Oct 12
တိုးဝင်းသိန်း (Terra Myanmar)
မြေပုံအသုံးချသူများ အသုံးပြုခဲ့သည့် One inch map ခေါ် Lambert maps များအစား UTM စနစ်သုံး မြေပုံများကို သက်ဆိုင်ရာ အစိုးရဌာနများက ၂၀၀၀ ပြည့်နှစ်ခန့်မှစတင်၍ ပြောင်းလဲဆွဲသားခဲ့ ပါသည်။ ယခုအခါ အစိုးရဌာန လုပ်ငန်းများတွင် ယင်းမြေပုံများကို အသုံးပြုလျှက် ရှိနေပြီ ဖြစ်သည်။ လုပ်ငန်းများတွင် အသုံးချရန် မြေပုံအညွှန်းနှင့် မြေပုံများအား geo-referencing ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် Index Map အား Google Earth format (kmz) ဖြင့် download ဆွဲချနိုင်ရန် တင်ပေးလိုက်ပါသည်။ Datum ကို WGS84 စနစ်ဖြင့် ပြောင်းလဲကာ တင်ပေးထားသည့် အတွက် Datum Conversion ပြုလုပ်ရန် မလိုအပ်ဘဲ WGS84 Datum စနစ်အဖြင် Geotiff ထုတ်ကာ Google Earth, Hand held GPS နှင့် အခြားစနစ်များတွင် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ ဒီနေရာမှာ ရယူပါ။
Jul 03
၂၀၀၉ ခုနစ် ဧပြီလ ၂၉ ရက်နေ့ မက္ကဆီကို နိုင်ငံတွင် စတင် ဖြစ်ပွားခဲ့သော H1N1 တုပ်ကွေး ကူးစက်ဖြစ်ပွားမှုဟာ ယခုထက်ထိ လျှော့ကျသွားခြင်းမရှိသေးပါဘူး။ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ H1N1 တုပ်ကွေးဖြစ်ပွားမှု အခြေအနေကို ကမ္ဘာ့ကပ်ရောဂါအသွင် ကူးစက်ရောဂါ အဆင့်အမြင့်ဆုံးဖြစ်သည့် အဆင့် (၆) သို့ တိုးမြှင့် သတ်မှတ်လိုက်ပြီး ဖြစ်ပါတယ်။ ယခု ၁၊ ဇူလိုင်၊ ၂၀၀၉ အထိ WHO ၏ ထုတ်ပြန်သော သတင်းအရ နိုင်ငံပေါင်း (၁၁၇)နိုင်ငံတွင် လူပေါင်း (၇)သောင်းကျော် ကူးစက်ခံနေရပြီး၊ သေဆုံးသူပေါင်း (၃၀၀) ကျော်ရှိနေပြီဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်များကို WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံမှာလည်း ဇွန် (၂၆) ရက်နေ့က စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အသက် (၁၃) နှစ်သာရှိသေးသော ကလေးငယ်တစ်ဦးတွင် H1N1 တုပ်ကွေး ကူးစက်ခံထားရကြောင်း တရားဝင်သတင်းများအရ သိရှိရပါသည်။
ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သော H1N1 ၏ ပျံ့နှံ့မှုများကို အများပြည်သူများ ကြည့်ရှုနိုင်ရန် တည်နေရာပြ မြေပုံများဖြင့် လွှင့်တင်ထားသည် အင်တာနက် စာမျက်နှာများကို geolfriends အဖွဲ့သားများ သိရှိနိုင်ရန် ဖေါ်ပြလိုက်ပါသည်။


နောက်ဆက်တွဲ
ယခု ၀မ်းမြောက်ဖွယ်သတင်းတစ်ခုအနေဖြင့် H1N1 ကို ကာကွယ်နိုင်မည့်ဆေးတစ်မျိုးကို အမေရိကန် ဆေးကုမ္ပဏီတစ်ခုက ရှာဖွေတွေ့ရှိပြီလို့ သိရပါတယ်။
Protein Sciences Corporation ကနေ H1N1 ကို ကာကွယ်ပေးနိုင်မယ့် Flublok ကို စမ်းသပ် တွေ့ရှိခဲ့တာပါ။ ဒီဆေးဟာ မျိုးပွားနိုင်တဲ့ ကြက်ဥတွေကို ကုန်ကြမ်းအဖြစ်သုံးပြီး ဖော်ထုတ်ထားတာပါ။ ယခုအချိန်အထိ တိရိစ္ဆာန်များမှာ စမ်းသပ်မှုဟာအောင်မြင်သွားပြီဖြစ်ပြီး လူများကို စတင် စမ်းသပ်နေတယ်လို့ သိရပါတယ်။
မည်သို့ပင်ဖြစ်စေ geolfriends အဖွဲ့သားများအနေဖြင့် ပေါ့ပေါ့ဆဆမနေကြဘဲ ကြိုတင်ကာကွယ်မှုများဖြင့်သတိထားကြရန်နှင့် နှာခေါင်းစည်းများကိုလည်း စနစ်တကျ အသုံးပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
Jul 02
ကျော်နိုင်ဝင်း (GIS Analyst (MIMU))
Source: BBC News
၃၀၊ ဇွန်၊ ၂၀၀၉။
ကမ္ဘာမျက်နှာပြင် အနိမ့်အမြင့် ပြ အပြည့်စုံဆုံး မြေပုံတစ်ခု ပေါ်ထွက်လာခဲ့ပါ ပြီ….

A Nasa/Aster image of Death Valley
အမေရိကန်အာကာသ အေဂျင်စီ နာဆာ နှင့် ဂျပန် ကုန်သွယ်ရေးဝန်ကြီးဌာန တို့၏ ပူးပေါင်းဆောင်ရွက်မှုမှ ပုံရိပ်ပေါင်း ၁.၃သန်းပါဝင်သော ဒေတာ များရရှိခဲ့သည်။
ပုံရိပ်(images) များကို Terra ဂြိုလ်တုပေါ်ရှိ ASTER အရုံခံကရိယာ မှရိုက်ကူးခဲ့ခြင်းဖြစ်သည်။
ရရှိလာသော ဒစ်ဂျစ်တယ်မြေမျက်နှာသွင်ပြင်မြေပုံ (Digital Elevation Map) တွင် ကမ္ဘာ့ မျက်နှာပြင် ၏ 99% ပါဝင်ပြီး အခမဲ့ download လုပ်ခွင့်ပေးမည်ဖြစ်သည်။
ကမ္ဘာ့မြေကိုလေ့လာရန်လွှတ်တင်ထားသော Terra ဂြိုလ်တုသည်အယ်ဂျေးများပေါက်ပွှားခြင်းမှသည် မီးတောင်ပေါက်ကွဲခြင်း အထိ အကြောင်းရာမျိုးစုံကို လေ့လာရာတွင် ပါဝင်လျက် ရှိသည်။
Aster ကရိယာဖြင့် မြေပြင်ပေါ်တွင် ၃၀ မီတာခြား အမှတ်တိုင်းရှိ အမြင့် ကိုတိုင်းတာရေးဆွဲထားခြင်းဖြစ်သည်။
ယခင် က အာကာသလွန်းပျံယာဉ်မှတိုင်းတာ ရေးဆွဲထားသော SRTM မြေပုံသည် လည်း အပြည့်စုံဆုံး မြေပုံတစ်ခု ဖြစ် ကာ ကမ္ဘာ့ မျက်နှာပြင် ၏ ၈၀% ပါဝင်သည်။သို့သော် ၄င်းမြေပုံသည် မတ်စောက်သော တောင်ကုန်းဒေသများနှင့် အချို့သော သဲကန္တာရများတွင် တိကျမှုအားနည်းချက်များရှိသည်။
(ဘာသာပြန်သူမှတ်ချက်။ ။ အခမဲ့ရနိုင်သော SRTM data ၏ resolution မှာ ၉၀ မီတာဖြစ်သည်။)
ယခုအခါ နာဆာ NASA သည် ကမ္ဘာ့ လုံး ဆိုင်ရာ မျက်နှာသွင်ပြင်ပြမြေပုံ ကို ပိုမိုကောင်းမွန်ပြည့်စုံစေရန် ယင်း SRTM မြေပုံနှင့် Aster မြေပုံတို့ကို ပေါင်းစပ် လုပ်ကိုင်လျက် ရှိသည်။
May 21

Address : http://dc-app3-14.gfz-potsdam.de
Helmholtz Centre Potsdam – GFZ German Research Centre for Geosciences ရဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ World Stree Map Project လို့ခေါ်ပါတယ်။ ဒီ ပရောဂျက်ဟာ ကမ္ဘာမြေစနစ် စီမံခန့်ခွဲမှု အတွက် အခြေခံကျတဲ့ database တစ်ခုဖြစ်ပါတယ်။ ယခု ၂၀၀၈ ခုနှစ်အထိ စုစည်းမှုမှာ ကမ္ဘာတလွှားက လတ်တလော tectonic stress အချက်အလက်များနဲ့အတူ သေချာတဲ့ အချက်အလက်ပေါင်း ၂၁၇၅၀ ကို စုစည်းထားပါတယ်။ ဒီပရောဂျက်ဟာ stress ပုံသဏ္ဍာန်နဲ့ အဓိကဖြစ်ပေါ်ရာတွေကို နားလည်နိုင်ဖို့အတွက် ပညာရေး၊ စီးပွားရေးနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီပရောဂျက်ဟာ International Lithosphere Programm (ILP) ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ စတင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၅-၂၀၀၈ မှာတော့ Heidelberg Academy of Science and Humanities ရဲ့ ပရောဂျက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
ယခု ၂၀၀၉ ခုနှစ်မှာတော့ လိုအပ်ချက်များကိုပြင်ဆင်ပြီး ပိုမိုတိုးတက်သော ပရောဂျက်တစ်ခု အဖြစ် Helmholtz Centre Potsdam – GFZ German Research Centre for Geosciences မှာ ရှိနေပါတယ်။ သည့်အပြင် WSM ဟာ International Association of Seismology and Physics of the Earth’s Interior (IASPEI) ရဲ့လုပ်ငန်းဆောင်ရွက်ချက်များမှာ ပါဝင်နေသလို၊ International Council for Science (ICSU) ကနေဖြစ်ပေါ်လာတဲ့ Federation of Astronomical and Geophysical Data Analysis Services (FAGS) ရဲ့ ကူညီပံ့ပိုးမှာ ရှိနေပါတယ်။
ငွေကြေးမျှော်ကိုးမှု မရှိတဲ့ ဒီပရောဂျက်ဟာ ကမ္ဘာတလွှားက လုပ်ငန်းရှင်များနဲ့ သုတေသန ပညာရှင်များရဲ့ အကူအညီကိုလည်း ကြိုဆိုနေပါတယ်။
World Stress Map (WSM) ကို သုတေသန နဲ့ လက်တွေ့လုပ်ငန်း တွေရဲ့ Earth Science နဲ့ သက်ဆိုင်သော geodynamics, hydrocarbon exploitations and engineering ကဲ့သို့သော လုပ်ငန်းများမှာ ကျယ်ပြန်စွာအသုံးပြုနိုင်ပါတယ်။ အဓိက အသုံးပြုနေတဲ့ နယ်ပယ်တွေကတော့
- Basin modeling
- Geomechanical modeling
- Reservoir characterization and management
- Stability of mines, tunnels and boreholes
- Fault-slip tendency
- Seismic hazard assessment တွေပဲဖြစ်ပါတယ်။
ဒီစာမျက်နှာက အချက်အလက်များကို သင့်အနေနဲ့ အခမဲ့ ရယူနိုင်ပါတယ်။
Feb 18

Unearthed Outdoor, LLC ကနေပြီးတော့ True Marble ကမ္ဘာလုံးဆိုင်ရာ GIS အချက်အလက်များကို အခမဲ့ (တချို့သော သတ်မှတ်ချက်များမှလွဲ၍) အသုံးပြုခွင့်ပေး ထားပါတယ်။ သင့်အနေနဲ့ ဖိုင်အမျိုးအစား (၂)ခုနဲ့ download လုပ်နိုင်ပါတယ်။ GIS ပရိုဂရမ်များအတွက် အသုံးပြုဖို့ဆိုရင်တော့ georeferenced GeoTIFF ဖိုင်အမျိုးအစားကို ရယူနိုင်ပြီး၊ ဂရပ်ဖစ် ပရိုဂရမ်များမှာ အသုံးပြုဖို့အတွက်ဆိုရင်တော့ PNG ဖိုင်အမျိုးအစားကို ရယူနိုင်ပါတယ်။ ၃၂ ကီလိုမီတာ ကနေ ၂၅၀ မီတာ resolution ရှိတဲ့ ဖိုင်များဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ အွန်လိုင်းမြေပုံများနဲ့ အလုပ်လုပ်နေခဲ့တယ် ဆိုရင်တော့ True Marble ထုတ်ကုန်များနဲ့ ရင်နှီးကျွမ်းဝင်မှုရှိပြီး ဖြစ်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခမဲ့အသုံးပြုခွင့်ရတဲ့ GIS အချက်အလက်များကတော့ သင့်ရဲ့ လုပ်ငန်းဆောင်တာများ အတွက် အနည်းနဲ့အများ အသုံးဝင်မှာ ဖြစ်ပါတယ်။ http://www.unearthedoutdoors.net မှာ သွားရောက် ရယူနိုင်ပါတယ်။