတွင်းတူးဖော်ရာမှာ တူးသင့်တဲ့ဧရိယာရှိသလို မတူးသင့် တဲ့ဧရိယာတွေလည်းရှိတယ်။ မြန်မာပြည်မှာ ဧရာဝတီတိုင်းက အာဆန်းနစ်ပါဝင်မှု အများဆုံးလို့ဆိုနိုင်တယ်။ အဲဒီမှာက နုန်းမြေတင်မြေနုဆိုတော့ မြေသားတွေ တစ်ထပ်ပြီးတစ်ထပ် ပို့ချပြီး ကုန်းမြေဖြစ်လာတယ်။ အဲဒီ မြေကို ရေက တိုက်စားပြီး တခြား နေရာကို ပို့တယ်။ အဲဒီမြေတွေက တစ်ဆင့် လူတွေရဲ့သုံးစွဲမှုက မြစ်ကြောင်းနဲ့အတူ ပါလာတယ်။ မြေနဲ့ အတူ ရေတွေအနည်ထိုင်ပြီး အာဆန်းနစ်တွေ ပါဝင်လာတယ်။ ဒီ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ် မတိုင်မီကတည်းက ယူနီဆက်နဲ့ ရေ အရင်းအမြစ် အသုံးချရေး ဦးစီးဌာနနဲ့တွဲပြီး အာဆန်းနစ်ပါဝင်မှုကို အစမ်းတွင်းတွေနဲ့ စုံစမ်းနေတဲ့ စီမံ ကိန်းရှိတယ်။ အာဆန်းနစ်ပါဝင်မှုဟာ တွင်းအတိမ်၊ အနက်နဲ့မဆိုင်ဘူး။ ပေ ၁၀၀/၂၀၀ နဲ့လည်းပါနိုင်သလို အရမ်းအနက်တွေ တူးပြီးတော့ လည်း ပါနိုင်တယ်။ အဲဒီတူးတဲ့ချိန် က ပို့ချတဲ့ သဲထဲမှာ အာဆန်းနစ်ပါ ရင် အဲဒီကရတဲ့ ရေမှာလည်း ပါမှာပဲ” ဟု ပြောပြခဲ့သည်။ Read more »

Share/Save/Bookmark

Scridb filter
Sep 25

လူငယ်လူရွယ်နှင့်ကျန်းမာရေး ငှက်ဖျားနှင့် ဆိုးကျိုးအန္တရာယ်များ

ဒေါက်တာအေးကျော်(ဇီဝကမ္မဗေဒ)

M.B.,B.S, D.A Psychology, Dip.Med.Sc.Gp (Family Medicine), MPA: DAE.,

ဒီနေ့ ကမ္ဘာမှာ တီဘီရယ်၊ ငှက်ဖျား ရယ်၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ရယ် အဲဒီရောဂါသုံးမျိုးဟာ လူတွေကို ဒုက္ခအများဆုံးပေးနေတဲ့ ရောဂါတွေလို့ သိထားရပါတယ်။ အဲဒီအထဲက ငှက်ဖျား ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုး အန္တရာယ်များကို သိချင်လို့ပါဆရာ။

အေးဗျာ၊ ငှက်ဖျားရောဂါဟာ အမည်နဲ့ လိုက်အောင်ပဲ အသံကြားရုံနဲ့ ဖျားချင်လောက် အောင် ကြောက်စရာကောင်းပါတယ်။ ဆိုးကျိုးတွေမပြောခင် ငှက်ဖျားရောဂါပိုး အကြောင်းနဲ့ကူးစက်ပုံလေးတွေ ပြောချင်ပါ သေးတယ်။

ငှက်ဖျားပိုးက ပရိုတိုဇွာ(Protozoa) အနွယ်ဝင် ပိုးတစ်မျိုးလေ။ ပလပ်စ်မိုဒီယမ် (Plasmodium)လို့လည်း ခေါ်ပါတယ်။ ပိုးမှာ မျိုးခွဲလေးမျိုးရှိတယ်။ Plasmodium falciparum, Plasmodium Vivax, Plasmodium Ovale နဲ့ Plasmodium malariae တို့ဖြစ်တယ်။

ငှက်ဖျားရောဂါကူးစက်ဖို့ အဓိက အနေနဲ့က ငှက်ဖျားရောဂါပိုးသယ်ဆောင် ထားတဲ့ခြင်ကိုက်လို့ပါ။ တချို့က စိမ့်စမ်း ရေသောက်လို့၊ ချိုးလို့ ငှက်ဖျားဖြစ်တာလို့ ထင်မှတ်နေကြတယ်။ တချို့ဆိုရင် အစား အစာတချို့ စားသောက်လို့ ငှက်ဖျားဖြစ်တာ လို့ ထင်မြင်တာမျိုးရှိပါတယ်။ ငှက်ဖျား ရောဂါပိုးရှိနေတဲ့သွေး သွင်းမိရင်လည်း ငှက် ဖျားဖြစ်နိုင်ပါတယ်။

Read more »

Share/Save/Bookmark

Scridb filter