Aug 21

မြန်မာပြည်အတွင်း တာတမံများနေရာတွင် မြေလွှာအောက်စမ်းသပ်ရာ၌ တွေ့ရှိရသော အခက်အခဲများ (အပိုင်း-၂ )(နိဂုံး)

(ဒုတိယအကြိမ် မြန်မာနိုင်ငံ သုတေသနဆွေးနွေးပွဲတွင် ၁၉၇၆ခု မတ်လ (၂၀)ရက်နေ့၌ ဖတ်ကြားခဲ့သော စာတမ်းဖြစ်ပြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ သိပ္ပံနှင့် စက်မှုပညာဂျာနယ် (၁၉၆၈) ၁။ ၁၄၃-၁၅၂။ မှ ကူးယူဖေါ်ပြပါသည်။)
ဦးစန်းလွင် (ဓာတ်သတ္တုထုတ်လုပ်ရေး ကော်ပိုရေးရှင်း)

အသွင်ပြောင်းကျောက်များတွင် တွေ့ရသော အခက်အခဲများ

အသွင်ပြောင်းကျောက်ဆိုရာဝယ် အနည်ကျကျောက်နှင့် မီးသင့်ကျောက်များမှ အသွင်ပြောင်းလာသော ကျောက်များ အားလုံးကို ဆိုလိုသည်။ ၄င်းကျောက်များတွင် နိုက်(စ်) (gneiss)၊ သျှစ် (schist)၊ သလင်းကျောက် (quartzite)၊ သင်ပုံးကျောက် (slate)၊ ဖီးလိုက် (phyllite) နှင့် စကျင်ကျောက် (marble) စသည်များ ပါဝင်လေသည်။ အသွင်ပြောင်းကျောက်များသည် တမံကြီးများ ဆောက်လုပ်ရန်အတွက် ယေဘုယျအားဖြင့် သင့်လျော်ပေသည်။ အသွင်ပြောင်းကျောက် အမျိုးအမည်များသည်နှင့် အမျှ တမံ အမျိုးအစားလိုက်၍ ဆောက်လုပ်နိုင်စွမ်း ရှိမရှိ စသည်မှာလည်း ကွဲပြားလေသည်။ ကျောက်တွင် ပါသော ချပ်လျားပြိုင် (foliations) များသည် ကျောက်၏ စွမ်းအင်ကို ပျော့စေ၍ ၄င်းတို့ တလျှောက်လိုက်၍ ကျေမွတတ်စေသည်။ အသွင်ပြောင်းကျောက် အချို့သည် တွန့်ခေါက်ခြင်း ဒဏ်အကြီးအကျယ် ခံရ၍ အက်ကြောင်းပြိုင်များ၊ ပြတ်ရွေ့များ၊ ပေါများလွန်း၍ တမံဆောက်ရန် မသင့်သည်ကို တွေ့ရလေသည်။ သလင်းကျောက်နှင့် နိုက်(စ်)များတွင် အက်ကြောင်းပြိုင်များတလျှောက် ရေ၀င်များတတ်၍ ၄င်းတို့ကို ပိတ်ဆို့နိုင်ပါက အလွန်လေးသော ၀န်ကို ခံနိုင်ရန်ရှိကြောင်း တွေ့ရ၏။ သျှစ်၊ ဖီးလိုက်နှင့် သင်ပုံးကျောက်များမှာ ကျေမွခြင်း နည်းပါက တမံဆောက်ရန် သင့်တော်သော်လည်း မိုးများသော အပူပိုင်း ဒေသဖြင်သော မြန်မာပြည်တွင် အများအားဖြင့် ကျောက်ချေမွခံရမှု နှုန်းများကာ ၄င်းတို့အပေါ်တွင် အများအားဖြင့် အပေါ်ယံ မြေထုကြီးမားကြောင်း တွေ့ရတတ်သည်။ စကျင်ကျောက်သည် အခြား ထုံးကျောက်များကဲ့သို့ တမံဆောက်ရန် ကောင်းသော အချက်နှင့် မကောင်းသော အချက်များ ရှိပါသည်။

Read more »

Share/Save/Bookmark

Scridb filter
Dec 09

GPS Concept and it’s Application in Geoscience (အပိုင်း-၂)

ဦးအောင်ကြင် (Geological Consultant) (AK Associates)

(GPS များ၏ တိုင်းတာမှုစနစ်ပုံစံကို ပိုမို သဘောပေါက်နိုင်အောင် ဤနေရာတွင်ကလစ်လုပ်၍ ဖြည့်စွက် ကြည့်ရှုနိုင်ရန် ဖေါ်ပြလိုက်ရပါသည်။ geolfriends.com)

DGPS (ဒီဂျီပီအက်စ်)

သာမာန်ကိစ္စများအတွက်တော့ လက်ကိုင်ဂျီပီအက်(စ်)တစ်လုံးနဲ့တင် တိုင်းတာမှုဟာလုံလောက် နေပါပြီ။ သို့သော်လည်း တိကျစွာ တိုင်းတာလိုတဲ့ ကိစ္စရပ်များမှာတော့ ပိုမိုကောင်းမွန်တဲ့ ဂျီပီအက်(စ်) စနစ်ကို လိုအပ်ပါတယ်။ Differential GPS လို့ခေါ်တဲ့ တိုင်းတာနေတဲ့ ဂျီပီအက်(စ်)ရဲ့အမှားများကို အခြား known point မှာ ရှိတဲ့ ဂျီပီအက်(စ်)တစ်လုံးကနေ ပြင်ဆင်ချက် correction များစဉ်ဆက်မပြတ် ထုတ်ပေးနေပြီး ပြင်ဆင်တွက်ချက်ပေးနိုင်မဲ့ ဂျီပီအက်(စ်)စနစ် တစ်ခု လိုအပ်ပါတယ်။ ဒါကို ဒီဂျီပီအက်(စ်) DGPS စနစ်လို့ခေါ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ကျွန်တော်တို့ရဲ့ တည်မှတ် (position) ကိုဂျီပီအက်စ်စနစ်သုံးပြီး ရှာတဲ့အခါ အမေရိကန် ကာကွယ်ရေးဌာနက လွတ်တင်ထားတဲ့ ဂြိုဟ်တု ၂၄ လုံးကို အသုံးပြုရှာဖွေကြောင်း ပြောခဲ့ပြီးပါပြီ။ အဲဒီဂြိုဟ်တု ၂၄လုံးဟာ မြေပြင်ကနေ တိကျတဲ့အကွာအဝေးမှာရှိတဲ့ (circular orbit) ကမ္ဘာပတ်လမ်း ကြောင်းထဲမှာ လှည့်လည်နေကြပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့ ဂျီပီအက်စ်ရီဆီဗာဟာ အဲဒီဂြိုဟ်တုများက စဉ်ဆက်မပြတ်လွှင့် ထုတ်နေတဲ့ ရေဒီယိုအချက်ပြလှိုင်း (electronic signals) များကို ဖမ်းယူအသုံးချပြီး ကျွန်တော်တို့နှင့် ဂြိုဟ်တုအကွာအဝေး (distance) ဘယ်လောက်ရှိတယ် ဆိုတာကို တွက်ချက်ရယူ ပါတယ်။

Read more »

Share/Save/Bookmark

Scridb filter
Dec 04

GPS Concept and it’s Application in Geoscience (အပိုင်း-၁)

GPS(ဂျီပီအက်စ်)

ဦးအောင်ကြင် (Geological Consultant) (AK Associates)

ဂျီပီအက်စ်နဲ့ပါတ်သက်ပြီး၊ ကျွန်တော်အပိုင်းသုံးပိုင်းခွဲပြီးတင်ပြသွားပါမယ်။ ပထမအပိုင်းက GPS concept ဖြစ်ပြီး၊ ဒုတိယအပိုင်းက GPS ကိုအသုံးပြုနည်းနဲ့၊ အသုံးပြုရာမှာတွေ့ကြူံရတဲ့ အခက်အခဲနဲ့ ဖြေရှင်းရမဲ့နည်းလမ်များ၊ တတိယအပိုင်းက GPS ကို ဘူမိသိပ္ပံပညာရပ် (Geoscience) နဲ့ သတ္တုကဏ္ဍ (Mining Industry) မှာထိရောက်စွာ အသုံးပြု နေကြပုံများအကြောင်းဘဲ ဖြစ်ပါတယ်။
ဂျီပီအက်စ်နဲ့ပါတ်သက်ပြီး၊ တင်ပြချက်များဟာ ကျွန်တော်လေ့လာထားတဲ့ စာအုပ်စာတမ်းများ downloaded Internet Survey File များ Instrument Brochure များက ထုတ်နှုတ်တင်ပြတာဖြစ်ကြောင်း ရှေးဦးစွာ ၀န်ခံပြောကြားလိုပါတယ်။ အဓိကကြောရိုးအဖြစ်နဲ့ လွန်ခဲ့တဲ့ ၈နှစ်လောက်က ၂၀၀၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလထုတ် ရတီမဂ္ဂဇင်းများမှာ ကျွန်တော်ရေးခဲ့ဘူးတဲ့ ဆောင်းပါး (၃) ပုဒ်ပါ အချက်အလက်များကို အခြေခံထားပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ ဘူမိသိပ္ပံပညာရှင်များ ဂျီပီအက်စ်ကို အသုံးပြုတဲ့အခါမှာ ပိုမိုထိရောက် စွာအသုံးပြုနိုင်စေရန် ကျွန်တော် တွေ့ကြုံခဲ့ရဘူးတဲ့ အခက်အခဲနဲ့ အတွေ့အကြုံများကို အခြေခံပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။
ဂျီပီအက်စ်နဲ့ပါတ်သက်ပြီး ကျွန်တော်သိရှိသမျှဟာ အနည်းငယ်မျှဘဲ ရှိပါတယ်။ ဂျီပီအက်စ်ကို အမြဲ ထိတွေ့နေရတဲ့၊ surveyor များက ကျွန်တော့်ထက်ပိုမိုပြီး၊ တတ်သိကျွမ်းကျင် ကြပါတယ်။ ကျွန်တော့် ထက်ပိုမိုသိရှိ တတ်ကျွမ်းသူ ပညာရှင်များကလည်း၊ ပါဝင်ဖြည့်စွက်အကြံ ပြု ဆွေးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။

Read more »

Share/Save/Bookmark

Scridb filter
Feb 12

Structural Geology for Engineering Geologists (2)

အင်ဂျင်နီယာဘူမိပညာရှင်များအတွက် Structure Geology ဆိုင်ရာကောက်နှုတ်ချက်များ (၂)

ဦးစိုးသူရထွန်း (ရန်ကုန်တက္ကသိုလ်၊ ဘူမိဗေဒ လက်ထောက်ကထိကဟောင်း)

STRESS AND STRAIN

“Anarchy is the Law of Nature. Order is the Dream of Man.”

Stress သည် တစ်ယူနစ်ဧရိယာတွင်သက်ရောက်သည့် အားပမာဏဖြစ်ပြီး ဒဏ်အား ဟု ခေါ်ဝေါ်ကြသည်။ တစ်နည်းအားဖြင့် ရူပဗေဒသဘောအရ သိပြီးဖြစ်သည့် အား (Force; F=Ma) ကို ယူနစ်ဧရိယာသက်ရောက်မှုဖြင့် ပိုင်းယူလိုက်ခြင်းဖြစ်သည်။ ယင်း stress ကြောင့်ဖြစ်လာသော ထိခိုက်မှု (သို့မဟုတ်) ဒဏ် ကို Strain ဟုခေါ်ဝေါ်ခြင်းဖြစ်သည်။ Strain သည် တစ်နည်းအားဖြင့် deformation ၏ technical name ဖြစ်ပြီး အဓိပ္ပာယ် တူသဖြင့် သင့်တော်သလို စကားလုံးပြောင်းသုံးနိုင်ကြသည်။ Deformation ကို ကျောက်ပုံပျက်ခြင်း ဟု မြန်မာပြန် ကြသော်လည်း ကျောက်ကြေမွခြင်း (weathering) နှင့် ဆင်တူယိုးမှား ဖြစ်နေသောကြောင့် မူလအင်္ဂလိပ်စာလုံးအတိုင်း နားလည်ခြင်းသည်သာ ပိုမိုသင့်တော်ပါသည်။ Geologist တစ်ဦးက (ပုံပျက်နေသော) ကျောက်တစ်ခုကို တွေ့သောအခါ strain ကို မြင်ရသည်ဟု သဘောထားသည်။ ယင်း strain ကိုကြည့်ကာ ယင်းအားဖြစ်စေခဲ့သော stress ကို တွက်ချက်ထုတ်ယူနိုင်ပါသည်။
ကျောက်အပေါ်သက်ရောက်ခဲ့သော total stress တွင် အပိုင်း (၃) ပိုင်းရှိသည်ဟု ပြောနိုင်ပါသည်။

1. Lithostatic stress: ယင်းကျောက်အထက်ရှိကျောက်များ၏အလေးချိန်ဖြစ်သည်။ ယင်းသည် direction အားလုံးတွင် တူညီသော သက်ရောက်မှုရှိသဖြင့် static ဟုခေါ်ပါသည်။ အဆိုပါ ကျောက်ထုဒဏ်အားသည် အနက်အပေါ်မှီတည် ပြောင်းလဲသဖြင့် linear ပြောင်းလဲမှုဖြစ်ပါသည်။
2. Hydrostatic stress: ကျောက်၏ pore spaces များတွင်ပြန့်နှံ့နေသောရေတို့၏ အလေးချိန်ဖြစ်သည်။ (ဤနေရာတွင် အလေးချိန်ဟူသောစကားလုံးကို ဆက်သုံးထား သဖြင့် Gravity သည် အဓိကအခန်းမှ ပါဝင်နေသည်ကို သတိပြုပါ။) ယင်းရေတို့သည် မြေမျက်နှာပြင်ပေါ်ရှိရေတို့နှင့် တစ်ဆက် တစပ်တည်းဖြစ်လျင် ပတ်ဝန်းကျင် ရေထု တစ်ရပ်လုံး၏ ဖိအားနှင့် တူညီသွားသည်။ အဆက်အစပ်မရှိလျင်၊ တနည်းအားဖြင့် ရေမစိမ့်နိုင်သောအလွှာတစ်ခုဖြင့် ပိုင်းခြားထားလျင် တက်တိုးနစ်ဒဏ်ခံရသည့်အခါ ပတ်ဝန်းကျင်ရေထုထက် ပိုများ/နည်း သော ဒဏ်အားကိုခံရစေသည်။ ယင်းကို tectonic (over/under) pressuring ဟု ခေါ်ကြသည်။
3. Tectonic stress: ကမ္ဘာမြေလှုပ်ရှားမှုများကြောင့်ဖြစ်ပေါ်သော ဒဏ်အားဖြစ်သည်။ ယင်းသည် direction အလိုက် သက်ရောက်မှု ကွဲပြားသဖြင့် အပိုင်းလိုက် ဒဏ်အား (deviatoric stress) ဟု ခေါ်နိုင်သည်။

Stress တို့သည် ကျောက်တစ်ခု၏ point တစ်ခု၌ direction အားလုံးမှ သက်ရောက်ကြသည် ဖြစ်သော်လည်း သချာင်္နည်းအရ ယင်း ဒဏ်အားများကို တစ်ခုနှင့်တစ်ခု ထောင့်မှန် ကျနေသော direction ၃ ခုအဖြစ် ပေါင်းစဉ်းစားနိုင်သည်။ ယင်း stress axis များကို ဂရိ စာလုံး ဆစ်ဂမာ (sigma “σ“) ဖြင့် ကိုယ်စားပြုပြီး အမြင့်ဆုံး ဒဏ်အားကို σ1 ၊ အနိမ့်ဆုံး ဒဏ်အားကို σ3 ၊ အလည်အလတ်ဒဏ်အားကို σ2 ဟု သတ်မှတ်သည်။ တစ်နည်းအားဖြင့် ပရမ်းပတာ တည်ရှိသော သဘာဝတရားကို စည်းစနစ် ဘောင်တစ်ခုဖြင့် စဉ်းစားယူခြင်း ဖြစ်ပေသည်။ ရူပဗေဒ၏ ဗက်တာသဘောဖြင့် ပေါင်းစု စဉ်းစားခြင်းတစ်မျိုးသာဖြစ်သည်။

Read more »

Share/Save/Bookmark

Scridb filter